ခင်မောင်သန်း(စိတ်ပညာ) နာရေး

Sunday, November 21, 2010



ခင်မောင်သန်း (စိတ်ပညာ) ဆုံးသွားပြီ တဲ့။
ကွယ်လွန်တဲ့အတွက် ၀မ်းနည်းကြောင်း ကြော်ငြာတွေ ဒီနေ့ ကြေးမုံ သတင်းစာမှာ ပါလာတယ်။

နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း ဆိုတဲ့ စာအုပ်မှာ သူ့ရဲ့ အချက်အလက်တွေ ဟောဒီလို တွေ့ရပါတယ်။
၁။ အမည်ရင်း - ဦးခင်မောင်သန်း
၂။ မိဘအမည် - ဦးကြင်ဖေ၊ ဒေါ်မိမိ
၃။ မွေးသက္ကရာဇ်- ၁၉၃၇ ခုနှစ်၊ စက်တင်ဘာလ
၎။ မွေးဖွားရာဒေသ - မုံရွာ

၁၉၆၁ - သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ကို စိတ်ပညာ နဲ့ ရတယ်။ မန္တလေးတက္ကသိုလ် စိတ်ပညာဌာန သရုပ်ပြဆရာအဖြစ် အမှုထမ်း။

၁၉၆၄ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ပါဒူးတက္ကသိုလ်မှာ ပညာ သင်ယူတယ်။ မဟာသိပ္ပံဘွဲ့ရတယ်။ မန်းတက္ကသိုလ်မှာ ဆက်ပြီး အမှုထမ်း။

စိတ်ပညာ ဆောင်းပါးတွေကို လစဉ်ထုတ် စာစောင်တွေမှာ အဆက်မပြတ် ရေးသားခဲ့။

အယူသီးမှု၊ နတ်ကိုးကွယ်မှု နှင့် စိတ်ပညာ ရှုထောင့် ဆိုတဲ့ စာအုပ်အပါအ၀င် ရေးခဲ့၊ ထုတ်ခဲ့တဲ့ စာအုပ်ပေါင်း ၁၀ အုပ်ကျော် ရှိပါတယ်။

2 comments :

  1. ဖိုးထောင်(မန္တလေး) said... :

    ဝမ်းနည်းကြေကွဲ နှမြောတသ ဖြစ်ရပါသည် ။ ဗြဟ္မစိုရ် လူမှုရေးဖြင့်ပြည်သူတို့အားစောင့်ရှောက်ပေးခဲ့သောဆရာကြီး ကောင်းရာသုဂတိ လားပါစေ.....

  1. မောင်သာမည said... :

    ဆရာ ကွယ်လွန်ခြင်းဟာ မြန်မာနိုင်ငံရဲ့ သုတပညာနယ်ပယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်လို့  မြင်မိပါတယ်။ စိတ်ပညာကို လူထုကြားထဲ ရောက်လာအောင် ရေးသားဖြန့် ဝေခဲ့တဲ့ ဆရာ့ကျေးဇူးကို အထူးသတိရနေမှာ ဖြစ်ပါကြောင်း
    (မောင်သာမည)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved