ဂီရိဒဏ်ခံ ပေါက်တောမြို့နယ် မြင်ကွင်း

Wednesday, November 3, 2010








ဧရာဝတီသတင်းထောက် ကိုခိုင်စိုး ရိုက်ကူးပေးပို့သည်။

လေဘေးသင့် ဒေသတွင် ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းရေး ကော်မရှင် အကြောင်းမပြ
န်

ခင်ဦးသာ


ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများတွင် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းရေးအတွက် တောင်းဆိုထား သော်လည်း ကျင်းပရန် ရက်ပိုင်းအလိုအထိ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းမပြန်သေးကြောင်း သတင်း ရရှိသည်။

လေဘေးဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရသော မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားတို့တွင် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းပေးရန် ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ တောင်းဆိုခဲ့သော်လည်း အကြောင်း တစုံတရာ ပြန်လည်ပြောဆိုခြင်း မရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး
ပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဧရာဝတီကို ပြောသည်။

“မုန်တိုင်းဝင်ပြီး နောက်တနေ့မှာပဲ ပြည်နယ်ကော်မရှင်ကို စာတင် တောင်းဆိုပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တစုံတရာ အကြောင်းပြန်တာ မရှိသေးပါဘူး။ ရွှေ့ပေးမယ့် အနေအထားမရှိတော့ဘူးလို့ပဲ ထင်ပါတယ်” ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ၏ ဥက္ကဋ္ဌ ဦးအေးကြိုင်ကလည်း မုန်တိုင်းဒဏ်သင့် ဒေသများမှ ပြည်သူများ၏ အခြေအနေမှာ ပုံမှန်အနေအထား ရောက်ရှိရန် ခက်ခဲဦးမည်ဖြစ်၍ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းသင့်သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီမိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် ရခိုင် ပြည်နယ်အတွင်းမှ မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့် ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ မြို့နယ်များကို တိုက်ခတ်ခဲ့ပြီး ထိုမြို့နယ်များအနက် ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှာ ၉၀ ရာခိုင်နှုန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း NGO အဖွဲ့များ ထံမှသိရသည်။

သေဆုံးခဲ့ရသူ ဦးရေမှာ ယနေ့အထိ မြေပုံတမြို့နယ်တည်းတွင် ၁၄၀ ၀န်းကျင်နှင့် ပေါက်တောမြို့နယ် တွင် ၁၁ ဦးဟု သိရပြီး တခြားသောမြို့နယ်များ၏ သေဆုံးသူ စာရင်းများပါဝင်လျှင် စုစုပေါင်း ၁၇၀ နီးပါးအထိ ရှိနေပြီဟု ဒေသခံ အဖွဲ့အစည်းများ၏ စာရင်းများတွင် ဖော်ပြထားသည်။

လူဦးရေ တသိန်း ၇ သောင်းကျော်မှာလည်း အိုးအိမ်မဲ့ ဒုက္ခသည်များ ဖြစ်ခဲ့ရပြီး နေထိုင်စရာအပြင် စားသောက်ရေးပါ အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း NGO တချို့က ပြောသည်။

မြန်မာ စစ်အစိုးရသည် ပြည်သူများ ထိုသို့ပျက်စီးဆုံးရှုံးခြင်း၊ သေဆုံးခြင်းများ ရှိနေသည့်အရေးကိစ္စအား တစုံတရာ စိတ်ဝင်စားမှု မရှိဘဲ ၎င်းတို့အာဏာ တည်မြဲရေးအတွက်သာ ရွေးကောက်ပွဲကို ကျင်းပရန် လေဘေးဒဏ်သင့် ပြည်သူများအား ဖိအား ပေးလျှက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved