ခပ်မြူးမြူးလေး စပ်ထားတဲ့ မဲထည့်ရေး စည်းရုံးသီချင်း

Tuesday, October 5, 2010



မဲမထည့်ဖို့ ရေးစပ်သီဆိုထားတဲ့ သီချင်းတွေ ထွက်ပေါ်လာသလို တဖက်မှာလည်း မူကောင်းဖို့ အတွက် လူကောင်းလေး တယောက်တော့ ရွေးပေးပါဆိုပြီး မဲထည့်ဖို့ ရေးစပ်ထားတဲ့ သီချင်းတွေထွက်လာပါတယ်။

ပေါ့ခ် နဲ့ ရော့ခ် ဆန်ဆန်လေး ပေါင်းပြီး သီဆိုထားတဲ့ ဒီသီချင်းလေးက ရွေးကောက်ပွဲအတွက် မဲပေးဖို့ စည်းရုံးထားတဲ့ သီချင်းလို့တောင် မထင်ရပါဖူး။

လူငယ်တွေကြိုက်တဲ့ ဂီတအမျိုးအစားကို ရွေးပြီး စာသားလေးတွေ ထပ်ထည့်ထားတာကလည်း နားထောင်ရတဲ့ ပရိတ်သ တ်ကို ပိုစိတ်ဝင်စားစေမယ်ဆိုတာ ရေးစပ်သူတွေ သိပုံရတယ်။ ခပ်မြူးမြူးနဲ့ ဒီသီချင်းလေးက နားထောင်ရဖန်များလာရင် ပါးစပ်ထဲတောင်စွဲသွားပါလိမ့်မယ်။

ဒီသီချင်းခေါင်းစဉ်လေးကို ရေဆန်ကူးကြစို့ ဆိုပြီး ပေးထားပါတယ်။ သီဆိုတဲ့ သူတွေက အဆိုတော် သစ်တွေဖြစ် တယ် လို့က လွဲရင် ဘယ်သူတွေ ဆိုတာမသိရသေးပါဖူး။

ပြည်ထောင်စုကြီး ကြံ့ခိုင်အောင်ဖွံ့ဖြိုးပြီး တိုးတက်အောင် တကယ်လုပ်မှာလား ခြင်္သေ့မင်းရယ်ဆိုတဲ့ စာသားတွေက ခြင်္သေ့ သင်္ကေတ ယူထားတဲ့ ကြံ့ဖွံ့ကို မဲ ပေးဖို့ ရည်ရွယ်ထားသလို ထင်ရပါတယ်။

ဒီသီချင်းလေးက ကြံ့ဖွံ့လို အင်အားကြီးတဲ့ အနိုင်ရဖို့ သေချာတဲ့ ပါတီ အနေနဲ့ တခြားပါတီတွေကို အားမငယ်ဖို့ နှစ်သိမ့်ထားတဲ့
“ ခမောက်လေးလဲ အားမငယ်နဲ့ ခွပ်ဒေါင်းလေးလည်း စိတ်မပျက်နဲ့ စပါးနှံလေးနဲ့ ကျားဖြူလေးရယ် .......... ”
စာသားတွေနဲ့ မြူးကြွတဲ့ သံစဉ်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရွေးကောက်ပွဲ မဲဆွယ် သီချင်းလေးကို နားထောင်ကြည့် လိုက်ကြအောင်........။

election song (ရေဆန်တက်ကြစို့) by သားကြီး
နရီလင်းလက်

2 comments :

  1. Anonymous said... :

    သံစဉ်ကတော့မဆိုးပါဘူး စာသားတော့မကြိုက်ဘူး

  1. Anonymous said... :

ွGW က ချာတိတ်တွေ ဒီသီချင်းမျိုးအတုယူသင့်တယ်။ DVB ကတေးသီချင်းကအမကြီးလည်းနားထောင်ပြီး လေ့လာသင့်ပါတယ်။ကိုယ့်ဟောင်းမရဲ့ မလှတဲ့ရုပ်ကြီးနဲ့ မကောင်းတဲ့အသံထုတ်လွှင့်ခြင်းကိုရပ်တန့်ပေးပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved