ဒုတိယအကြိမ် မြန်မာခေတ်ပြိုင် အနုပညာပြပွဲ ဖွင့်လှစ်

Monday, October 11, 2010

အောက်တိုဘာ ၉ ရက်နေ့ညနေ ၆ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် အနုပညာ စင်တာတွင် မြန်မာပန်းချီဆရာ ၂၆ ဦး၏ ဒုတိယအကြိမ်မြောက် “မြန်မာ ခေတ်ပြိုင် အနုပညာပြပွဲ” အမည်ရှိ ပန်းချီပြပွဲ ဖွင့်လှစ်ခဲ့သည်။

အောင်မြင့်၊ ခင်မောင်ရင်၊ ကြီးမြင့်စော၊ လူမင်း၊ မောင်ဒီ၊ မင်းဝေအောင်၊ မင်းဇော်၊ မုတ်သုန်၊ မိုးညို၊ MPP ရဲမြင့်၊ MSO (စန်းဦး)၊ မြတ်ကျော့၊ နေမျိုးဆေး၊ ငြိမ်းချမ်းဆု၊ ပေါ်သိမ်း၊ ဖေညွန့်ဝေ၊ ပိုပို၊ စံမင်း၊ စန္ဒာခိုင်၊ စိန်မျိုးမြင့်၊ ဆန်နီညိမ်း၊ တင်မောင်ဦး၊ ဝင်းဖေ၊ ဝင်းဖေမြင့်နှင့် ဇော်ဝင်းဖေ၊ ဟန်လေး တို့၏ ပန်းချီလက်ရာများကို အောက်တိုဘာ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ကြည့်ရှုနိုင်မည် ဖြစ်သည်။











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved