မြန်မာမှန်ရင် စက်ဘီးတောင် စီးခွင့်မပေးပါ

Tuesday, November 23, 2010

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကူရပူရီမြို့နယ်ရှိ၊ ဖယ်ပလာနယ်မြေမှာ ထုတ်ပြန်ထားတဲ့ အမိန့်ပါ။ သူများမြေပေါ်မှာ မြန်မာတွေ ဂုဏ်သိက္ခာအားဖြင့် ဘယ်လောက် မျက်နှာပွင့်တယ်ဆိုတာ သုံးသပ်ကြည့်ကြဖို့ပါ။

မူရင်းသတင်း - GHRE


6 comments :

  1. Anonymous said... :

    အဲလိုလုပ်တာဘယ်သူလဲ သိလား...
    မင်းတို့ လို ဘာမှမသိတဲ့ ဘလော့တွေက မီဒီယာ ဖြန့် တော့ ဗမာပြည် က သိက္ခာကျနေရတာပေါ့...ကို့ နိုင်ငံ သိက္ခာ ကို ရောင်းစား မှ ထမင်းဝ တဲ့ မင်းတို့ ရဲ့ ရပ်တည်မှု မှန်လား (သို့ ) မှားလား မင်းတို့ စဉ်းစားကြဦး...

  1. Unknown said... :

    မြန်မာက စည်းကမ်းမှ မရှိတာကို .. သူများနိုင်ငံမှာ နေရင်တော့ ဒီလိုပဲ နေရမှာပဲ

  1. Anonymous said... :

    ပို့ က ခင်ဗျားတို့ မကောင်းကြောင်းရေးရင် တင်မပေးဘူးပေါ့..
    ဒါလား ဒီမိုကရေစီ..

  1. ဒါဆိုင်းဘုတ်ပဲ့ မြင်ရပဲ့ ရှိသေတယ်၊ ကိုယ်တိုင် အဲဒီနေရာကို ရောက်ရင် မြန်မာတွေ ဂုဏ်သိက္ခာအားဖြင့် ဘယ်လောက် မျက်နှာပွင့်တယ်ဆိုတာ သိရပါလိမ့်မယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းက ဖန်ငါးခရိုင်၊ခုရဘူလီမြို့ ဆိုလို့ရှိရင် ထိုင်းတွေက သိပေမယ့်၊ ဒီဒေသမှာ နေထိုင်တဲ့ မြန်မာလူမျိုးကိုယ်တိုင် ကိုယ့်ဒေသကို ဒီလိုခေါ်ဆိုတယ်တိုတာ သိတဲ့သူ နည်းပါတယ်။ ဒီနေရာကို မြန်မာပြည်သားတွေက နန်ယွန်လို့ ခေါ်ကြပါတယ်၊ ဝါလတ်၊ဝါတန်း အပါဝင် ငါးဖမ်းလှေ မျိုးစုံလာကပ်တဲ့ နေရာဖြစ်ပါတယ်။ နယ်မြေလေးက ကျဉ်းပေမယ့် မြန်မာလူမျိုးက ဒီဒေသခံ ထိုင်းဦးရေထက် အဆပေါင်း များစွာပိုသလို တိုင်းရင်းသား လူမျိုးလည်း စုံကြပါတယ်၊ လှေဆိပ်ဆိုတော့ စရိုက်ကြမ်း၊လူသတ်မှုကလည်း ပိုက်တက်ရက်တွေဆို နေ့တိုင်းလိုလို ရှိပါတယ်။ စက်ဘီးမစီခိုင်းတာက ဒီရွာလေးဟာ လမ်းအရမ်း ကျဉ်းသည့်အတွက် ယာဉ်တိုက်မှုကို ကာကွယ်လို၍ ဖြစ်သလို ထိုင်းလူမျိုး ဆိုင်ကယ်သမားတွေက ၎င်းတို့ဝင်ငွေ ထိခိုက်မှာ စိုးလို့မစီးခိုင်း တာလည်းဖြစ်နိုင်တယ်။ ပညာရေးနှင့် ကျန်းမာရေး အတွက် စူနာမီ တန်းလျားတွင် ကျောင်းတို့ ဆေးခန်းတို့ ရှိပေမယ့် အရမ်းကို ထိရောက်မှု နည်းနေပါသေးတယ်။

  1. Anonymous said... :

    ဆိုင်းပုဒ်က တကယ်တင်ထားတာ အမှန်မို့ လို့  ၊ မီဒီယာက အဖြစ်မှန်တရပ်အနေနဲ့ တင်ပြထားတာမို့ လို့ ၊ အပေါ်က အကိုအေနောနီးမတ် ပြောသလို သတင်းေ၇ာင်းစားတယ်လို့  လည်း ကျွန်မ ပရိတ်သတ်တဦးအနေနဲ့ မထင်ပါဘူးရှင် ။ သိက္ခာကျစရာ ကိစ္စလည်း မဟုတ်ဘူးလို့ ထင်ပါတယ်ရှင့် ။ အမှန်ကို အမှန်အတိုင်းလက်ခံနိုင်ဖို့  မြန်မာတွေ လိုအပ်ပြီရှင်။ ကျွန်မတို့ မြန်မာ လူမျိုးတွေ၊ ကိုယ့်တိုင်းပြည်မှာ ဘွဲ့ ရ ပြီး အတန်းကုန်စာသင်ခဲ့ တာတောင် ၊ အလုပ်ကိုင်မရဖြစ်ပီး၊ ဒုက္ခရောက်လို့ ၊ မတတ်သာလို့ ၊ ထိုင်းနိုင်ငံမှာ၊ ရေကြည့်ရာမြက်နုရာ ရှာစားရင်းနဲ့ ရောက်လာချိန်မှာ ဒီလို အခြေခံ ၊ လူ့ အခွင့်အရေးလေးတွေတောင်မှ ပိတ်ပင် ခံစား နေရတာ ၊ ဒီလို မီဒီယာတွေက အဖော်ကောင်း ၊ အအော်ကောင်းလို့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေက ကနေ့ မှာ နည်းနည်းပါးပါးလှုပ်ရှားလာကြတာ မြန်မာတိုင်းသိပါတယ်...သက်ဆိုင်ရာက ကနေ့ မှာ နည်းနည်းပါးပါး အရေးယူဖြေရှင်းပေးနိုင်လို့ ၊ ကနေ့ ရွေ့ ပြောင်းမြန်မာအလုပ်သမားတွေ နည်းနည်းအနေ အစား ချောင်လာတဲ့  အဖြစ်မှန်က တမ္ဘာလုံးအသိပါ...အဝေးရောက် ကိုယ်ချင်းစာစိတ်ရှိတဲ့ မြန်မာလူမျိုးအချင်းချင်း နှင့်အတူ တိုင်းတပါးသား တွေ ပါ ဒီကိစ္စကို သိရှိပြီး ဝိုင်းဝန်းရိုင်းပင်းကူညီနိုင်တာအောင် ဒီလို သီတင်းတွေ၊ များများ ဖော်ပီး ၊ များများအော် ပေးပါ အယ်ဒီတာကြီးရှင်.....

  1. Anonymous said... :

    i m really fed up with short-sighted guys. answer this question pls gentlemen. Why burmese go abroad? if our country is as good as thai or malay who will go abroad. who is responsible?
    who is to blame? who make our mother land very poor? who wasted millions of dollar that we get from gas, teak n jade. be sensible n don't blame u r own brother n sister. who is u r really enemy?don't be stupid.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved