ကြိုတင်မဲ ဘယ်ကလာ?

Sunday, November 21, 2010


မနေ့က ဗိုလ်ချုပ်ကြီးတို့ သတင်းစာ ဆောင်းပါးတပုဒ်မှာ ရွေးကောက်ပွဲ အရမ်း အရမ်း တရားမျှတကြောင်း ဖွဲ့နွဲ့သွားတယ်။
အဆုံးသတ်ကို ဖတ်ရင် လုံလောက်ပြီ ထင်ပါတယ်။
နာမည်ကျော် ကြိုတင်မဲ တွေဟာ ဦးနှောက်နဲ့  နှလုံးသားက လာတယ် လို့  ဆိုသွားတယ်း)
အတည်ပေါက် ရေးပေမယ့် ဟဒယရွှင်ဆေး ကျွေးသလို ဖြစ်နေတယ်။

8 comments :

  1. Anonymous said... :

    ဗြောင်လိမ်တဲ့ ဗိုလ်သန်းရွှေ။
    သေရင်တောင် ဖြောင့်ဖြောင့် သေမှာ မဟုတ်ဖူး။
    တွန့် လိမ်ပြီး သေမှာ။

    မိုးစက်၊ နယူးယောက်

  1. Anonymous said... :

    မဟုတ်ဘူးဆိုတာ သိသိချည်းနဲ့ ဟုတ်ပါတယ်လို့ ဗြောင်လိမ်ခံနေရတဲ့ ငါတို့ နိုင်ငံသားတွေကံက ဆိုးပါတယ်။ ရေးထားတာက ရယ်စရာကောင်းတယ် ဆိုပေမယ့် တစ်ကယ် ပြန်စဉ်းစားကြည့်တော့ ပြည်သူတွေက ငတုံးတွေပဲ မင်းတို့ ဘာလုပ်နိုင်မှာလဲကွာလို့ ဖော်ပြနေတာပဲ။ အာဏာက အရှက်ထက်အရေးကြီးတယ်။

  1. Anonymous said... :

    ကြိုတင်မဲတွေ က ဗိုလျူ်ချူပ်မူးကြီးရဲ့  ဦးနှောက်နဲ့  နလုံးသားထဲက လာတာ ဖြစ်မယ်

  1. ကျနော်တို့မှာ ငိုအားထက်ရယ်အားသန်ရတဲ့ အဖြစ်တွေများရပါတယ်ဗျာ ၁၉၆၀ ခုနှစ်ဝန်းကျင်လောက်က မန္တလေးမှာ အငြိမ့်အဖွဲ့ ၆၀ကျော်ရှိရာကနေ ဗိုလ်ချုပ်ကြီးတို့ နှစ် ၅၀ နီးပါးအုပ်ချုပ်ပြီးတဲ့အခါမှာတော့ ၄ ဖွဲ့ပဲကျန်တော့တယ်တဲ့ဗျား အငြိမ့်အဖွဲ့ထဲက လူရွှင်တော်ကြီးတွေများ ဗိုလ်ချုပ်ကြီးတွေဖြစ်သွားကြလေရော့သလား။

  1. စစ်အစိုးရထုတ် သတင်းစာဟာ အဖြစ်မှန်ကို ပြောင်းပြန်လုပ်သလိုလုပ်၊ ဖြစ်စေချင်တာတွေ ဆွဲရေးသလိုရေး လုံးဝ..လုံးဝ..၊ သိက္ခာမရှိသော၊ ဖာသည်မ ဟှဝါနှင့်တူသော စစ်ဗိုလ်တို့၏ ပါးစပ်ထွက် အမိန့်များဖြင့် လွမ်းမိုးခံရတဲ့ သတင်းစာ အဆင့်ရောက်သွားပါပြီ။ ဟိုတလောကလည်း ကြည့်ပါလေ DKBA အဖွဲ့နဲ့ မြဝတီမှာ တိုက်ပွဲဖြစ်တာ မျက်မြင်သက်သေ သိန်းနဲ့ချီ ရှိတာတောင် ဗြောင်လိမ်ပြီး KNU ကဝင်ပစ်ပါတယ်လို့ အရှက်မရှိ ရေးခဲ့တာပဲ့ ကြည့်ပါလေ...။

  1. မောင်သန့် ။ said... :

    သူတို့ တွေ ဘာရေးရေး၊ဘာပြောပြော အမှန်တရား က ဘာဆိုတာ
    ပြည်သူတရပ်လုံး သိပီးသားပါ။
    ဟဒယ ရွှင်ဆေး ဆိုတာလဲ လက်ခံပါတယ်။
    ပြည်သူလူထု တရပ်လုံး ကို သရော်မော်ကား စော်ကားနေတယ်ဆိုတာလဲသိကြပါတယ်။
    ခွေးလှေးထ သလောက်တောင် မကြွတဲ့ ဖုံမှုံ့ တွေ အကြောင်း တော်ကြပါစို့ ။
    ကျနော်တို့ မှာ ဒုတိယပင်လုံ ကိစ္စ၊ ဒေါ်စု အပါအ၀င် ပြည်သူ့ ခေါင်းဆောင်တွေ လုံခြုံရေး ကိစ္စ ၊ လူ့ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ကိစ္စ တွေ လိုလတ်တလော ဖြေရှင်း ရမဲ့ ဟာတွေ အပြင်----
    ပြန်လည်ထူထောင်ရေးကိစ္စ တွေ ဇောင်းပေးကြရအောင်ပါလား ခင်ဗျာ။
    မတရားမှန်းသိနေတာ၊ရှင်းနေတာ ကြီး ကို မည်သို့ မည်ပုံ မတရားလုပ်သည်
    ကို ခဏအသာထား။ နောင်ဤ ကဲ့သို့  မတရားမှုများအား မည်သို့ ကာကွယ်ကြမည်။ တိုက်ဖျက်ကြမည် ကို ဦးစားပေးစေလိုပါကြောင်း ခင်ဗျား။

  1. Anonymous said... :

    အဲ့ဒီအစိုးရကို ရှိတယ်လို့ကို သဘောမထားနဲ့။ သူတို့ပြောနေတာ လောက်ကတော့ ခွေးဟောင်တာလောက်တောင် အရေးမကြီးဘူး။ ခွေးဟောင်သံကမှ သူခိုးလား ကြမ်းပိုးလား ထကြည့်လို့ရသေးတယ်

  1. Anonymous said... :

    ဟား ဟား ဟား ဟား ဟား
    ရယ်သောသူ၊ အသက်ရှည်၏။
    နိုင်ငံတော်မှ ပြည်သူအများ အသက်ရှည်စေအံသောငှာ ဟာဒယရွှင်ဆေး တိုက်ကြွေး သည်ဟု မှတ် ယူကြလေလော့။
    -သက်တော်ရှည် ဘိုးဘိုး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved