ဦးခင်ညွှန့်နဲ့ ရဲချုပ်ခင်ရီတွေ့ဆုံသည့် ဗီဒီယိုခွေ အင်တာနက်မှာ ပြန့်

Saturday, November 27, 2010

တခါက တန်ခိုးထွားခဲ့တဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရဲချုပ် ခင်ရီက လာတွေ့တဲ့ ဗီဒီယိုပါ။ ရုပ်ပဲမြင်ရပြီး အသံတော့ မကြားရတဲ့ ဖိုင်ပါ။ ဘယ်အချိန်တုန်းက ရိုက်ယူထားတယ်ဆိုတာကတော့ တိတိကျကျမသိရပါဘူး။

ရဲချုပ်ခင်ရီကတော့ အရှိန်အဝါကို လန့်နေတုန်းထင်ပါတယ်။ ကြည့်ရတာ တခုခုကို လာရောက်ညှိနှိုင်းတယ်လို့ ထင်မိပါတယ်။

အာဏာရှင်ကြီး ဦးနေဝင်းလည်း သံသရာတပတ်လည်သလို၊ ဦးခင်ညွန့်လည်း ဝဋ်ပြန်လည်တာကို တွေ့ရပါလိမ့်မယ်။ လက်ရှိအာဏာရှင်ကြီးအလှည့်ကလည်း ရောက်ခါနီးပြီလို့ ထင်ရပါတယ်။



37 comments :

  1. Anonymous said... :

    ဒီ video clip file က အတွင်းစည်းထဲက ပေါက်ထွက် လာသလိုလို ရှိတယ်။ ဒါပေမဲ့ ဒါဟာ တမင်တကာ ပေါက်ထွက်သလိုလို လုပ်ထား ဖန်တီးထားတာ လို့ ထင်တယ်။ အသံပျောက်နေတာက နည်းပညာချို့ယွင်းချက် ကြောင့်လား တမင်တကာ လုပ်ထားတာလား။ ဘိုခင်ညွန့်ကို ဘယ်ပြောင်းပြောင်း ဘာမှ အရေးမပါဘူး။ သူ့ကို ဘိုသန်းရွှေ က နိုင်ငံရေး အရ ရော ရာထူး အရရော သတ်ထားပြီးပြီ။ ဒါကို ဘိုခင်ညွန့် သိသလို ဘိုသန်းရွှေ လုပ်သမျှ ခံရမဲ့ ဘဝကို ဒင်းတို့ မိသားစု တခုလုံး သိတယ်။ အရေးမကြီးတဲ့ ဒီ file ကို အခုလို အခြေအနေ မှာ လှို့ဝှက်ချက် တခု ပေါက်ထွက် လာ သလိုလို လုပ်ထားတာကို သံသယ ဖြစ်မိပါတယ်။ စစ်တပ်၊ပြည်သူ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တခုခု message ပေးချင်သလား ၊ သွေးတိုးစမ်းသလား ၊ ဘာသံတွေထွက်လာမလဲ ဆိုတာ တီးခေါက်ချင်တာလား။ ဒါမှ မဟုတ်ရင် ဘိုခင်ညွန့် ကိုချော့ပြီး ပြန်သုံးဘို့ လုပ်နေကြသလား။ ခင်ရီ ဟာ ခင်ညွန့်ကို အလေးပြုနေတုံးပဲ။ ဒါဟာ တွေးစရာ ကောင်းတယ် ။ ပြုံးချင်စရာ လဲကောင်းတယ်။ နအဖ ထိပ်သီးတွေ တခုခုတော့ ကြံစည်နေတာ သေချာတယ်။ ရိုးရိုးသားသား ဖြစ်ရပ် လို့ မထင်ဘူး ။ ဒီနောက်မှာ မကောင်းတဲ့ ယုတ်ညံ့တဲ့ ကိစ္စ တခုခုတော့ ရှိမယ် လို့ ထင်တယ်။

  1. Anonymous said... :

    ဒါက ဘဘကြီးရဲ.ထွင်လုံးတစ်ခုပါ
    ဒီသတင်းဆီကိုပြည်သူတွေအာရုံပြောင်းအောင်လုပ်တာသာဖြစ်ပါတယ် ဒီဗွီဒီယိုကိုတမင်ဖြန်.တာပါ
    အဲဒီအချိန်မှာသူတို.က တကယ်အရေးပါတဲ.တခြားကိစ္စတစ်ခုခု(ကျူးလွန်)လုပ်ကြလိမ်.မယ်ထင်ပါတယ်

  1. Anonymous said... :

    အပေါ်က ကွန်းမန့်ကို လုံးဝဥသုံထောက်ခံပါတယ်..။
    ခင်ရီ အလေးပြုတာကတော့ မထူးဆန်းပါဘူး မိတ်ဆွေ
    ခင်ရီလို လူမျိုးက ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ဟောင်းတွေ ပါတဲ့ ချေးတောင်
    အလေးပြုမယ့်ပုံမျိုးပါ..။

  1. Anonymous said... :

    ရှပ်ရှင် ဇာတ်လမ်းတွေထဲကလို ကြာလေ လူဆိုးတွေက ပိုသောင်းကျန်းလို့ကောင်းလေပဲ။ သူတို့ကိုလဲ ဖမ်းမိရော ဘာမှ အဖတ်ဆယ်လို့မ၇တော့ဘူးလေ

  1. Anonymous said... :

    It look like shifting from his own house to their Gov building house..it looks more small, and kissed to his grands looks they (police) move the detainees to their places....nothing can be more than that...his wife looks sad and crying ( wiping the tears most of the time)...so it looks negative scene rather than positive scene....for me I don't think they ( Gov) going to use him back...as negotiator for insurgent groups...bla bla..no way..it more looks like they are afraid of his power and his subordinates...some are out there...some also come out from the prison..after 5 years...

  1. Anonymous said... :

    Khin Nyut will be a president of a Union of Myanmar.
    Everything is his plot to control to Myanmar politic.He really wants to be a president, we will see.

  1. Anonymous said... :

    ဟုတ်ပ ဓာတ်ပုံတွေကလည်း ရိုက်နေတာ တစ်ဖျတ်ဖျတ်... သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဝူး..

  1. Anonymous said... :

    ဦးခင်ညွန့် ဆုံးသွားပြီလို့  စစ်တပ်အသိုင်းအ၀ိုင်းကပြောပါတယ်...6 လ 7 လ လောက်ကတည်းက ကြားရတာပါ.....အပြင်ကိုတော့ သတင်းမပေါက်တာလား...မသိအောင်လို့ ပဲ ဖုံးထားတာလားဆိုတာ စုံစမ်းကြည့်ပါဦးလား ....ဒီအခွေကတော့  လူတွေအာရုံပြောင်းအောင်တမင် ဖြန့်တာပါ

  1. Anonymous said... :

    အင်း .. ရွေးကောက်ပွဲပြီးတော့ ဒီလိုတွေထွက်လာတယ်ဆိုတော့ ... ရှေ့လာမယ့် ပါလီမာန် စစ်တပ်အစိုးရမှာ သုံးဖို့ မျက်နှာပြတာ ဖြစ်နိုင်တယ်ဗျ ..

  1. Anonymous said... :

    If Khin Nyunt is sent to Insein prison, it means Gen Than Shwe wants him to cut off from ASSK. News in Rangoon today said that Than Shwe ordered monks and organizations to stay away from ASSK and her party headquarters. The future of Burma looks bleak...

  1. Anonymous said... :

    Monks killer better go to hell. Nomatter, he's still alive or not. Don't care at all! He is the one who put political prisons in jails. Great lair! Be careful! If he appear in public again. I know he is genius but not crooked like a fox.His master is Than Shwe(has no brain but greed). I seriously suggest that don't ever ever trust this fox easily. It is not a plot but a trap.

  1. Anonymous said... :

    ဒေါ်စု အပေါ်အာရုံပြောင်းရန် ရည်ရွယ် ချက်ဖြင့် အခြင်ယောင်ဆောင်သည့် ပြည်သူအမုန်းဆုံး သန်းရွှေမှ ဖန်တီးခိုင်းသည်ဟုယူဆပါသည်။ ဦးခင်ညွှန် ဘယ်ရောက်ရောက် တို့နိုင်ငံကို ဦးဆောင်နိုင်မည့်သူမှာ ဒေါ်စုတစ်ယောက်တည်းတာဖြစ်ပါသည်။ မည်သူမှ အာရှံလွဲမသွားကြပါနဲ့။

  1. Anonymous said... :

    ဗိုလ်ခင်ညွန်.က အာဏာသိမ်းဖို.ကြံတယ်ဆိုဘဲဗျ
    သူ.တပည်.ထောက်ပြုတ်တွေနဲ.ပေါင်းပြီးကြံတယ်ဆိုသကိုး
    အဲဒီအတွက် ဂျိုကုပ်ဒူးကြီးက သတင်းစာရှင်းလင်းပွဲ လုပ်လိမ်.ဦးမတဲ.
    ဗိုလ်ခင်ညွန်.ကိုလည်းတရားထပ်ဆွဲဦးမတဲ.
    မြွေမြွေချင်းခြေလည်း တယ်မြင်ကြပါလားဟရို.

  1. Anonymous said... :

    Bogyoke Khin Nyunt is not totally a bad guy,that's why they removed him from the army, bear in mind.

  1. Anonymous said... :

    support General Khin Nyut

  1. Anonymous said... :

    ဒီပဲယင်းလုပ်ရပ်၊ တိုင်းရင်းသားတွေအပေါ်မှာ ကျူးလွန်တဲ့ နအဖလုပ်ရပ်တွေအားလုံးအတွက် ခေါင်းခံမယ့် အလျော်အစားမင်းသားကို ရွေးတာလား။ ဒါမှမဟုတ် ခင်ညွန့်ကို စိတ်ဆိုးနေတဲ့ တိုင်းရင်းသားတွေဆီ နောက်ဖေးပေါက်က သွားခိုင်းပြီး သားချော့တေးဆိုခိုင်းဦးမှာလားဆိုတာ စဉ်းစားစရာပါ။ ဒီ video clip က အစီအစဉ်ရှိရှိ နောက်ပေါက်ကနေ ဖြန့်ထုတ်တာ လိုက်တာပါ။ ဘာပဲပြောပြော ဆန်းသစ်တဲ့ ညစ်တီးညစ်ပတ် နည်းနဲ့ အမေစုနဲ့ NLD ကို အဆုံးသတ်သွားအောင် အန္တိမလုပ်ရပ်တွေဖြစ်နိုင် တယ်ဆိုတာ တပ်ချုပ်ကြီး၊ ခင်ရီ၊ အောင်သောင်း၊ ဌေးဦး၊ ကျော်ဆန်း၊ ဦးသောင်း တို့ရှိနေသမျှ ဖြစ်နိုင်ချေအများဆုံးဆိုတာ သတိချပ်စေချင်ပါတယ်။

  1. Anonymous said... :

    ခင်ညွန့် ပြုတ်စဉ်အခါက တီဗီမင်းသားလေးကို သနားနေကြတဲ့ ပြည်သူများခင်ဗျား --- သူကောင်းစားစဉ်က ရက်စက်ကမ်းကုန်လုပ်ခဲ့တာတွေမေ့လျော့ကြပြီး သူ့ကြောင့် အပြစ်မဲ့စွာသေကြေနှိပ်စက်ခံခဲ့ရသော စတေးခံပြည်သူများကိုစော်ကားအလေးမထားသလိုဖြစ်ကာ အမှတ်မရှိ ခံယူချက်မရှိ မဖြစ်ကြပါနဲ့။ စိတ်ပျော့ခွင့်လွှတ်လွယ်သော ပြည်သူများကြောင့် စစ်အာဏာရှင်သက်ဆိုးရှည်တယ်လို့ပြောရင် ဘယ်သူငြင်းမလဲ။

  1. Anonymous said... :

    i see as a danger alarm. one thing sure is that they are dealing. than shwe may want khin nyunt to remove (kill) amay su n in return he may free khin nyunt n his juniors. some who is a bit patriotic upload the video to warn people and amay su. do not forget khin nyunt also very cruel to nld members.

  1. Anonymous said... :

    ဒီလူက သန်းရွှေထက်အများကြီး ပိုကြောက်စရာကောင်းတယ်နော်။ ရုပ်ကလေးကြည့်တော့ ပြုံးပြုံးနဲ့ ရက်စက်တဲ့ပုံ တစက်မှမပေါ်ဘူး။ သန်းရွေလိုအပြင်ပုပ်အတွင်းပုပ်က သတိထားလို့လွယ်တယ်၊ ခင်ညွန့်လိုအပြင်ကောင်း အတွင်းပုပ်က သတိထားမိဖို့မလွယ်ဘူး။

  1. နိုင်ငံရေးအကျဉ်းသားဟောင်းတဦး said... :

    ဒီ video clip ကိုကြည့်လိုက်ရတော့ သံဝေဂ ရမိတယ်။အော် ဒီလူအာဏာရှိတုံးက နိုင်ငံရေးသမားတွေကို ညအချိန်မတော်ကြီး တံခါးခေါက်နှိုးပြီး၊ခဏဆိုပြီးဖမ်းခေါ်သွားတာကိုပြန်မြင်ယောင်မိတယ်။ခုတော့ သု့အလှည့်ရောက်နေပြီပေါ့။

  1. ဒီနေ့မှ ကြည့်ဖြစ်တယ်။ခင်ရီပါဝင်တဲ့ ဖြစ်ရပ်တိုင်းလိုလိုဟာ လုပ်ကြံဖန်းတီးတဲ့ ဇာတ်လမ်း(၈၀%) သေချာတာချည်းပဲ့။ ဒီ VDO ဖိုင် ထွက်လာတာတော့ နောက်ကွယ်မှာ အကြောင်းတစုံ တရာ ရှိကိုရှိရမယ်၊ သူလျှိုတယောက်က ဖောက်ချတာမျိုး မဟုတ်ဘူး အာဏာပိုင် အုပ်စုထဲက ရိုက်ထားပြီး တမင်တကာ ဖွင်ချထားတာ၊ယူနီဖောင်းဝတ် တရားဝင် အာဏာရှိနေတဲ့ ခင်ရီက ဘာမှမပြောရဘူး ခင်ညွန့်ကြီးက မကျေမခြမ်းနဲ့ စကားတွေ အများကြီး ပြောနေတယ်၊ရဲချုပ်ခင်ရီက ခင်ညွန့်ကို တွေ့ဆုံပေးမယ့် သူဟာ သန်းရွှေမဟုတ်ဘဲ စစ်အုပ်စုထဲက အဓိက အကောင်ကြီးတယောက်(သန်းရွှေလူယုံ)နဲ့ တွေ့ဆုံဖို့ ဖြစ်နိုင်တယ်၊ လူထုလက်ထဲကို ဖွင့်ချတာကတော့ ဘာအကြံတွေ ရှိလဲမသိဘူး၊ စစ်အုပ်စုထဲမှာ ပြသနာ တစုံတရာ ကြောင့်လည်းဖြစ်နိုင်တယ်၊ အင်း...စစ်ဘုရင်သန်းရွှေ အုပ်ချုပ်တဲ့ ပုံစံကတော့ သီပေါမင်းလက်ထက် နန်းတွင်းရေး ထက်တောင် ရှုပ်ထွေးပါသေးတယ်။ ကမ္ဘာမှာ အရမ်းကို ဒိတ်အောက်နေပြီ ဖြစ်တဲ့ ပဒေဿရာဇ် စံနစ်ကြီးကို ခုထိမြန်မာပြည်မှာ ကျင့်သုံးတုန်းဆိုတော့ ဒီမိုကရေစီဆိုတာ ဝေးရော...ဒီစံနစ်ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ဘယ်တော့မှ လက်နက်စွန့်မှာ မဟုတ်ဘူး..။

  1. နိုင်ငံရေးအကျဉ်းသားဟောင်းတဦး said... :

    အာဏာရှင်တွေရဲ့ သဘောသဘာဝက သူတို့အတွက် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ပြီးရှင်းပစ်လိုက်တဲ့ လူကိုဘယ်တော့မှ ပြန်မသုံးပါဘူး။ဒါဟာ သန်းရွှေမှမဟုတ်ဘူး၊သူ့အဖေ နေဝင်းလဲ ဒီအတိုင်းဘဲ လုပ်ခဲ့တဲ့ သမိုင်းရှိတယ်။စိတ်ကူးမယဉ်ကြပါနဲ့။ ဒါသန်းရွှေတို့ရဲ့ ဆိုက်ဝါး လို့ဘဲယူဆပါတယ်။အချိန်ကုန်ခံပြီး စဉ်းစားမနေကြပါနဲ့။ကိုယ်လုပ်စရာရှိတာသာလုပ်ကြပါ။

  1.ှsos said... :

    ဦးခင်ညွန့် လုပ်ကြံရန်ကြံစည်သည်ဟု ကြားပါသည်။ ရဲချုပ်ကိုစစ်ခိုင်းသည်ဟုကြားပါသည်။ ဦးခင်ညွန့်၏သတင်းပေးသူကိုလည်း ထိန်းသိမ်းထားည်ဟုကြားပါသည်။ ထို့ထက်ပိုလျှင် တစ်ခုခုဖြစ်ပါကဦးခင်ညွန့် လက်ချက်ဖြစ်ကြောင်းသတင်းဖြန့်ပါမည်။

  1. Unknown said... :

    ပါးစပ်လှုပ်ပညာရှင် အလိုအရဖော်ထုတ်ထားသော မာမီညွှန့်၏ ပြောစကားများကို မကြာမီ တင်ဆက်ပေးမည် ခဏစောင့်ပါ သိလိုလျှင် ကောမန့်ပေးပါ အယောက် ၅၀ ပြည့်လျှင် ဖော်ပြပေးမည်။

  1. Anonymous said... :

    မိုးရွာနေပါတယ်....ရန်ကုန်မှာ ခုရက်ပိုင်းမိုးမရွာတော့ပါ..သတိပြုစေချင်ပါတယ်

  1. Anonymous said... :

    လျှို့ဝှက်လုပ်ငန်းတခုကိုဓာတ်ပုံတဖြတ်ဖြတ်ရိုက်ခွင့်ပြုထားတာဟာစဉ်းစားစရာပဲ။
    ပြီးတော့ကင်မရာကိုကင်မရာရိုက်မှန်းသိအောင်မီးဖွင့်ထားတယ်။

  1. Anonymous said... :

    ဗီဒီယိုမျက်နှာပြင်ပေါ်က ဒုတိယစာတန်းမှာ AWB ဆိုတာတွေ့ ရတယ်။ လုပ်နိုင် မနိုင်တော့မသိဘူး၊ ASIA WORLD BANK က ကင်မရာနဲ့  ရိုက်ထားတာလားလို့  ထင်ရတယ်။ သူ့ ဘာသာသူ ဗီဒီယိုဝေါဟာရနဲ့  စာတန်းထိုးတာလဲ ဖြစ်နိုင်ပါတယ်။ သိဘူးလေ၊ သူတို့ က ပုလင်းတူတွေပဲဆိုတော့နော်။ မှားရင်လဲ ဆောရီးပဲဗျာ။

  1. Anonymous said... :

    AWB is auto white balance

  1. Anonymous said... :

    Na Ah Pha Lan Kyoke
    Than Shwe Zat Htote
    A-may Suu Kyaw Kyar Mhu Ko A-pyine Lote
    Pyi Thu A-lote Shote

  1. Anonymous said... :

    ဒီ‌လောက်ကွင်းကွင်းကွက်ကွက်ကြီးရိုက်ထားပြီး..အသံကျ‌တော့ရှဲရှဲသံ‌လေး‌တောင်ထွက်မလာတာ..‌၊
    ဘာမှ‌ဖေါက်ထွက်လာတဲ့အ‌ခွေမဟုတ်ဘူး..တမင်ဖြန့်တာ...အသိသာကြီး..
    ပြိတှာကြီး တ‌ရေးနိုးပြီး ဘာအကွက်‌တွေထွင်‌နေပြန်ပြီလဲမသိဘူး...ခရုသင်းကွက်လား...နူနာကွက်လား...‌စောင်ြ့ကည့်ရ‌သေးတာ‌ပေါ့...။

  1. Anonymous said... :

    တမင်ဖြန့်တာ...အသိသာကြီး
    Khin Nyunt is just a good actor..but nothing..

  1. Anonymous said... :

    ယခု ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းမဟုတ်ပါ ။ ၇န်ကုန်တွင် ယခု မိုးမရွာတော့ပါ။ ထုတ်လွင့်ခြင်းသည် လှည့်ကွက်တစ်ခုအား ဖန်တီးရန် သွေးတိုးစမ်းခြင်းဖြစ်ပါသည်။

  1. Anonymous said... :

    it is an old one taken after KN was arrested. Check the ages/sizes of his grand children.

  1. sharoi said... :

    တခါအလိမ်ခံရယင်မသိလို့ ။၂ခါအလှိမ်ခံရယင်ကိုယ်ညံ့လို့ ။၃ခါအလှိမ်ခံရယင်ကိုယ်အသုံးမကျလို့ ။၎ခါအလှိမ်ခံရယင်တော့လုံးဝဦးနှောက်မကောင်းတဲသူဘဲ။

  1. Anonymous said... :

    AWB ဆိုတာဘာလဲလို့  ရှင်းပြပေးတဲ့ တခြား Anonymous တယောက်ကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လဲ သိပါဘူး လို့ ပြောတာပေါ့။

  1. Anonymous said... :

    " it is an old one taken after KN was arrested. Check the ages/sizes of his grand children. "

    This is valuable comment..It may be..if somebody able to check, please confirm that.

  1. Unknown said... :

    ဘယ် နိုင် ငံ ရေး သ မား ကို မှ မယုံ ပါ၊သူ သူ ကိုယ် ကိုယ် ပေါ.၊အ ခွင်. အ ရေး ရ ရင် တော. ယူ မှာ ပါ၊ကျွန် တော် တို. က တော.ခံ ရ တဲ.ဘက် က ကြီး ပါ ဘဲ။ကျွန် တော် တို. ဆို ရင် သဘောင်္ သားပါ၊
    ဒါ ပေ မဲ. လ စာ ငွေ ရဲ. ၁၀ % နှူံး အ ခွန် ဆောင် ပေ မဲ.၊ဘယ် တော. မှ ငွေ ဖြူ မ ဖြစ် ပါ၊ဒါ မျိုး ကိစ္စ တွေ ကြ တော.ဘယ် အ စိုး ရ က မှ မ ဖြေ ရှင်း ပေး ကြ ဘူး၊နဲနဲ လေး မှ တောင် မ ဆွေးနွေး ကြပါ။ အန် တီ စု က ဘဲ ဖြေ ရှင်း ပေးမ လား ၊ နောက် တက် မဲ. အ စိုး ရ ကြီး က ဘဲ ဖြေ ရှင်း မလား၊ VOA , BBC , RFA , DVB နဲ.ဟို ထောင်.က ထ ထ အော် တဲ.အ ဝေး ရောက် အ စိုး ရ ဆို တာ ကြီး ကဘဲ ဖြေ ရှင်း ပေး မ လား ဆို တာ အရမ်း အရမ်း ကို သိ ချင် တာ ဘဲ ။ပင် ပင် ပန်းပန်း နဲ. ရေ ခြားမြေ ခြား မှာ ရှာ ထား တာ လေး ကို စိတ် ချမ်းချမ်း သာသာ နဲ.သုံး စွဲ ချင် လို.ပါ။ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved