သန်လျင်မှာ NDF မဲဆွယ်စည်းရုံးရေးဆင်း

Tuesday, October 26, 2010



အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ သန်လျင်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို မဲဆွယ် စည်းရုံးရေး ထွက်စဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

သန်လျင်ဘက်က ကျေးရွာတွေကတော့ NDF ပါတီကို အားပေးကြတယ်၊ NDF ရဲ့ စည်းရုံးရေး သီချင်း စီဒီ တွေကို ဖြန့်ဝေရာမှာ လက်ဘက်ရည် ဆိုင်တွေ ကလည်း အဲဒီသီချင်းစီဒီကို ဖွင့်ပေးတယ်လို့ သိရပါတယ်။ သန်လျင်ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းအနေနဲ့ ယှဉ်ပြိုင်မှာက ဦးခင်မောင်လွင်ဦးဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့ ဦးအောင်နိုင်ထွန်းက ယှဉ်ပြိုင်မှာပါ။

သန်လျင်မြို့နယ်အတွင်းမှာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အနေနဲ့ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်သန်းဦးက ယှဉ်ပြိုင်မှာ ဖြစ်ပြီး အဲဒီ ဒေသမှာ ကြံ့ဖွံ့ရဲ့ အဓိက ပြိုင်ဘက်က NDF လို့ ဒေသခံတွေက ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved