ပေါ်လစီကားတွေမှာ ပါဝင်ရတာနဲ ပတ်သက်ပြီး အောင်ခိုင်ကတော့ ဒီလိုဆိုတယ်

Tuesday, October 12, 2010


အောင်ခိုင်နဲ့ တခွန်းမေး တခွန်းဖြေ အင်တာဗျူး

မေး။ ။ ပေါ်လစီကားတွေမှာ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဝေဖန်ကြတာတွေကို ဘယ်လို တုံ့ပြန်ချင်လဲ။

ဖြေ။ ။ ပေါ်လစီကားတွေမှာ သရုပ်ဆောင်အနေနဲ့ ရိုက်ရတယ်ဆိုတာက နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းက စေခိုင်းလာပြီဆိုရင် ဒီ အုပ်ချုပ်မှုအောက်မှာနေတဲ့ နိုင်ငံသားတယောက်အနေနဲ့ လုပ်ပေးရမှာပါ။ ဒါက ကျနော့် ခံယူချက်ပါ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် ကျနော်တို့ကတော့ နိုင်ငံတော်နဲ့ လူထုကြားမှာ နေရမှာပါ။ ကျနော်တို့ကို ဝေဖန်တာတွေ ရှိလာရင်လည်း ပြုံးပြုံးကြီးပဲ ခံရမှာပါ။ ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ ပြည်ပကပဲ ဖြစ်ဖြစ် ဘယ်ကပဲ တိုက်ခိုက်လာလာ အမေ့ရင်ခွင်မှာ နေရတဲ့ သားသမီးတွေလို ဆူဆူ ဆဲဆဲ ရိုက်ရိုက် ခံရမှာပဲ။

ရွှေမိုးညို

4 comments :

  1. ဖြူ said... :

    အဲဒါ တက်တဲ့အစိုးရ ဒို့အစိုးရ လုပ်ချင်တဲ့၊ အာဏာလက်ရှိဆို ပြေးလျက်ချင်တဲ့ ဖက်ခွက်စား စိတ်ဓာတ် အစစ်ပဲ။

    အခု မင်းသား မင်းသမီးတွေ အရင်တုန်းကရော အခုရော ရိုက်လိုက်ကြတဲ့ ပေါ်လစီကားတွေ၊ ဆိုလိုက်ကြတဲ့ ပေါ်လစီ သီချင်းတွေကို ပြည်သူတွေက ဘာမှ မပြောဘဲ သည်းခံခဲ့ကြပါတယ်။ တံတားကြီး လှလိုက်တာ၊ ဆည်ကြီး ကောင်းလိုက်တာ ဒါတွေဟာ နအဖ က (တကယ်တော့ ပြည်သူ့ပိုက်ဆံနဲ့) စေတနာကြီးကြီးထား လုပ်ပေးတာတွေကို ချီးမွမ်းခန်းဖွင့်တာတွေကို ပြည်သူတွေက ရင်နာနာနဲ့ နားလည်ပေးခဲ့ပါတယ်။

    အခု အရုဏ်ဦးမှာ ဖူးသည့်ကြာ ကတော့ သမိုင်း အမှန် ကို အမှား ဖြစ်အောင် တက်ညီလက်ညီ ၀ိုင်းပံ့ပိုးတာ။ ဆုလာဒ်တွေ ယူပြီး ပြည်သူ့ မျက်နှာကို ခြေနဲ့ ခတ်တာ။ ဒါကို ပြည်သူက လက်မခံနိုင်ကြတာပါ။ သူတို့ excuse တွေကို ပြည်သူက စိတ်ကုန်ပြီ။ ဒီလိုလူမျိုးတွေ ပြည်သူချစ်သော အနုပညာရှင်တော့ သေတောင် မဖြစ်ဘူး။ ဘာပုဂ္ဂိုလ်ရေး မုန်းတီးမှုမှ မပါ၊ Use our liberty ကို ငြိမ်းချမ်းစွာ လိုက်နာတာပါ။

    ဒါပေမဲ့ ထောင်းတာကတော့ ငရုတ်သီးပဲ။ ကြက်သွန်က ငရုတ်သီးနဲ့ သွားပေါင်းရင်တော့ ရော အထောင်းခံရမှာ အမှန်ပဲ။

  1. မျိုးဆက် said... :

    ဗမာပြည်ဘာ့ကြောင့် မပြောင်းလဲ သလဲဆိုတာ အဖြေပါဘဲ။ စုန်ရေ မှာအသာလေးမျောတော့ မကြမ်းတမ်း၊ မပင်ပမ်းဘူးပေါ့၊ မြန်မာ့အရေး လေ့လာတဲ့ အနောက်တိုင်းသား တယောက်ပြောဖူးတယ်။ မင်းတို့ဗမာပြည်သားတွေဟာ တကိုယ်ကောင်းစိတ် ထားတာများတယ်။ ဒါကြောင့်မင်းတို့ မလွတ်မြောက်တာ တဲ့။

  1. Anonymous said... :

    အားပေးလျှက်ပါ ကိုအောင်ခိုင်...you are absolutely right,,carry on.we are support you

  1. မြတ် said... :

    ပြည်သူသာလျှင် အမိ၊ ပြည်သူသာဟာ အဖ ဖြစ်ရမဲ့ဟာ သူ့လက်ထက်ကျမှပဲ စစ်ခွေးက မိဘဖြစ်တော့တယ်။ ကြား မကြားဖူးပေါင်။
    ဒီပုတ် နဲ့ ဒီပဲ နဲ့ အဟုတ်ကြီးကို လက်ခုတ်တီးတယ်... ;D

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved