Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ...


- ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောရန်ပြင်နေသည်ဟု ဆို။

- ပြည်သူက ပေးတဲ့ ပန်းတပွင့်ကို ထိုးပြီး ပန်နေပါတယ်။ ဗေဒါရောင် လက်ရှည် ဝတ်စုံနဲ့ပါ။

- ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။

- မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါပြီ။

- မတွေ့ရတာကလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီလာခဲ့၊ အသံချဲ့စက်နဲ့ ပြောမယ် ... တဲ့

- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။

- မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးကို လာခဲ့ကြပါတဲ့။

(အထဲကနေ တိုက်ရိုက်ပို့လိုက်တာကတော့ ဒီလိုပါ။)်
၅:၄၅ လောက်မှာ စကားပြောတယ်၊ ၁၀ မိနစ်လောက် လူထု ငြိမ်အောင်စောင့်လိုက်ရတယ်၊ သူ ပြောတာက
အားလုံးကြားအောင် အသံမထွက်ဖို့ ငြိမ်နေဖို့ပြောတယ်။ အသံထွက်ရမယ့် အချိန်ကျမှ ငြိမ်မနေနဲ့တဲ့။
ရှေ့က လူတွေပဲ ကြားရရင် နောက်က လူတွေကိုပြန်ပြောပြပေါ့ တဲ့၊ တကတည်းကို စစချင်းနိုင်ငံရေး သင်ခန်းစာပေးနေရတာပဲတဲ့၊ အခြင်းခြင်းနားလည်မှု ရှိပါ၊ လက်ညီတက်ညီ ရှိပါတဲ့ မတွေ့ရတာ ကြာတော့ ပြောစရာတွေ အများကြီးရှိတယ်တဲ့ အခုက လော်စပီကာမရှိတော့ မကြားရဘူးတဲ့ ဒါကြောင့် မနက်ဖြန် ရုံးမှာ စကားပြောမယ်။

()

10 comments :

  1. Anonymous said... :

    အတည်ပြောတာလား..
    လွတ်ပြီလဲဆိုသေး..
    စာလုံးက ပိစိညှောင့်တောင့်လေး

  1. Unknown said... :

    နောက်ဆုံးရတာတော့ သန်းရွှေက ကြိုင်ကြိုင်ကို ပါးပိတ်ရိုက်လိုက်တယ်ကြားတယ် ဒါကြောင့် ဒေါ်စု လွတ်ပြီ

    သတင်းအရင်းအမြစ်
    သန်းရွှေမြေးဖြစ်သူ ဖိုးလောက်လန်း (ခ)တယ်ရီယာ ထံမှတိုက်ရိုက်ရတယ်

  1. Anonymous said... :

    အမေလွတ်မြောက်လာတာ အင်မတန်ဝမ်းသာပါတယ်။ အခုမှ ဟင်း ချနိုင်ပါတော့တယ်။ အမေသက်ရာကျော်ရှည်ပါစေ။ ပြည်သူလူထုက အမေစု ကိုချစ်တယ်အမေ။ အမေ့နောက်မှာ ပြည်သူတွေရှိပါတယ်။

  1. Anonymous said... :

    အချိန်နဲ. တပြေးညီ တင်ပေးနေပါတယ်။ ကျေးဇူး ကြီးလှပါတယ်။ ကျေးဇူး အများကြီး တင်ပါတယ်။

  1. soe said... :

    အမေစု သက်တော်ရာကျော်ရှည်ပါစေ

  1. Anonymous said... :

    အမေ.ကို့ တခုတော့ မှာချင်ပါတယ်..တွေ့ ဆုံဆွေးနွေးရေး ဆိုတာကနေ ဖောက်ထွက်နိုင်မဲ့  နည်းလမ်းမျိုးနဲ့ ပြည်သူကို ဦးဆောင်ပါ..နို့ မဟုတ်ရင်တော့ ခွေးသန်းရွှေ ရဲ့  တချက်လွှတ်အမိန့် နဲ့  အမေကို ပြန်ဖမ်းထားရင် ပြည်သူက အမေလွတ်မဲ့  ရက်ကိုထပ်မျှော်ရင်းနဲ့ ..Generation တွေလည်း..အရွယ်လွန်ခဲ့ ကြပြီ...အမေမှာ ပြည်သူ ပါဝါ သူတို့ မှာ...လက်နှက်ပါဝါ တကယ်တမ်းကြတော့..လက်နှက်ကဘဲ အမြဲတမ်း အသာစီးရနေလို့  တိုင်းပြည်လည်း နာလှပြီ ဗျာ...

  1. Anonymous said... :

    အမေစု ကျမ်းမာပါစေ။ အမေ့ကို ကြိုဆိုတဲ့ ပြည်သူလူထုကို ကြည့်ပြီး ကျက်သီးတောင် ထမိပါတယ်။ အတင်းအကျပ် လာခိုင်းစရာမလို။ ပြည်သူလူထုရဲ့  ရင်ထဲက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ နဲ့  ၀မ်းသာပီတိ ဖြစ်မှုကို အတိုင်းသား မြင်ရပါတယ်။

    စာကြွင်း။ အမေ့ကို လွှတ်ပေးတဲ့ ဗိုလ်ချုပ်မှုးကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးလည်း ပြည်သူတွေအတွက် စစ်မှန်တဲ့ စိတ်ထားနဲ့တိုင်းပြည်အကျိုးအတွက် အမေစုနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထု က ဒီလိုပဲ ကြိုဆိုကောင်းပါရဲ့ ။ သမိုင်းမှာ လှပတဲ့ စာမျက်နှာ ကျန်ရစ်ခဲ့စေဖို့ ပါ။ မဖြစ်နိုင်ဘူးလို့  ထင်ပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

  1. eiphan said... :

    it is very obvious that china is silent while the rest of the world welcome her. This shows a lot. I don't hate chinese people but I don't like china gov at all.

  1. Anonymous said... :

    အမေစုလွတ်လာတာကို အတိုင်းမသိဝမ်းသာပါတယ်။ လှိုက်လှိုက်လှဲလှဲကို ကြိုဆိုပါတယ်။ ဒါပေမယ့် အမေရဲ့ လုံခြုံရေးကိုအထူးသတိထားစေချင်ပါတယ်။

  1. Anonymous said... :

    bravo,a may su

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved