မင်းဒင်ရဲ့  သက်ခိုင်

Thursday, November 18, 2010

www.mindin.info ဆိုတဲ့ ထင်ရှားတဲ့ ဘလော့တခုမှာ အခန်းဆက် ဖော်ပြနေတဲ့ မင်းဒင်ရဲ့သက်ခိုင် ဇာတ်လမ်းကို ပုံနှိပ်စက် တင်နေပြီ မကြာခင် ဖြန့်မယ်လို့ စာရေးသူက ပြောပါတယ်။ သူ့ဘလော့မှာတော့ စိတ်ဝင်တစား စောင့်ဖတ်သူ ပရိသတ် အင်မတန် များပါတယ်။
အဲဒီစာအုပ်အကြောင်းကို စာရေးသူ မင်းဒင်က ဟောဒီလို ပြောထားပါတယ် -

စာဖတ်သူများသို့ လေးစားစွာ သတင်းစကား ပါးအပ်ပါသည်။

ကျနော် ၂ နှစ်ကျော်မျှ ကြာအောင် ကြိုးကြားအားထုတ်မှုဖြင့် ရေးသားခဲ့သော မင်းဒင်ရဲ့သက်ခိုင် ဇာတ်လမ်းကို ပုံနှိပ်စာအုပ်အဖြစ် လာမည့် ဒီဇင်ဘာလဆန်းတွင် ထုတ်ဝေတော့မည် ဖြစ်ပါသည်။ အဆိုပါ စာအုပ်၌ www.mindin.info တွင် ဖော်ပြထားပြီးဖြစ်သည့် အခန်း ပေါင်း (၈၈)ခန်းအပါအဝင်၊ ဇာတ်သိမ်းခန်း အတွဲ(၄) အဖြစ် ကျန် ၁၃ ခန်း ကိုပါ ထည့်သွင်း ဖော်ပြထားပါသည်။

မင်းဒင်ရဲ့သက်ခိုင်ကို အစမှ အဆုံးတိုင် ဘလော့တွင် ဖော်ပြပေးပါမည် ဟူသော ကတိစကားကိုလည်း မပျက်စေရဘဲ တင်နေကျအတိုင်း ဆက်လက် တင်ပြပေးသွားမည် ဖြစ်ကြောင်းကိုလည်း စကားလက်ဆောင် ပါးလိုပါသည်။

ပုံနှိပ်စာအုပ် မှာယူလိုသူများ အနေဖြင့် mindin3000@gmail.com သို့ ဆက်သွယ်နိုင်ပါကြောင်း နှင့် အောက်ဖော်ပြပါ ဖြန့်ချိရေး ကိုယ်စားလှယ်များထံ ဆက်သွယ် ဝယ်ယူနိုင်ကြပါသည်။ စာအုပ်ထွက်မည့်ရက်နှင့် ဈေးနှုန်းကို ထပ်မံ ကြေညာပါမည်။

ဖြန့်ချိရေး။။
ဂျစ်တူး(မုံရွာ) စကာင်္ပူ (ဖုန်း) )+၆၅၉၃၈၃၃၄၂၉ jittoo.momywa@gmail.com
ကိုဝင်းမြင့် စကာင်္ပူ (ဖုန်း) +၆၅ ၉၇၉၄ ၇၂၀၆ kolay.aoab@gmail.com
ကိုရဲ စကာင်္ပူ (ဖုန်း ) +၆၅ ၉၁၀၇ ၅၅၅၄ ytaung@gmail.com
ကိုအောင်ကျော်စိုးထွန်း၊ စကာင်္ပူ (ဖုန်း) +၆၅ ၈၂၈၆ ၁၉၄၀ akst007@gmail.com
………………………….

ချမ်းသာကိုယ်စိတ် မြဲပါစေ။
လေးစားမှုများဖြင့်

မင်းဒင်

1 comments :

  1. TZA said... :

    ဂျစ်တူး(မုံရွာ)ရဲ့ အီးမေးလ်လိပ်စာ မှားနေတယ်ထင်ပါတယ်၊ ကျနော်လှမ်းပို့တော့ Delivery to the following recipient failed permanently ဆိုပြီး error တက်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved