ဗိုလ်သန်းရွှေ၏ ကလေးကွက်များ

Tuesday, November 9, 2010

ဗိုလ်သန်းရွှေရဲ့ နှစ်ကျပ်ကွက်၊ ကလေးကွက်တွေကို အတွင်းသတင်းတွေအရ ဖော်ပြပေးပါမယ်။

နိုဝင်ဘာလ ၅ ရက်နေ့လောက်ကတည်းက ကိုယ့်ဖာသာ ကိုယ်မယုံဖြစ်ပြီး စိတ်ညစ်နေတဲ့ မြို့ဝန် အောင်သိန်းလင်းဆီ နေပြည်တော်ကနေ ညွှန်ကြားချက်အသစ်တွေ ရောက်လာပါသတဲ့။

ညစ်နေတဲ့ အောင်သိန်းလင်းဟာ ညွှန်ကြားချက်ကြောင့် အတော်ပျော်သွားပြီး သူ့တပည့်တွေကို “ငါနိုင်ပြီ” ဆိုပြီး ကြွေးကြော်ပါသတဲ့။

ညွှန်ကြားချက်က တခြားမဟုတ်ပါဘူး။

ဗိုလ်သန်းရွှေက ရန်ကုန်မှာ တခြားပါတီတွေ အမတ်နေရာ ၃၀ ရာခိုင်နှုန်း မကျော်စေနဲ့၊ မကျော်အောင်လုပ်လို့ ညွှန်ကြားပါသတဲ့။

ဗိုလ်သန်းရွှေရဲ့ အမိန့်ကို ရုပ်သေးအဖွဲ့ ရွေးကောက်ပွဲ ကော်မရှင်ခေါင်းဆောင် ဦးသိန်းစိုးတောင် မသိလိုက်ပါဘူးတဲ့။

ကျန်တဲ့ စစ်တပ်အသိုင်းအဝိုင်း တိုင်းမှူးတွေတောင် မသိလိုက်ဘူးတဲ့။

တခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ ပထမရလဒ် အခြေမဟန်ရင် မဲရုံပိတ်ပြီး မဲပုံးတွေကို မြို့နယ် ကော်မရှင်တွေဆီပို့ဆိုပြီး သန်းရွှေက သိန်းစိုးကို တိုက်ရိုက်ညွှန်ကြားခဲ့ပါတယ်တဲ့။

အဲလိုနဲ့ပဲ အခု သတင်းတွေ၊ အထောက်အထားတွေ ရရှိတဲ့အတိုင်း မြို့နယ်ကော်မရှင်က ညဘက်မှာ ကြိုတင်မဲတွေ ရသလောက် မဲပုံးတွေထဲ ထည့်ကြတယ်လို့ တိုင်းကော်မရှင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။်

ဒီမိုကရေစီ အင်အားစု ဖြစ်တဲ့ ပါတီတွေကလည်း မိုးပေါ်က ကျလာတဲ့ ကြိုတင်မဲတွေ ပေါ်လာတာ၊ မိုးလင်းလို့ မဲရုံစဖွင့်ကတည်းက မဲပုံးထဲမှာ မဲတွေ ပါလာတာကို မီဒီယာတွေကို ထုတ်ပြီး ပြေနေကြပါပြီ။

စစ်အရာရှိကြီးတယောက်ကတော့ ကြံ့ဖွံ့က ဒီလို ရာခိုင်နှုန်းအများကြီးနဲ့ နိုင်တာကို စိတ်မသက်မသာဖြစ်ရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အရမ်းကလေးဆန်ကြောင်း သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေကို ပြောပါတယ်။

10 comments :

  1. Anonymous said... :

    ပန်းသေတဲ့ သန်းရွှေ၊ ဂေါင်တွေးတဲ့ မောင်အေး၊ လေဖြန်းတဲ့ ရွှေမန်း၊ ဒီမိစ္ဆာတွေရှိနေသမျှ မြန်မာပြည်ကကျက်သရေမဲ့နေအုံးမှာပဲ။။။

  1. Anonymous said... :

    ကလေးဆန်တယ်လို့ ပြောတော့ ကလေး သိက္ခာကျတယ်ဗျာ။ ကလေးက ဒီလိုမျိုး မယုတ်မာတတ်ဘူး။ ဒီလူကြီးက ယုတ်မာမှုမှာ ကမ်းကုန်နေပြီ။ သမိုင်းမှာတော့ အယုတ်မာဆုံး မိစ္ဆာကြီး အဖြစ် တွင်ကျန်ရစ်မှာပါ။

  1. timothy said... :

    အဲဒါကိုကျုပ်တို့မဲမပေးဘူး-ဘူးတလုံးဆောင်အိုတောင်မဆင်းရဲဘူး-မဲရုံမသွားဘူးအစည်းအရုံးက သန်းရွှေ၏မိန်းမရွှင်အောက်လမ်းနည်းလို့ခေါ်တယ်။ မိန်းမရွှင်တောင်ဒီလောက်စိတ်ဓါတ်ရေးရာအောက်တန်းမကျနိုင်ဘူး။ မဲဆွယ်တဲ့ NDF, Democratic party တို့၊သေအောင်မှတ်ဟဲ့။ ဒင်းတို့သန်းရွှေရဲ့ရွေးကောက်ပွဲအြတုမှာကွေးနေအောင်ဝင်ကလို့အခုသန်းရွှေကအောင်နိုင်သံဟစ်နေပြီ။

  1. Anonymous said... :

    ခလေးလဲဆန် ခွေးလဲဆန်ပါတယ်ဗျာ ဟုတ်တယ်မဟုတ်လား

  1. Anonymous said... :

    နောက်နှစ်ပေါင်း ၁၀၀ တောင် မြန်မာပြည် စစ်ခွေးတွေ အောက်က လွတ်ပါ့ မလား မသိဘူး...နော်... ကျွန်မတို့ လဲ ကိုယ့်တိုင်းပြည်ကိုယ် ပြန်ချင်လှပါပြီ.....

  1. Anonymous said... :

    ကလေးတွေကအပြစ်ကင်းပါတယ်။ကလေးနဲ.မနှိုင်းကောင်းပါဘူး။သူတို.ကနအဖ(နွားအဖွဲ.)ပါ။

  1. Unknown said... :

    သူ့ ဖာသာ ကလေးဘဲဖြစ်ဖြစ် ခွေးဘဲဖြစ်ဖြစ်
    ခင်ဗျားတို့  ကျုပ်တို့ ခံနေရတာ သူ့ ရဲ့ လှည့်ကွက်တွေလေဗျာ
    ဒီတော့ကာ ခင်ဗျားတို့ ကျုပ်တို့ အားလုံး သူ့ ကို အရမ်းအထင်သေးလွန်းတာကတော့ မှားတယ်ထင်တယ်နော
    အထင်ကြီးပါလို့  ဆိုတာတော့ ဟုတ်ဘူး ဆိုလိုတာက သူ့ ရဲ့ လှည့်ကွက်တွေကို လှောင်ပြောင်ဘို့  ၊ စောင့်ကြည့်ဘို့ ထက် ကြိုတင်ပြင်ဆင်တာတွေ လုပ်သင့်တယ်

  1. Anonymous said... :

    သန်းရွှေကြေင့်ဗမာလူမျိုးတွေသိက်ခါကျတယ်

  1. Royal Dear said... :

    ထိုင်ဖို့ ခုံနေရာ ရရေးဆိုရင် သမီးနဲ့မိန်းမတောင် ရောင်းမယ်ကောင်မျိုး၊
    ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဆိုတာကတော့ ဝေးရောပဲ၊ ခွေးသူတောင်းစား သန်းရွှေ..အနှေးအနဲ့ အမြန်၊ ပြည်သူ့မေတ်တာနဲ့ သေမှာ၊ စောင့်ကြည့် မလိုတော့ဘူး။

  1. Unknown said... :

    ကလေးအတွေးပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved