ကြံ့ဖွံ့ ဆိုင်းဘုတ်ထောင်ပြီး လမ်းခင်းတာက နိုင်ငံပိုင်ငွေနဲ့  ခင်းသလား၊ ကြံ့ဖွံ့ငွေနဲ့ ခင်းသလား ဆိုတဲ့ မေးခွန်းကို ရန်ကုန် မြို့ဝန် အောင်သိန်းလင်းက "မဖြေနိုင်ဘူး"လို့ ခပ်တင်းတင်း ပြောသွားတယ်လို့ သိရပါတယ်။
အဲဒီတော့ ဧရာဝတီကပဲ အဲဒီမေးခွန်းအဖြေကို ရအောင် စုံစမ်းပြီး ဖော်ပြလိုက်ပါတယ်။
မတရား ချမ်းသာနေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်တဲ့ မက်စ် ဇော်ဇော်တို့၊ ဧဒင် ဦးချစ်ခိုင်တို့က မထည့် မနေရ ကြံ့ဖွံ့ပါတီကို အကူငွေ ထည့်ရပါတယ်တဲ့။
သိပ်တော့ မများပါဘူး၊ အနည်းဆုံး သိန်း ၃ ထောင်ကနေ အများဆုံး သိန်း ၅ သောင်းပါတဲ့။
ဒီအဘိုးကြီးက ဘာဦးနှောက်မှရှိတာမဟုတ်ဘူး ...။ ရုပ်ကဗြောင် လိမ်ဗြောင်စားရုပ်..။ကြံ့ဖွတ် ဆိုတဲ့သူတွေရဲ့ရုပ်ဆင်းအင်္ဂါတွေကို ကြည့်ရင် ဒီလူကြီးရဲ့ရုပ်လိုပဲ ဥာဏ်မမှီတဲ့ရုပ်တွေများတယ်..။ စည်ပင်ကလမ်းမခင်းပဲ ကြံ့ဖွတ်က ခင်းတော့ စည်ပင်ဆိုတာ ထားစရာမလိုတော့ဘူး...။ လမ်းခင်းတယ် တံတားဆောက် တယ် ဆိုတာ အစိုးရတစ်ခုအနေနဲ့လုပ်ကိုလုပ်ရမယ့်ကိစ္စပဲ .... ဂုဏ်ဖော်ပြီးပြောနေစရာမလိုဘူး...။ ဒီလိုမလုပ်နိုင်မှတော့ ဒီလိုအစိုးရကို ဘာလို့တင်ထားမလဲ...။