တိုက်ပွဲဖြစ်လျှင် SSA မြောက်ပိုင်းကို “ဝ” ကူမည်

Wednesday, October 13, 2010

နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်ထားဆဲဖြစ်တဲ့ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA- N) ရဲ့ တပ်မဟာ (၁) နဲ့ စစ်အစိုးရ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားလာရင် SSA ဘက်ကို ကူမယ်လို့ “ဝ” တပ်မှူးတဦးက ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့နဲ့ ရှမ်းတပ်တွေအကြား ညီအစ်ကို ဆက်ဆံရေး သဘောမျိုးကို အရင်တည်းက တည်ဆောက်ထားတယ်။ ဖယ်ဒရယ် ပြည်ထောင်စုဆီကို သွားနေတဲ့နေရာမှာ အစိုးရအနေနဲ့ တိုင်းရင်းသားတွေအပေါ်ကို ဒီလိုမျိုး လုပ်လို့မရဘူး။ အဲဒါကြောင့် ကျနော်တို့ကလည်း တိုင်းရင်းသားဘက်က ရပ်တည်သွားဖို့ အစီအစဉ်ရှိပါတယ်” လို့ အဆိုပါ “ဝ” တပ်မှူးက ဧရာဝတီကို ပြောပါတယ်။

ပြီးခဲ့တဲ့ လအတွင်းက နအဖ တပ်တွေနဲ့ SSA- N အကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် SSA ရဲ့လှုပ်ရှား နယ်မြေတွေ ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်၊ သီပေါမြို့နယ်အတွင်းက စိန်ကျော့ဒေသ၊ ဝမ်ဟိုင်းဒေသတွေကို နအဖဘက်က စစ်တပ်အင်အား ထပ်မံတိုးချဲ့ထားခဲ့ပါတယ်။

ဒီ ဗီဒီယိုဖိုင်ကတော့ “ဝ” အနှစ် ၂၀ ပြည့် စစ်ရေးပြ အခမ်းအနားပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved