မြန်မာစစ်အစိုးရ အာဏာပိုင်များဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ကိုအေးသွင်ကို ၂၀၁၀ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖမ်းဆီးသွားပါတယ်။ ထိုသို့ ဖမ်းဆီးသွားရာမှာ ဆွေးနွေးစရာရှိလို့ဆိုပြီး ပြောဆိုသွားကာ ဒစ်ဂျစ်တယ် ကင်မရာနဲ့ မဲ မပေးရေး လက်ကမ်းစာရွက်များကိုပါ သိမ်းဆည်းသွားပါတယ်။
ဒါနဲ့ မသိလို့မေးဦးမယ် ... သူတို့လဲ ၅ဦးထက်ကျော်ပြီး စုထားတာကျတော့ရော .... ဘယ်သူက အရေးယူနေလဲမသိဘူးနော် .... ။
ဘာတုံးဟ။ငါးယောက်ထပ်ပိုမစုရဆိုလို့ဘာများလဲလို့။ငါးယောက်ထက်ပိုရင်သုံး ယောက်တစ်တွဲသွားလို့ရသတဲ့။ပေါတောတော၊တောင်မရောက်မြောက်မရောက် ဥပဒေကြီး။ (No offense to မဲမပေးရေး လှုပ်ရှားသူများ)
ပြည်သူ့ အကျိုးအတွက် ရှေးရှု့ တဲ့သူတွေကို အရမ်းလေးစားပါတယ်။ ပြည်သူ့ အောင်ပွဲ မုချ အောင်ရမည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ ပါတီဝင်များ ကျန်းမာကြပါစေ။ အောင်မြင်ပါစေ။
ဒါနဲ့ မသိလို့မေးဦးမယ် ... သူတို့လဲ ၅ဦးထက်ကျော်ပြီး စုထားတာကျတော့ရော .... ဘယ်သူက အရေးယူနေလဲမသိဘူးနော် .... ။