နိုဝင်ဘာ ၇ ရက်နေ့မှာ ရုံတင်မယ့် ရုပ်ရှင်ကားသစ်ကြီး

Monday, October 11, 2010

အရုဏ်ဦးမှာ မူးသည့်ငါ

မင်းသားကြီး မောင်အေး ခေါင်းဆောင်ရိုက်ကူးထားတဲ့ ဇာတ်ကားသစ်ကြီး ဖြစ်ပါတယ်။ ဘယ်သူတွေ ဘာဖြစ်ဖြစ် ငါကတော့ မူးမှာပဲ ဆိုတဲ့ ရည်ရွယ်ချက်ကို အပီအပြင် ဖော်ဆောင်ထားတာလို့ သိရပါတယ်။ ပြည်ချိုင်ခိုး ပါတီရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကြီးထဲမှာ မင်းသားလွင်မိုးလည်း ဇာတ်ပို့အဖြစ် ပါဝင်ပါတယ်။

ချိုကုပ်ဒူးကြီး အပါအဝင် နအဖ အစိုးရထဲက ရှိရှိသမျှ ချိုကုပ်အားလုံး စုပြုံထိုးသိပ် ပါဝင်မှာဖြစ်တဲ့ ဒီ ဇာတ်ကားကြီးကို မြန်မာ့သမိုင်းကို ဖြစ်နိုင်သမျှ ပြောင်းပြန်လှန် ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ တင်သန်းပြူးကပဲ ရိုက်ကူးပေးမှာဖြစ်ပြီး လာမယ့်နှစ်အတွက် အကယ်ဒမီ ကြိုပေးပြီးသားဖြစ်တယ်လို့လည်း သိရပါတယ်။

ခေါင်းဆောင် ပါဝင်တဲ့ မင်းသားကြီး မောင်အေးအတွက် အကယ်ဒမီဆု အဖြစ် စကော့ဝီစကီ သေတ္တာ ၂ ဒါဇင်ကို ချိုကုပ်ဒူးကြီးကိုယ်တိုင် ချီးမြှင့်ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

1 comments :

  1. Anonymous said... :

    ဂျိုကုတ်ဒူးကြီး မင်းသားလုပ်ပြီး ရိုက်တဲ့ ကားတစ်ကားလောက် လုပ်ပါဦးဗျို့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved