စစ်အစိုးရ သေဆုံးစာရင်း စတင် ထုတ်ပြန်

Monday, October 25, 2010

ယနေ့ ည ၈ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် မြေပုံမြို့နယ်၌ ၂၂ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းနှင့် မင်းပြားမြို့နယ်တွင် ၅ ဦး သေဆုံးသည်ဟု ကြေညာသွားကြောင်း သိရှိရသည်။

၂၀၀၈ ခုနှစ် မေလဆန်းပိုင်းအတွင်း တိုက်သည့်နာဂစ်မုန်တိုင်းကြောင့် လူပေါင်း (၂) သန်း (၄) သိန်းခန့် မုန်တိုင်းဒဏ် ခံခဲ့ကြရပြီး သေဆုံးသူပေါင်း (၁) သိန်း (၄) သောင်းခန့်ရှိကာ စာသင်ကျောင်းပေါင်း (၄) ထောင်ခန့် ဆုံးရှုံးပျက်စီး ခဲ့ကြောင်း၊ လူပေါင်း (၁) သန်းကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံပေးခဲ့ရကြောင်း ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေး ဆောင်ရွက်ပေးခဲ့ကြသော အဖွဲ့အသီးသီး၏ ၀ဘ်ဆိုက် ဖော်ပြချက်များအရ သိရသည်။

ယခု ပဏာမ ဧရာဝတီက ရရှိထားသော သေဆုံး ၊ ပျောက်ဆုံး ၊ ပျက်စီးဆုံးရှုံးစာရင်းများနှင့် နှိုင်းယှဉ်လျှင် စစ်အစိုးရ ထုတ်ပြန်ချက်များသည် လွန်စွာနည်းပါးနေပါသေးသည်။

အနီးစပ်ဆုံးစာရင်းများ ရရှိနိုင်ရန် ဧရာဝတီက အားထုတ်လျက်ရှိပြီး ဆက်လက် တင်ပြပေးသွားပါမည်။

1 comments :

  1. သတိ said... :

    အားလုံးသတိ

    ဆတူနီးပါး ပြင်းထန်ခဲ့ကြတဲ့ မုန်တိုင်းနှစ်ခုမှာ သေကြေပျက်စီးနှုန်းကွာဟမှု အရမ်းကြီးကို ပြတ်ပြတ်သားသား ကွာခြားတာကို မြင်ရလေလေ ခုတစ်ခေါက်လိုသာ နာဂစ်တုန်းက ပြင်ဆင်နိုင် အသိပေးနိုင်ခဲ့ရင်ဆိုတဲ့ ယူကြုံးမရ ၀မ်းနည်းရစိတ်က ပိုလေလေပါပဲဗျာ.. ဂီရိကို ခုလိုအသေအပျောက်နဲနဲ ရင်ဆိုင် နိုင်ဖို့ ရခဲ့တဲ့ နာဂစ်သင်ခန်းစာဟာ မတန်မရာပါပဲလေ.. တာဝန်မဲ့မှု၊ ပေါ့ဆမှု တစ်ခုတစ်လေဟာ မလိုအပ်ပဲ ဘယ်လောက်တောင် ပိုမိုဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်ဆိုတာ ဒီမုန်တိုင်းနှစ်ခုက ယှဉ်ပြနေသလိုပါပဲ..

    အားလုံးသက်သာပါဗျာ
    မောင်သတိ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved