ဘာသဘောလဲ မျိုးကျော့မြိုင်

Tuesday, October 12, 2010


ထွင်တာလား၊ လူ စိတ်ဝင်စားအောင် လုပ်တာလားတော့ မသိဘူး ... မကြာသေးခင်ကမှ မိန်းမနဲ့ ပူပူနွေးနွေး ကွာရှင်းထားတဲ့ တေးရေး တေးဆို Rapper မျိုးကျော့မြိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့တဲ့ Pop ဂီတ ဖျော်ဖြေပွဲမှာ မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအီးလ်ရဲ့ စစ်ဝတ်စုံကို ဝတ်ဆင်ပြီး သီဆိုခဲ့တယ်လို့ သိရပါတယ်။

ကင်မ်ဂျုံအီးလ်ရဲ့ ဝတ်စုံအပြင် တရုတ် ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းရဲ့ ဝတ်စုံကိုလည်း ဝတ်သေးတယ်တဲ့။

မျိုးကျော့မြိုင်အပြင် ဒီပွဲမှာ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ဟဲလေး၊ ကောင်းမြတ်၊ ခရီးသွား ငါးယောက်၊ ရှင်ဖုန်း၊ ဟေမာနေဝင်း၊ ချမ်းချမ်း၊ ရေဗက္ကာဝင်း တို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒီပွဲရဲ့ ထူးခြားချက်ကတော့ ပါဝင်သီဆိုသူတွေအားလုံး ခေတ်သစ်ဖက်ရှင်တွေအစား ခေတ်ဟောင်းပုံစံ ဝတ်စုံတွေနဲ့ သီဆို ဖျော်ဖြေခဲ့တဲ့အတွက် ပရိသတ် အတော်လေး စိတ်ဝင်စားခဲ့တယ်ဆိုပဲ (လူစိတ်ဝင် စားအောင် လုပ်နည်းတမျိုးထင်ပါ့၊ ဒါမှမဟုတ်လည်း အသစ်တွေ ဘယ်လိုကောင်းပေမယ့် အဟောင်းကိုပဲ တဝဲလည်လည် လို့ ပြောချင်တာလားမသိ)

အဟောင်းတွေ ဝတ်ဆိုကြတာဆိုတော့ မော်စီတုန်းရဲ့ ဝတ်စုံဝတ်တာတော့ ထားပါတော့၊ မဟောင်းသေးတဲ့ စစ်ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးလ်ရဲ့ ဝတ်စုံကို ဝတ်တာတော့ ထူးခြားတယ်ထင်ပါ့။ သူကတော့ ပြောပါတယ် ဒီဝတ်စုံဝတ်ရတာ တက်ကြွမှုရှိပြီး ယောက်ျားဆန်လို့တဲ့ ...။

မျိုးကျော့မြိုင်ကို ဘယ်သူကများ ယောက်ျားမဆန်ဘူးလို့ ပြောလိုက်ပါလိမ့်နော် ... (သူ့မိန်းမတော့ ဟုတ်ဟန်မတူ :P )

ရွှေမိုးညို

10 comments :

  1. Aungsoe said... :

    လူသတ်ဝတ်စုံမှန်းမသိ ယောင်္ကျားဆန်တဲ့ဝတ်စုံမှန်းမသိ ဖြစ်နေပုံထောက်တော့ မိန်းမနဲ့ကွဲပြီ ဒီကောင်ဂေါက်နေတာပဲဖြစ်ရမယ်၊ ကင်ဂျုံအီးက အဲဒီဝတ်စုံကို သူ့သားအငယ်ကောင်ကိုဝတ်ခိုင်းပြီ လူတွေကိုဒုက္ခပေးဘို့ ကြံစည်နေကြတယ်၊ လူသတ်ဝတ်စုံမှန်းမသိ ယောင်္ကျားဆန်တဲ့အင်္ကျီ မှန်းမသိ ကယောင်ကတန်းဖြစ်နေတဲ့ မျိုးကျော့မြိုင်ကို သနားတယ်...ဟေ့၊ သနားတယ်။ ကိုဗလိုင်(ဒိန်းမတ်)

  1. Anonymous said... :

    i appreciate Aungsoe comment

  1. Anonymous said... :

    သူ့အနုဎညာ ကိုတော့လေးစားပါရဲ့ဗျာ။ အဲဒီလို အူကြောင်ကြောင်တွေ ထထလုဎ်တာတော့ စိတ်ပျက်စရာပါ။့

  1. Anonymous said... :

    လူသတ်ဝတ်စုံနဲ့ လူတွေကို ဒုက်ခ ပင်လယ်ဝေ စေတဲ့ဝတ်စုံပေါ့။
    မျိုးကျော့မြိုင်ကိုကြည့်ရတာ သိပ်စိတ်မူမှန်ပုံမရဘူး။

  1. Anonymous said... :

    Myo Kyaut Myine has his own right to wear whatever he wants...we don't have any right to comment or critisized to others...that is Chinese national dress...what will critic if he wears a western suit?..Burmese Dress? Indian bolly wood style??

  1. Anonymous said... :

    မျိုးကျော့မြိုင်ကို ဘယ်သူကများ ယောက်ျားမဆန်ဘူးလို့ ပြောလိုက်ပါလိမ့်နော် ... (သူ့မိန်းမတော့ ဟုတ်ဟန်မတူ :P )
    သူ့မိန်းမရော၊ အပျော်တွဲတွေကရော ပြောတာဖြစ်လောက်တယ်ဗျာ။ တစ်ခါက အင်တာနက်မှာ ထွက်လာပါသေးတယ်……ဟီး။

  1. Anonymous said... :

    အနောက်တိုင်းဝတ်စုံကရော ဘယ်သူဝတ်စုံလဲ ဗမာလူမျိုးတွေရဲ့ဝတ်စုံလား..ဘာလို့ သူများဝတ်စုံကို ၀တ်ကြသလဲ...ဒါလည်း လူ့သားတစ်ယောက်ရဲ့အခွင့်ရေးလေ..သူဝတ်ချင်တာ ၀တ်မှာပေါ့ ဘာမှပြောစရာမလိုပါဘူး...လူတိုင်းကို လိုက်ဝေဖန်နေမယ့်အစား မိမိကိုယ်ကိုပဲ ပြန်ဝေဖန်ကြည့်ပါအုံး..ခင်ဗျားတို့ကို ချစ်မယ့်သူ အားပေးမယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်တော့ဘူး...၀က်ဆိုက်ကိုလာတာ ချစ်လို့ ကြိုက်လို့ နှစ်သက်လွန်းလို့ လာကြတာမဟုတ်ဘူး...သတင်းတစ်ခု ဗဟုသုတအနေနဲ့လာဖတ်ကြတာ...

  1. Anonymous said... :

    I agree with Aung Soe, This guy is really crazy, I don't like him and dress as well. i think he follow his papa (than shwe) wish cos myanmar and north korea are currently close friends.

  1. Anonymous said... :

    လူပေါတွေဟာ သူတို့ကို လူတွေဝိုင်းကြည့်အောင် ပုံစံအမျိုးမျိုးနဲ့လုပ်တက်ကြပါတယ်
    ဒါပေမယ့် ဘာအဓိပါယ်နဲ့ကြည့်တယ်ဆိုတာ သူတို့မသိပါ ( လူပေါ ၊ လူဗလာ၊ လူအကာ များအားရှောင်ရှားလေကြ )

  1. Unknown said... :

    သူ့ကို ယောက်ျားမဆန်ဘူးဆိုတာ က သြလေးနဲ့ ဒေါက်တာ သွင်ပပအောင်

    ကပြောတာဖြစ်မယ်လေ အခွေမှာပါကတည်းက သူက size မှ မမှီဘဲ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved