ဒုက္ခသည်စခန်းမှာ စစ်တပ်က ဝင်ဖမ်း

Tuesday, October 19, 2010


ထိုင်း - မြန်မာ နယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည် စခန်းမှာ ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ဒီနေ့ နံနက် သွားရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ ဒုက္ခသည် တချို့လည်း အဖမ်းခံရလို့ ထိုင်းသတင်း တပုဒ်မှာ ဖော် ပြထားပါတယ်။

စစ်တပ်က ဒုက္ခသည်စခန်းမှာ လက်နက်ပစ္စည်တွေ မူးယစ်ဆေးဝါးနဲ့ တချို့တရားမ၀င် ပစ္စည်းတွေ ရှိတဲ့ အကြောင်း သတင်းရထားတဲ့အတွက် စစ်တပ်အင်အား ၁၅၀ လောက်နဲ့ ၀င်ရောက် စစ်ဆေး ဖမ်းဆီးခဲ့တာပါ တဲ့။ ၀င်ရောက် စစ်ဆေးတဲ့ နေရာကတော့ ဇုန်-ဘီ မှာ ဖြစ်ပါတယ်။

အဲဒီတော့ ဆေးခြောက် တကီလို၊ သေနတ် ၃ လက်နဲ့ အတူ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသေးတဲ့ လူတွေလည်း အဖမ်းခံရတယ်လို့ သိရပါတယ်။

သူတို့ကို အခု တရား ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ အတွက် မယ်သဝေါ် (ထဆောင်ရန်း) ရဲစခန်းမှာ ပို့ထားပါတယ်။

သန်းထိုက်ဦး

1 comments :

  1. Anonymous said... :

    သတင်းကတော့ မှန်ပါတယ်။ ဒုက္ခသည်စခန်းထဲကို ဒီပစ္စည်းတွေ မရောက်ခင် ဟန့် တားရမှာ ထိုင်းစစ်တပ်ရဲ့ အားနည်းချက် ချစားမှု့ တွေ ကြောင့်ပါ။ သဘာဝ ကျကျကြည့်မယ်ဆိုရင် ဒုက္ခသည် တွေဘဝကို ထပ်ပြီး ရာဇဝတ်မှု့ မကင်းသူများရယ်လို့ စွပ်စွဲချင် တာဖြစ်ပါ တယ်။ နအဖ နှင့် ထိုင်းစစ်တပ်က ဝါဒဖြန့် ဖို့  ကြိုးစားတဲ့ လုပ်ရပ်လို့ မြင်ပါ တယ်။ အမှန်တကယ်ဒုက္ခသည် တွေဘဝကို အကာအကွယ် ပေးဖို့  ထိုင်းစစ်တပ်နဲ့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved