Mandalay Flood Urgent

Saturday, October 9, 2010

တောင်တရုတ်ပင်လယ်မှာ ဆင်ခဲ့တဲ့ မုန်တိုင်း မိုးတိမ်တွေက ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်နဲ့ မြန်မာနိုင်ငံတွေပေါ် အုံ့ဆိုင်း ခဲ့ရုံမက ဘင်္ဂလား ပင်လယ်မှာလည်း မုန်တိုင်းဖွဲ့ခဲ့တယ်။ မိုးကြီးရေလျှံပြီး လူအသေအပျောက် သတင်းတွေ ကြားနေရတယ်။ မန္တလေး ပတ်ဝန်းကျင်တဝိုက် ရေကြီးတဲ့ သတင်းတွေကလည်း သိပ်မကောင်း။ နောက်ဆုံးရတဲ့ သတင်းတွေက လူအသေအပျောက်ရှိကြောင်း ပြောပေမယ့် ဘယ်လိုမှ အတည်ပြုလို့ မရဘူးဖြစ်နေတယ်။

မီးတွေပြတ်လို့လည်း အင်တာနက်ကပျက်၊ ဖုန်းကပျက် ရတဲ့အပြင် မန္တလေးကဂျာနယ်လစ်တွေ သိပ်မပြောရဲကြတာကြောင့် အပျက်အဆီး အသေအပျောက် ဘယ်လောက်ဆိုတာ ပြောမရဘူးဖြစ်နေတယ်။ ကျနော်တို့ Update လုပ်ဦးမယ်။

1 comments :

  1. Anonymous said... :

    I really want to know about Mandalay Flood. I am now in oversea. My family is in Mandalay and I cannot contact them. Thanks for the any update. Wish all the best for my ppl in Mandalay!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved