ဗိုလ်ချုပ်ကြီးများရယ် ... ကိုယ်ရေးသမိုင်း ... ဘယ်လိုရေးကြမယ်

Friday, October 15, 2010

ရန်ကုန်မြို့နေ ပရိသတ်တဦးက ဧရာဝတီအတွက်ဆိုပြီး ရေးပို့လာတဲ့ စာညွန့် (သို့) ကဗျာ (သို့) တေး ပါတဲ့။

စာသားတွေကတော့ ထိထိမိမိရေးထားတာပါပဲ။ ဂီတ ဝါသနာပါသူ ပရိသတ်များက သံစဉ်လေး ထည့်ပေးလိုက်ရင် သီချင်းဖြစ်သွားမယ် ထင်ပါရဲ့။

သေချာဖတ်ကြည့်ရင် သူ ရေးဖွဲ့ထားတာက ရော့ခ်ဆိုလည်း ရော့ခ်၊ ရပ်(ပ်) ဆိုလည်း ရပ်(ပ်)၊ ဟစ်ပ်ဟော့ဆိုလည်း ဟစ်ဟော့ ဖြစ်သွားနိုင်ပါတယ်။ ဒါမှ မဟုတ်သေးဘူးဆိုလည်း အောလ်တာနေးတစ် သီချင်းအဖြစ် လုပ်ပြီး ဆိုကြပါကုန်။


စာညွန့် (သို့မဟုတ်) ကဗျာ (သို့မဟုတ်) တေး
ရေးဖွဲ့သူ - ဦးအလံမလှဲ (၁၅-၁၀-၂၀၁၀)

လူတိုင်း၊ လူတိုင်း … ကိုယ်ရေးသမိုင်းရေးကြတယ် (တန်တန်တန်း ဒန်)
ကိုယ်ရေးတဲ့အပေါ် … မူတည်လို့ရယ်၊ ဇမ္ဗူရစ်ရွှေ ပုရပိုက်ပေါ်ကို ရောက်တယ် (တန်တန်တန်း ဒန်)၂
ကိုယ်ရေးတဲ့အပေါ် … မူတည်လို့ရယ်၊ ခွေးသားရေချပ်ပြားပေါ်ကို ရောက်တယ် (တန်တန်တန်း ဒန်)၂
ဟေး (တန်တန်တန်း တန်တန်တန်း တန်တန်တန်း ဒန်)၂

(သိဒ္ဓတ္ထ ကိုယ်ရေးသမိုင်း ရေးခဲ့တာ၊ သတ္တဝါအများ အားထားရာ မြတ်စွာဘုရား ဖြစ်လို့လာ)၂
(ဒေဝဒတ္ထ ကိုယ်ရေးသမိုင်း ရေးခဲ့တာ၊ အဝီစိမှာ ငရဲသားကြီး ဖြစ်လို့လာ)၂
ဟေး (တန်တန်တန်း တန်တန်တန်း တန်တန်တန်း ဒန်)၂

ပုဂံခေတ်မှာ ကိုယ်ရေးသမိုင်း ရေးခဲ့တာ၊ မင်းနော်ရထာ (တန်တန်တန်း ဒန်)
ပထမနိုင်ငံ တည်ထောင်သူရယ်လို့ နာမည်ကောင်းနဲ့ ကမ္ဗည်းတွင်ရစ်တာ (တန်တန်တန်း ဒန်)၂
နရသူကတော့ တမျိုးတဘာသာ၊ ကုလားကျမင်းလို့ … အသည်းနာစရာ … အမည်တွင်တာ (တန်တန်တန်း ဒန်)၂
နရသီဟပတေ့ကလည်း ထို့နည်းတူစွာ၊ ယပလက်နဲ့ ယုတ်တဲ့ တယုတ်ပြေးမင်းလို့ အရိုးနာစရာ … အမည်တွင်တာ (တန်တန်တန်း ဒန်)၂
ဟေး … ကုလားကျမင်း … တရုတ်ပြေးမင်း၊ တရုတ်ပြေးမင်း … ကုလားကျမင်း၊ ကုလားကျမင်း … တယုတ်ပြေးမင်း၊
အသည်းထဲမှာ အရိုးထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားကြရမှာ (တန်တန်တန်း ဒန်)၂
ဟေး (တန်တန်တန်း တန်တန်တန်း တန်တန်တန်း ဒန်)၂

(ဟိတ် … ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်အောင်ဆန်းရယ်)၂ (တန်တန်တန်း-ဒန်)၂
လွတ်လပ်ရေး ဗိသုကာကြီး ဖြစ်ခဲ့တယ် (တန်တန်တန်း ဒန်)၂
ငါတို့ … ငါတို့ … တပြည်လုံးရဲ့ ကျေးဇူးရှင်ကြီးပါကွယ် (တန်တန်တန်း ဒန်)၂
ငါတို့ … ငါတို့ … တိုင်းရင်းသားအားလုံးရဲ့ … ကျေးဇူးရှင်ကြီးပါကွယ် (တန်တန်တန်း ဒန်)၂

(ဟော … ဂဠုန်စောရယ်၊ ဗိုလ်နေဝင်းရယ်၊ အာဏာရူးပြီး … လူတွေ … လူတွေကို သတ်ကြတယ် (တန်တန်တန်း ဒန်)၂
ဟော … အခုတော့ … သားစဉ်မြေးဆက် နာမည်ပျက်လို့ … လူတောကို တိုး … မရတော့ဘူးကွယ် (တန်တန်တန်း ဒန်)၂

(ဟေ … ဟေး ... ဘောင်းဘီ မချွတ်ရဲတဲ့ … ဗိုလ်သန်းရွှေရယ်၊ ဗိုလ်အေးရယ်၊ ကိုယ်ရေးသမိုင်း ဘယ်လိုရေးကြမယ် (တန်တန်တန်း ဒန်)

ဟေ … ဟေး … အကြောင်း မညီညွတ်လို့ ဘောင်းဘီချွတ်ခဲ့ရတဲ့ … ဗိုလ်ပြုတ်ကြီးများရယ်၊
ကိုယ်ရေးသမိုင်း … ဘယ်လိုရေးကြမယ် (တန်တန်တန်း ဒန်)

ဟေ … ဟေး … အသစ်ကျပ်ချွတ် … ဗိုလ်ချုပ်ကြီးများရယ်၊
(ကိုယ်ရေးသမိုင်း … ဘယ်လိုရေးကြမယ်)၃

3 comments :

  1. Anonymous said... :

    Good thought! Just to correct "Nara-Pati-Sithu" to "Nara-Thiha-Patayt", as Tayoke-Pyayy-Minn.

  1. မောင်ရစ် said... :

    တရုတ်ပြေးမင်းက နရပတီစည်သူ မဟုတ်ဘူးဗျ၊ နရသီဟပတေ့ ပါ။ အဲဒါလေး ပြင်လိုက်ရင် ကဗျာလေးက ပိုလှသွားမှာ ...

  1. Khet Htan said... :

    ပြင်လိုက်ပါပြီ ခင်ဗျာ။ အမှန်ကို ထောက်ပြပေးတာ ကျေးဇူးပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved