နိုဘယ်-မြန်မာ စာပေပွဲတော် ကျင်းပမည်

Friday, January 16, 2015





နိုဘယ်-မြန်မာ စာပေပွဲတော် (Nobel-Myanmar Literary Festival) ကို ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၁၇ မှ ၁၉ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

အဲ့ဒီစာပေပွဲတော်မှာ  ရသ၀တ္ထုရေးဆရာတွေ ကိုယ်တိုင်ဖတ်ကြားမယ့် ၀တ္ထုတိုဖတ်ပွဲ အစီအစဉ်၊  ကဗျာဆရာတွေရဲ့ကဗျာရွတ်ပွဲတွေလည်းပါဝင်မှာဖြစ်ကာ ပြဇာတ်၊ အငြိမ့်တွေလည်း ပါဝင်ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။

ရသ၀တ္ထု စာရေးဆရာတွေကိုယ်တိုင် ဖတ်ကြားမယ့် အစီအစဉ်မှာ ဇန်န၀ါရီ ၁၇ ရက်နေ့ နေ့ခင်း ၂ နာရီမှ ၃ နာရီ အထိ စာရေးဆရာမ သင်းသင်းသာ၊ စာရေးဆရာမ ယုဒါ၊ စာရေးဆရာ မာန် (တောင်လုံးပြန်)၊ စာရေးဆရာမ လဲ့ဝင်းကြည်ချို၊ ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီကနေ ၁၁ နာရီ အထိကို စာရေးဆရာ မောင်လှမျိုး (ချင်းချောင်းခြံ)၊ စာရေးဆရာ မင်းဝေဟင်၊ စာရေးဆရာမ ခင်သန္တာ၊ စာရေးဆရာမ ကြည်စင်နှင်း၊ ဇန်န၀ါရီ ၁၉ ရက်နေ့မှာတော့ စာရေးဆရာမ နှင်းဝေငြိမ်း၊ စာရေးဆရာမ ကြည်မွေ့အိမ်၊ စာရေးဆရာမ သွေး (စစ်ကိုင်း) တို့က ဖတ်ကြား တင်ဆက်သွားမှာပါ။

စာရေးဆရာမ နှင်းဝေငြိမ်း ဦးဆောင်ပြီး စာရေးဆရာမ ရာသက်ပန် (တောင်ငူဆောင်)၊ စာရေးဆရာမ ကြည်မွေ့အိမ်၊ စာရေးဆရာမ မြသန္တာနှင့် စာရေးဆရာ စည်သူငြိမ်းတို့ ပါဝင်ဆွေးနွေးမယ့် ပြောက်ကျားစာရေးဆရာများနဲ့ စာပေ ဆွေးနွေးဝိုင်းကိုလည်း ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲ အထိ ကျင်းပမှာဖြစ်ပြီး စာရေးဆရာ မာန် (တောင်လုံးပြန်) ဦးဆောင်တဲ့ စာရေးဆရာမ သင်းသင်းသာ၊ စာရေးဆရာမ ယုဒါ၊ စာရေးဆရာမ လဲ့ဝင်းကြည်ချို၊ စာရေးဆရာမ မီမိုးတို့ ပါဝင်ဆွေးနွေးမယ့် စာဖတ်ဝိုင်းများ ဖွံ့ဖြိုးရေးဆွေးနွေးဝိုင်းကိုတော့ ဇန်န၀ါရီ ၁၈ ရက်နေ့ နေ့လည် ၂ နာရီခွဲမှ ၃ နာရီခွဲအထိ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။


နိုင်စွမ်း

1 comments :

  1. Anonymous said... :

    မင်းကိုနိင်တို. ကိုကိုကြီးတို.တွေ ကိုယ်တိုင်ပညာမတတ် ၊ နားမလည် လို.နေရာမရ လမ်းဘေးနိင်ငံရေးသမာဖြစ်နေရတာ ။ သူတို.ပညာမတတ်ခဲ.လို. မိဘညီအကိုမောင်နှမစကားကိုနားမထောင်ဘဲ အရိပ်သုံးပါးမသိဘဲ နိင်ငံရေးသမားတွေရဲ.အသုံးချခံခဲ.ရတာကိုနမူနာပေးပြီး လမ်းညွန်ရမှာ၊အခုတော.ပညာသင်နေတဲ.အညွန်..တလူလူတက်နေတဲ.ကလေးတွေကိုပညာတတ်တွေဖြစ်အောင်မဆုံးမပဲ နောက်ကနေလမ်းပေါ်ထွက် အောင်မြောက်ပင်.သွေးထိုးပေးနေတယ် ၊ ခင်ဗျားတို.သား သမီး ညီ ညီမ တွေ ကို လုပ်ခိုင်းပါလား ၊ ပညာမတတ် ရင်လူရာဘယ်လိုဝင်မလဲ ၊ လူရာမ၀င်ရင် ထောက်ခံမှုဘယ်က၇မလဲ ၊ထောက်ခံမှုမရရင် ဘာမှလုပ်လိုမရဘူးအခုခင်ဗျားတို. နိင်ငံရေးအရာမ၀င်ဘူးဆိုတာပွင်.ပွင်.လင်းလင်းဝန်ခံလိုက်ပါ ပြီးတော.ကလေးတွေကို စိတ်ဂရောက်ဂရက်ဖြစ်အောင်သွေးတထိုးနေတာမကောင်းပါဘူး ကျွန်တော်တို.မျိုးဆက်သစ်တွေကိုမဖျက်ဆီးပါနဲ. ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved