R U kidding me?

Saturday, October 9, 2010

ပြည်ခိုင်ဖြိုးပါတီရဲ့ မနေ့ညက ရုပ်သံမဲဆွယ်ချက်ကို ဒီနေ့ သတင်းစာမှာ ထည့်ထားတယ်။
မဲဆွယ်သူက ဦးဌေးဦး။ ပါတီ အထွေထွေ အတွင်းရေးမှူး။ ပုံမှာ မြင်ရတဲ့အတိုင်း ခန့်ချောကြီး။ ရိုးသား နူးညံ့ ကြင်နာသနားတတ်မယ့်ပုံ။

သူ့ မဲဆွယ်ချက် မိန့်ခွန်းထဲမှာ ပြည်ခိုင်ဖြိုးလူစွမ်းကောင်းတို့က ဘယ်နိုင်ငံရေးသမားတွေကို ဘယ်တုန်းက ဘယ်လို ရိုက်နှက်ခဲ့၊ နှိပ်ကွပ်ခဲ့၊ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်းကို ဘယ်လို လက်စွမ်းပြခဲ့ စသဖြင့် စသဖြင့်တွေ မပါပါဘူး)

မဲဆွယ်ချက်ကို ခုန်ပျံကျော်လွှား ဖတ်ကြည့်တော့
ယနေ့ကြေးမုံမြန်မာ့အလင်း ခေါင်းကြီးပိုင်းမှာ ရေးတတ်တာတွေ နဲ့
ဗိုလ်ချုပ်ကြီးများရဲ့ ဓာတ်ပြားဟောင်းမိန့်ခွန်းတွေ
ဒီ ၂ မျိုးကို ရောသမမွှေထားတယ် ဆိုတာ တွေ့ရပါတယ်။ ပျင်းစရာပေါ့ဗျာ။

ထူးခြားတာ တခုကတော့

"---နိုင်ငံတော်အကျိုးနှင့် ယှဉ်လာပါက ပါတီရဲ့ အကျိုးကို စွန့်လွှတ်မှာဖြစ်ပြီး
နိုင်ငံတော်နဲ့ နိုင်ငံသားတို့ အတွက် အသက်ကိုပင် စွန့်လွှတ်သွားမည်လို့ ခံယူထားပါတယ်---" တဲ့။

နောက်နေတာလားဟင် လို့ မေးရမလိုပါပဲး)

ဦးဌေးဦးရဲ့ အီးမေးလ် လိပ်စာ ရှိရင် ပေးကြပါအုံး။
မြန်မြန် စွန့်လွှတ်လိုက်ပါတော့ ဆိုပြီး အီးမေးလ် ပို့လိုက်ချင်လို့ပါး)

4 comments :

  1. Cinderella said... :

    လူတိုင်းသိတဲ့လိပ်စာကို‌တောင်မသိဘူးတဲ့လား...လွယ်လွယ်‌လေး..။
    အဝီစိကိုသာပို့လိုက်၊မ‌ရောက်မရှိ‌စေရဘူး...။

  1. Anonymous said... :

    သဘူတော ပါသည်
    (သဘောတူပါသည်)
    ဟိဟိ

  1. Unknown said... :

    ဦးဌေးဦး၏ ဟောပြောချက် ရုပ်သံဖိုင် http://www.youtube.com/watch?v=du79cPTBIEA

  1. Anonymous said... :

    ကြံ့ခိုင်ရေးကို အမြဲအားပေးနေသည်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved