Ko Mya Aye's daughter talks about SPDC's elections

Tuesday, October 26, 2010

ဝေနှင်းပွင့်သုန် ပြောတဲ့ ရွေးကောက်ပွဲအကြောင်း


ကိုမြအေး (ထောင် ၆၅ နှစ်ကျနေသူ) ရဲ့ သမီး ဝေနှင်းပွင့်သုန်က ရွေးကောက်ပွဲအကြောင်းကို ဗြိတိန်မှာ ထုတ်တဲ့ The Guardian သတင်းစာမှာ မနေ့က ရက်စွဲနဲ့ ရေးထားတယ်။

http://www.guardian.co.uk/commentisfree/2010/oct/25/burma-elections-sham-dictatorship-international မှာ ဖတ်နိုင်ပါတယ်။

အချိန်မရဘူး နည်းနည်းတော့ ဖတ်ကြည့်ချင်တယ် ဆိုသူများ ဖတ်သင့်တဲ့ အပိုဒ် ၃ ပိုဒ်ကို ကော်ပီ ကူးပေး၊ ဘာသာပြန်ပေးလိုက်ပါတယ်။ ဖတ်ပါအုံး။

The world has forgotten that these elections were announced back in 2003 as part of a so-called seven-stage road map to democracy. They were announced then because the world was outraged after the regime-sponsored attempt to assassinate Suu Kyi. At last it seemed like the international community would introduce tough, targeted sanctions.

(ဆီလျော်အောင် ဘာသာပြန်ရရင် - ) ဒီရွေးကောက်ပွဲ လုပ်မယ် ဆိုတာ ၂၀၀၃ ကတည်းက ကြေညာထားမှန်း ကမ္ဘာက သတိမထားမိကြဘူး။ ဒီရွေးကောက်ပွဲက ဒီမိုကရေစီ လမ်းပြမြေပုံ အဆင့် ၇ ဆင့် ဆိုတာထဲက အဆင့် ၁ ဆင့်ပေါ့။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်တဲ့ အစီအစဉ်ကြောင့် နိုင်ငံတကာက ဒေါသထွက်ကြလို့ သူတို့က အဲဒီလို ကြေညာလိုက်ရတာပဲ။ ဒါနဲ့ပဲ နိုင်ငံတကာက ပိုပြီး ပြင်းထန်တဲ့၊ ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ တုံ့ပြန်ခဲ့တာပါ။

Burma's generals hoped the promise of elections would avoid strong pressure. It worked. For seven years the international community has told us to wait and see what happens. Our suffering has continued.
ရွေးကောက်ပွဲ ကျင်းပ ပါ့မယ်လို့ ကတိပေးလိုက်ရင် ဖိအား အပြင်းအထန် ပေးခံနေရတာတွေကနေ သက်သာရာရမယ်လို့ မြန်မာဗိုလ်ချုပ်ကြီးတွေက ထင်ထားပုံ ရပါတယ်။ သူတို့ ထင်တာ မှန်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀န်းကတော့ ကျမတို့ကို စောင့်ကြည့်ပါလို့ ပြီးခဲ့တဲ့ ၇ နှစ်လုံး ပြောခဲ့တယ်။ ကျမတို့ (ပြည်သူတွေ) က ဆက်ပြီး ဒုက္ခရောက်ရတာပေါ့။

Once these elections are over there must be no more excuses, no more calls for us to "wait and see". We cannot allow these elections to masquerade as part of a progress towards democracy that legitimises the junta's ongoing persecution of the people. The idea that we might, scares me.
ရွေးကောက်ပွဲ ပြီးရင်တော့ ဆင်ခြေပေးတာတွေ အကြောင်းပြတာတွေ မလုပ်ပါနဲ့တော့။ "စောင့်ကြည့်ပါဦး" လို့လည်း ထပ် မတိုက်တွန်းပါနဲ့တော့။ ဒီရွေးကောက်ပွဲ ဆိုတာဟာ ပြည်သူတွေကို အဆက်မပြတ် ဖိနှိပ်နေတဲ့ စစ်အုပ်စု တရားဝင် ဖြစ်သွားအောင် လုပ်ပေးမယ့်ဟာပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်မယ့် ရွေးကောက်ပွဲမှ မဟုတ်ဘဲ။ ဒီရွေးကောက်ပွဲကို သဘောတူ လက်ခံလို့ မဖြစ်ဘူး။ ဒီလို ရွေးကောက်ပွဲမျိုးကို လက်ခံလိုက်ဖို့ တိုက်တွန်းနေတာတွေဟာ တကယ့်ကို ကြောက်စရာ ပါပဲ။

10 comments :

  1. timothy said... :

    ဗမာလူမျိုးတွေဒါမျိုးကိုအတုခိုးသင့်တယ်။ ငါ့အဖေထောင်ကျနေလို့ငါတော့စစ်အစိုးရမကောင်းကြောင်းဘာမှမပြောရဲဘူး ဆိုတဲ့လူကအပြည့်။ တချို့များကိုယ့်လုပ်စာကိုယ်လုပ်စားပြီးကိုယ့်သိက္ခါမှအားမနာ အရှက်မရှိ သံအမတ်သွားဖါးနေတဲ့လူလဲရှိတယ်။ ဘယ်လောက်ရှက်ဘို့ကောင်းလဲ။
    ထောင်တန်းကျနေတဲ့နိုင်ငံခေါင်းဆောင်များ ဆန္ဒပြပွဲတွေမှာကျဆုံးသွားတဲ့မျိုးချစ်ပုဂ်ဂိုလ်များ အင်န်အယ်လ်ဒီနဲ့ ဒေါာအောင်ဆန်းစုကြည်တို့ရဲ့မျက်နှာကိုထောက်သောအားဖြင့် ပြည်လုံးကျွတ် ရွေးကောက်ပွဲကို တညီတညွတ် သပိတ်မှောက်ကြပါစို့။

  1. Anonymous said... :

    Once, I think it was last year,in a confenrece she said that she came to the UK because Burmese government did not allow her to study international Relation subject in the university because of being a daughter of a political prisoner.
    Not true, just a lie.

  1. အရူးတွေ said... :

    ဂေါက်သီး

  1. Anonymous said... :

    thank a lot, waihnin pwint thon.

  1. Anonymous said... :

    ဘယ်လို ပဲဖြစ်ဖြစ် ဝေနှင်းပွင့် သုန် ကို လေးစားပါတယ်။ကလေး တစ်ယောက်အနေနဲ့  အခုလောက်ထိ လုပ်နိုင်တာ ကို ချီးကျူးပါတယ်။ ပြည်ပမှာနေပြီး အခွင့်အရေးနဲ့  အောင်မြင်မှု ကြားမှာ လွင့်မျောမနေပဲ မြန်မာ့အရေးအတွက် မနားမနေ လုပ်နိုင်ပါစေ။

  1. Anonymous said... :

    လေးစားလောက်တဲ့သတ္တိပါ။

  1. Anonymous said... :

    စံပြုလောက်သောမြန်မာနိုင်ငံကြီးသားတစ်ယောက်ပါ။

  1. Anonymous said... :

    ဝေနှင်းပွင့် သုန်လို..ရဲရင့် တဲ့ မြန်မာအမျိုးသမီးများ....များများပေါ်ထွန်းလာနိုင်ပါစေ.

  1. Anonymous said... :

    I totally agree with you, you are amazing.

  1. Anonymous said... :

    Brovo!!!
    Keep it on .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved