KIA

Friday, October 15, 2010

ဒီနေ့ သတင်းစာမှာ KIA လို့ ခေါ်တဲ့ ကချင် လွတ်လပ်ရေး တပ်မတော် အကြောင်း ပါလာတယ်။

အပစ်ရပ်သဘောတူထားတဲ့ ကချင် လက်နက်ကိုင်အဖွဲ့ကို "သောင်းကျန်းသူ" လို့ သုံးထားတယ်။

KIA ကို အ၀ါကတ် တင် မကဘဲ အနီကတ်ပါ ပြတဲ့ သဘော ထင်ပါရဲ့။

တင်းမာနေတဲ့ စစ်ရိပ်စစ်ငွေ့တွေ မြင်နေရတဲ့ နယ်စပ်ဒေသမှာ ချကြ နှက်ကြတော့မှာလား မသိပါဘူး။

ချကြရင်တော့ အရပ်သားတွေက ဒုက္ခရောက်မှာပဲ။ စစ်သားတွေ သေကြ ဒဏ်ရာ ရကြတာကတော့ သိပ် အရေးမကြီးပါဘူး။

(ဖြတ်ပြောရရင် သတင်းမှာ ရေးထားသေးတယ်၊ အဲဒီ မိုင်းက KIA ထောင်တဲ့ မိုင်း လို့ ဆိုတယ်။
မိုင်းမှာ KIA တံဆိပ် တပ်ထား မထား သတင်းမှာ မရေးထားပါဘူး။ သေချာတာက မိုင်းထောင်တယ် ဗုံးကွဲတယ် ဆိုတာ လက်နက် ရှိသူတွေရဲ့ လက်ချက်ပေါ့။)

သိပ်မကြာတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲလုပ်မယ် ဒါပေမယ့် ကချင်ပြည်နယ် ၉ မြို့နယ် (ပြီးတော့ ကရင် ၇ မြို့၊ ကယား ၂ မြို့၊ မွန် ၂ မြို့) ထဲက ကျေးရွာအုပ်စု စုစုပေါင်း ၃၀၀ မှာတော့ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ ရွေး/ကော်မရှင်က ကြိုပြောထားပြီးပြီ။ ကချင်ပြည်နယ်ထဲက လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ် ရပ်ထားတာ မဟုတ်လား။ ဒါပေမယ့် အေးချမ်းသာယာရေး ရှိမှာ မဟုတ်ဘူး လို့ ကြိုတွက်ထားတယ် ထင်ပါရဲ့။




5 comments :

  1. Anonymous said... :

    မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ပြည်သူ့ရဲတပ်ဖွဲ့ လက်နက်ကိုင်အဖွဲ့မှလွဲရင် ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးဟာ သောင်းကျန်းသူတွေပါပဲ...တရားမ၀င်အဖွဲ့စည်းတွေဖြစ်လို့ သောင်းကျန်းသူလို့ခေါ်တာပါ


    မောင်ပေါက်

  1. Anonymous said... :

    တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ က ပို၍ ပို၍ သောင်းကျန်းသည့် တရားဝင်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါကြောင်း

  1. စစ်အစိုးရ ဆိုတဲ့အစိုးရကကော တရားဝင်အစိုးရဟုတ်လို့လားခင်ဗျာ.လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ သောင်းကျန်းသူအကြီးကြီး ပဲ မဟုတ်လား ပြည်သူတရပ်လုံးက စစ်မှန်စွာ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကို အကြောင်းအမျိုးမျိုးပြပြီး အာဏာထပ်သိမ်းထားတဲ့ သောင်းကျန်းသူကြီးတွေ အစစ်ပါပဲ.

  1. Anonymous said... :

    မင်းအဖေတွေကတော့ လူတွေမဟုတ်လို့ လား ဖတ်လို့ကောင်းအောင်တော့ရေးပေးကျပေါ့။။။
    တော်တော် စာနာတတ်တဲ့ကောင်တွေဘဲ..
    မင်းအမျိုးပါရင် အရေးမုကီးဘူးပြောမှာလား...

  1. Anonymous said... :

    These shameless guys do not even deserve the name - "Government"; just a group of hell hounds.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved