ပြောစရာတွေ ဖြစ်ကုန်တာအတွက် ပေးစာ

Tuesday, November 16, 2010

“ပြောစရာတွေတော့ ဖြစ်ကုန်ပြီ” ဆိုတဲ့ ပေးစာကို ဖတ်ရပြီး comment လည်း ၀င်ရေးလို့မရတာနဲ့ ခံစားချက်တခု ဖော်ပြချင်လို့ Irrawaddy ကို မေးလ်ပို့လိုက်တာပါ။

သူ့အတွက် လုံခြုံရေးမလိုအပ်ပါဘူးဆိုပြီးတော့ ဒေါ်စုကပြောပါတယ်။ ကျနော်အထင်တော့ လိုကိုလိုပါတယ်။ အန်တီတခုခုဖြစ်မှာကို စိုးရိမ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ အများကြီး မျှော်မှန်းထားလို့ပါ။
ဟိုနေ့ကတော့ လုံခြုံရေးယူတာတွေ လုံးဝကို စနစ်မကျပါဘူး။ ကျနော်က အပြင်မှာပဲ နေရတာဆိုတော့ သတင်းထောက်တွေနဲ့ ဘာဖြစ်ကြလဲ မသိပေမယ့် အပြင်ကနေ ကျနော်မြင်ခဲ့ရတာတွေပါ။ အထူးသဖြင့် I Stand With Aung San Su Kyi ဆိုပြီး T-shirt အဖြူဝတ်ထားတဲ့ သူတွေပါ။ NLD လူငယ်တွေတော့ အ၀ါရောင်တိုက်ပုံဝတ်တယ်လို့ သိပါတယ်။ T-shirt ၀တ်တဲ့သူတွေ ကတော့ ကုန်ဈေးနှုန်းကျဆင်းရေးအုပ်စုလို့ သိရပါတယ်။

အသုဘပို့ဖို့ ဒေါ်စုကားနဲ့ထွက်လာတော့ လူတွေက သူ့ဟာသူဖယ်ပေးကြတာပါ။ အဲဒီအချိန်မှာ T-shirt ၀တ်ထားတဲ့လူတွေက လက်ချင်ချိတ်ပြီး ကားကို ကာထားပါတယ်။ ကားလည်းထွက်ရော လက်ချင်ချိတ်ပြီး ကာထားတဲ့လူတွေလည်း ပြေးလိုက်တဲ့အခါ လူတွေကများတော့ ဘေးကလူတွေကို တိုက်မိတယ်။ တယောက်ဆို လဲကျသွားလားမသိဘူး။ ဟိုလူတွေ ဘာမှတောင်းပန်စကားမှ မပြောဘူး။ သူဟာသူတော့ ဟုတ်နေကြတာပဲ။ လူတွေကတော့ နားလည်ပေးပါတယ်။

လုံခြုံရေးယူပေးတဲ့အုပ်စုကို အပြစ်ပြောတာ လုံးဝမဟုတ်ပါ။ တကယ်ဆို အရက်ထိုင်သောက် မူးယစ်နေတဲ့ (စွမ်းအားရှင်အုပ်စု) က အဲဒီနားမှာ အများကြီးရှိနေတာ လူတိုင်းသိပါတယ်။ ဒီကောင်တွေက ပြသနာရှာချင်နေတာပါ။မတော် သူတို့နဲ့ထိခိုက်မိပြီး တခုခုဖြစ်ကြရင် အနားမှာရှိတဲ့ အန်တီလုံခြုံရေးက မတွေးဝံ့စရာပါ။

ပြီးတော့ လူအုပ်ထဲကနေ အတင်းထိုးထွက်လာတာ အန်တီစုအတွက် အရမ်းအန္တရယ်များတယ်ဗျာ။ ဒါကိုလူတိုင်းသိမှာပါ။နောက်ဆို လူအရမ်းကျပ်နေတဲ့အခါ အရေးပေါ်ထွက်ပေါက်တွေ စီစဉ်ထားသင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး စနစ်တကျလေ့ကျင့်ထားတဲ့ လူတွေကိုပဲ အန်တီ့လုံခြုံရေးကို ယူစေချင်ပါတယ်။ ကြုံသလိုဝင်ယူတာမျိုး လုံးဝမဖြစ်စေချင်ပါ။လုံခြုံရေးအပြည့်ယူထားတဲ့ အမေရိကန်သမ္မတတွေတောင် သမိုင်းမှာ မကြာခဏ လုပ်ကြံခံခဲ့ရတာပါ။မိမိလုံခြုံရေးအတွက် စစ်အစိုးရကို လုံးဝမယုံကြည်သင့်ပါ။ သူတို့ကိုယုံကြည်ခဲ့ရင်တော့ ဒုတိယ ဒီပဲယင်းတောင်မကဘူး။ ဒုတိယ အာဇာနည်နေ့တောင် ဖြစ်လာနိုင်ပါလိမ့်မယ်။

အန်တီ့မှာ ဒေါသ၊ မာန်မာနမရှိဘဲ အင်မတန် ကျက်သရေရှိလွန်း အင်မတန် ယဉ်ကျေးသိမ့်မွေ့လွန်းလှတဲ့ ဖော်ရွေသော အပြုံးပိုင်ရှင်ဆိုတာ လူတိုင်းသိပါတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် အန်တီ့မျက်နှာမှာ အပြုံးတွေဝေနေတာပါပဲ။ကျနော်ဆို အန်တီကိုမြင်ရရင် ကြက်သီးတွေထပြီး ဆံစတွေတောင် ထောင်ကုန်တယ်။ ကျနော်မှ မဟုတ်ပါဘူး။ လူတိုင်းခံစားမိကြမှာပါ။

ဒါကြောင့် အန်တီ့နားမှာ နီးနီးကပ်ကပ်နေတဲ့လူတွေ၊ အလုပ်အတူ လုပ်နေတဲ့လူတွေဟာ အန်တီ့လိုပဲ ဘယ်လောက်ပင်ပန်း ခက်ခဲတဲ့အရာကို ကြုံတွေ့နေပါစေ။ ရိုင်းသောစကားတခွန်းမပါ။ အပြုံးမပျက် ဖြတ်ကျော်နိုင်ပါစေလို့ ဆန္ဒပြုရင်း ...

အန်တီကို အပြည့်အ၀ယုံကြည်တဲ့
ပြည်သူတဦး (ညမင်းသား)

(ဧရာဝတီ သတင်းဆိုဒ်က တခါတလေ Error ဖြစ်ပြီး ကော်မန့် ပေးမရ ဖြစ်တတ်ပါတယ်။ ဧရာဝတီ ဘလော့ဂ်မှာတော့ ရိုင်းပြတာ၊ လူမျိုးရေး၊ ဘာသာရေး ထိပါးတာ မဟုတ်ရင် တင်ပေးပါတယ်။ တခါတလေ အက်ဒမင်လည်း အပြင်ထွက်ရ၊ ခရီးသွားနေရတဲ့ အချိန်လည်း ရှိသေးတာမို့ ကော်မန့်ချက်ချင်း တက်မလာတာ ရှိခဲ့လျှင် နားလည်ပေးစေလိုပါတယ်။)

11 comments :

  1. ziwa said... :

    ပြည်သူတဦး(ညမင်းသား) ပြောတာကို ကျနော်ထောက်ခံပါတယ်၊ ပြည်သူတွေလည်း ဒေါ်စုကိုချစ်ရင် ကာကွယ်ပေးကြပါ၊ ကျနော်တို့ ကတော့ မီဒီယာ(မြန်မာပြည်ပြင်ပ)ကပဲမြငရတာပါ၊ အရမ်းကြောက်စရာကောင်းပါတယ်၊ အနားကပ်ပြီး တခုခုနဲ့ တောင် ထိုးလို့ ရပါတယ်၊ ဒုတိယအာဇာနည်နေ့ မလိုချင်ပါ၊ ဒုတိယ ပင်လုံပဲလိုချင်ပါတယ်၊
    ဖိုးဇီဝ(အမေရိကန်နိုင်ငံ)

  1. M from the UK said... :

    Regarding her security, I strongly agree with the comments of many people who love her.
    I am a professional working outside Burma.
    I don't have the chance to see what is happening as my colleagues from the blog. But I can see through the medias.
    It is very frightening for her security.

    We desperately need her. We can't effort to loose her.I am sure she will aware of her father's tragic ending since her age 2 and follwed by our country's political termoil since indipendence. Pleas don't let the history repeat again.
    Please remember JFK, Diana, princess of Whales, Matin Luther King,President Ronald Regin and other endless list.
    Many don't survive to help the world and the people they love.
    M from the UK

  1. Anonymous said... :

    သေနတ်ကိုင်ထားတဲ့ လက်က သူ့မှာရှိတဲ့ ကျည်တစ်ကပ်စာထက် လူပို မသတ်နိုင်ဘူး။ ကျည်ကုန်သွားရင် သူ့သေနတ်က ဘာမှ အသုံးမကျတော့ဘူး။ ထင်သလောက် ကြောက်စရာ မကောင်းဘူး။ ကလောင်ကိုင်ထားတဲ့
    လက်ကတော့ လူပေါင်းမြောက်မြားစွာရဲ့ ဘ၀တွေကို ဖျက်ဆီးပစ်နိုင် တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် ပိုပြီး ကြောက်စရာကောင်းတယ်။ ဆင်ခြင်တုံတရားနဲ့ သိပ်ပြီး သတိထားနိုင်မှ တော်ကာကျပါတယ်။

    လူထုစိန်ဝင်း


    ဒါကြောင့် မီဒီယာသမားတွေ ကလောင်ငါ့လက် ရှိတယ် ငါwebsite ပိုင်တယ် ရေးချင်တာရေး ပြောချင်တာပြောနေတာတွေ ဆင်ခြင်နိုင်ပါစေ

  1. Anonymous said... :

    သေနတ်ကိုင်ထားတဲ့ လက်က သူ့မှာရှိတဲ့ ကျည်တစ်ကပ်စာထက် လူပို မသတ်နိုင်ဘူး။ ကျည်ကုန်သွားရင် သူ့သေနတ်က ဘာမှ အသုံးမကျတော့ဘူး။ ထင်သလောက် ကြောက်စရာ မကောင်းဘူး။ ကလောင်ကိုင်ထားတဲ့
    လက်ကတော့ လူပေါင်းမြောက်မြားစွာရဲ့ ဘ၀တွေကို ဖျက်ဆီးပစ်နိုင် တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် ပိုပြီး ကြောက်စရာကောင်းတယ်။ ဆင်ခြင်တုံတရားနဲ့ သိပ်ပြီး သတိထားနိုင်မှ တော်ကာကျပါတယ်။

    လူထုစိန်ဝင်း


    ဒါကြောင့် မီဒီယာသမားတွေ ကလောင်ငါ့လက် ရှိတယ် ငါwebsite ပိုင်တယ် ရေးချင်တာရေး ပြောချင်တာပြောနေတာတွေ ဆင်ခြင်နိုင်ပါစေ /သိပ်ကြိုက်တယ် ။ ရင့်ကျက်မှုမရှိသေးပဲ ကလောင်ကိုင်တဲ့သတင်း ထောက်ဆိုတာမျိုးက ၊ အရူးလက်ကို သေနပ်အပ်ထားသလိုပဲ ။ လုပ်သင့် မလုပ်သင့် ရှေ့နောက်မဆင်ချင်ပဲ ၊ သေနပ်ကိုင်ရမ်းတဲ့သူမျိုး တွေနဲ့ ကလောင်နဲ့ မတန်ဘူး ။ ပညာသည်ဆိုတာ ရင့်ကျက်ရမယ် ။
    အကျိုး နဲ့ အပစ် ကိုချိန်ထိုးပြီး လုပ်သင့်မှလုပ် ၊ ပြောသင့်မှပြောရမယ် ။
    ဒီလိုနားမလည်တဲ့ မရင့်ကျက်တဲ့ ဗာလာနံတွေကို ကလောင်ကိုက်ခွင့် မပေးသင့်ဘူး ။ ခပ်ညံ့ညံ့ အတွေးအခေါ်အားနည်းတဲ့ကောင်တွေ သတင်း ထောက် မလုပ်နဲ့ ။

  1. Anonymous said... :

    ဒီလိုလုပ်ကြံမှုမျိုးဘယ်သူကလုပ်ရဲမှာလဲ..
    ဒေါ်အောင်ဆန်းစုကြည်အတွက် အစိုးရိမ်လွန်လွန်းလို့
    ဒီလိုပြောတာလား..လက်ရှိအစိုးရကိုအပုတ်ချပြီး
    ပြည်သူနဲ့ရန်တိုက်ပေးချင်လို့ ဒီလိုအသက်အန္တရာယ်
    ရှိနိုင်ပါတယ်ဆိုပြီးရေးနေတာလား...တွေးကြည့်ကြပါ
    ဒီလိုလုပ်ကြံမှုမျိုးအစိုးရကလုပ်မလားဆိုတာ...
    ခုချိန်မှာ အားလုံးကဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းကြည့်နေတဲ့
    အချိန် သူမတခုခုဖြစ်ရင် အစိုးရကဘယ်လိုဖြေရှင်းမှာလဲ...
    အားလုံးအစိုးရကိုအပြစ်ဝိုင်းပုံကြမှာပေါ့....တွေးတာပါ
    ဒီလို အလုပ်မျိုး...ဦးဏှောက်မရှိတဲ့သူတောင်
    မလုပ်ဘူး...ကလောင်တစ်ချောင်းပိုင်တယ်ဆိုပြီးရေး
    ချင်တာလျှောက်မရေးပါနဲ့...စိုးရိမ်တာကတော့စိုးရိမ်တာပေါ့..
    ကိုယ့်အရေးအသားက တဖက်နဲ့တဖက်ရန်တိုက်ပေးသလိုမဖြစ်ပါ
    စေနဲ့....

  1. Anonymous said... :

    အပေါ်က တစ်ယောက်ရေ....
    သေသွားမှာ ဆုံးရှုံးလိုက်ရမှာက အရင်
    ဖြေရှုင်းရမှာ အပြစ်ပေးခံရမှာတွေက နောက်
    ဒီလိုပဲ ဗိုလ်ချုပ်ကွန်လွန်ခဲ့တယ်..
    ကနေဒီလုပ်ကြံခံခဲ့ရတယ်
    အင်ဒီရာဂန္ဒီ
    ဗင်နာဇီရာဘူတို...
    သမိုင်းမှာ မရေမတွက်နိုင်လောက်အောင် အာဇာနည်သွေးတွေစွန်းထင်းခဲ့ရတာ..
    ဒေါ်စုဟာ
    ဗမာပြည်အတွက် ((တစ်ဦးတည်းသော)) ပြောင်းလဲပေးနိုင်စွမ်းရှိသူလို့
    ယုံကြည်ကြ တန်ဘိုးထားကြရင် သတိဆိုတာ ပိုတယ်မရှိပါဘူး...
    ရန်တိုက်ပေးစရာမလိုပါဘူး
    ဘယ်သူက ဘယ်လိုမျိုးဆိုတာတွေက ပြောပြမှသိမယ့် အနေအထားမျိုးမှ မဟုတ်လေတာ..။

    ဒီပဲယင်း ကိစ္စ ဘယ်လိုမှတ်ချက်ပေးမလဲ...
    အဲမှာ ဒေါ်စုသာတစ်ခုခုဖြစ်ခဲ့ရင်..
    ဗမာပြည်က အခုလောက်ဆို မျှော်လင့်ချက်မရှိနဲမှောင်နေတဲ့ တိုင်းပြည်..ဖြစ်နေပါပြီ....

    အဘလူထုစိန်ဝင်းကို ကျေးဇူးတင်ပါတယ်..။

  1. Anonymous said... :

    ဒီလိုလုပ်ကြံမှုမျိုးဘယ်သူကလုပ်ရဲမှာလဲ..
    ဒေါ်အောင်ဆန်းစုကြည်အတွက် အစိုးရိမ်လွန်လွန်းလို့
    ဒီလိုပြောတာလား..လက်ရှိအစိုးရကိုအပုတ်ချပြီး
    ပြည်သူနဲ့ရန်တိုက်ပေးချင်လို့ ဒီလိုအသက်အန္တရာယ်
    ရှိနိုင်ပါတယ်ဆိုပြီးရေးနေတာလား...တွေးကြည့်ကြပါ
    ဒီလိုလုပ်ကြံမှုမျိုးအစိုးရကလုပ်မလားဆိုတာ...
    ခုချိန်မှာ အားလုံးကဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းကြည့်နေတဲ့
    အချိန် သူမတခုခုဖြစ်ရင် အစိုးရကဘယ်လိုဖြေရှင်းမှာလဲ...
    အားလုံးအစိုးရကိုအပြစ်ဝိုင်းပုံကြမှာပေါ့....တွေးတာပါ
    ဒီလို အလုပ်မျိုး...ဦးဏှောက်မရှိတဲ့သူတောင်
    မလုပ်ဘူး..
    *******************************
    ဦးနှောက်မရှိတဲ့သူတောင်မလုပ်ဘူး ဆိုတာလက်မခံပါ။
    ဦးနှောက်မှမရှိတာ သူလုပ်ချင်လုပ်မှာပေါ့။
    အဲဒါကြောင့် စိုးရိမ်ကြတာပါ။

  1. Anonymous said... :

    မှန်လိုက်လေ အပေါ်က Anonymous ရယ်။ ဘုန်းကြီးတောင် သတ်ရဲတဲ့ ဦးနှောက်မရှိတဲ့ လူတွေကြောင့် စိုးရိမ်နေရတာပါ။

  1. အားလုံးရဲ့ ကိုယ်စား said... :

    ဒီပို.စ်ရဲ့ ဂယက်ဟာ အခုဆို တော်တော်ပြန်.နှံ.ရိုက်ခတ်နေတာကို တွေ.ရပါတယ် ... ပြန်လည်ချေပ ရေးသားထားတဲ့ ရှင်းပြထားတဲ့ ပို.စ်ကိုလဲ ဖေ.စ်ဘွတ်မှာ တင်ထားတာကို ဖတ်ရပါတယ် ... မည်သူမည်ဝါ မှန်တယ် မှားတယ်ဆိုတာကို သက်သေအထောက်အထားများနဲ့ တင်ပြထားခြင်း မရှိခြင်း၊ ယုံကြည်နိုင်လောက်ဖွယ် အချက်အလက်များ ထည့်သွင်းမထားခြင်း၊ အမည်ဝှက်များနဲ့ သာ ရေးသားကြခြင်း စတဲ့ အနေအထားများကြောင့် ယုံကြည်လက်ခံပေးဖို.တော့ လိုအပ်နေပါသေးတယ် ... ဒါပေမယ့် အဓိက ပြောချင်တာတခုကတော့ ဒီအချိန်ဟာ ညီညွတ်ရမည့် စည်းလုံးရမည်. အချိန် အားလုံး တစ်သွေးထည်း တစ်သားထည်း ဖြစ်မှ ရမည့်အချိန်ပါ ဘာမဟုတ်တဲ့ အကြောင်းအချက်လေးတစ်ခု အတွက်နဲ့ အိမ်ကြက်ချင်း အိုးမဲ သုတ်ချင်တဲ့ စိတ်ဓာတ်တွေကို ဖယ်ရှားကြပါ အမေစုအတွက် ရှေ.လျှောက် လုပ်ရမည့် လုပ်ငန်းစဉ်တွေကိုသာ ဘယ်လို ကိုယ်ရော စိတ်ပါ နှစ်ပြီး လုပ်ဆောင်ပေးကြမလဲဆိုတာကိုသာ တွေးကြ လုပ်ကြစမ်းပါ... ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရပ်တည်ကြပါ ခွင်.လွှတ်သည်းခံ စုစည်းညီညာကြပါ ... မခွဲခင်က ကွဲမနေကြပါနဲ.လို.တောင်းဆို တောင်းပန်အပ်ပါတယ်ဗျာ ...

  1. Anonymous said... :

    အရင်ပိုစ့်တစ်ခုအပြင် အခုပိုစ့်ပါထပ်ထွက်လာတဲ့အတွက်
    ဧရာဝတီကိုတော်တော်လေးစိတ်ပျက်မိပါတယ်..

  1. Anonymous said... :

    ဧရာဝတီသင်တို့လက်တွေစည်းကမ်းရှိအောင်သင်ပေးထားပါ။ဝေစားမျှစားတွေကိုဘေးဖယ်ပါ။သင်တို့ဘယ်မှာနေတယ်ဘယ်မှာနေတယ်ဆိုတာသိပါတယ်နော်။အဆင်ပြေ၇င်ပြီးရောဆိုတဲ့မျိုးလေးကိုသတိထားဘို့အားလုံးကအစစရာရာအခက်ခဲနဲ့ရင်ဆိုင်ကြ၇ပါတယ်။ကိုယ်လူမျိုးအကြောင်းကိုယ်နိုင်ငံအကြောင်းဘယ်လိုအုပ်ချူပ်နေတယ်ဆိုကိုခွဲခြားစိတ်ဖြာပြီးတော့သိပါတယ်နော်။ရန်တွေ့တာတော့မဟုတ်ပါဘူး။ငါဆိုဒ်တခုကိုပိုင်တယ်။ငါတင်ချင်သလိုငါပြောသလိုငါရေးချင်သလိုဖတ်ကြမှာပဲလို့ကိုယ်ကိုယူဆထားတဲ့အနေမျိုးကိုဖယ်ရှားလိုက်ပါနာ်။ဒါကလေးကစားနေတာမဟုတ်ပါဘူး။နိုင်ငံကိုဒီဝက်ဆိုဒ်တခုနဲ့နာမည်ဖျက်တ်တယ်ဆိုတာဟာကိုယ်နိုင်ငံကိုဖျက်ဆီလိုက်တာနဲ့အတူတူပဲ။မြန်မာနိုင်ငံမှာအားလုံးဒုက္ခရောက်နေကြတာဘယ်သူလုပ်နေလဲ၊ဧရာဝတီဆိုတဲ့သတင်းဌာနကလုပ်နိုင်ပါသလား။ဘာပဲဖြစ်ဖြစ်ကိုယ်ကိုတိုင်တတ်နိုင်သလောက်လုပ်ပေးဘို့၊အားပေးဘို့၊မှန်မှန်ပြတ်ပြတ်သားသားတိတိကျကျအကောင်အထည်ဖော်ဘိုလိုတယ်။အားချောင်ပြီးစိတ်ထင်ရာတွေကိုမရေးဘို့ကောင်းသောအကြံတခုပေးလိုက်ပါတယ်။တလျှောက်လုံးမှာကောင်းလာပြီးဒီတခါကျမှနာမည်မပျက်စေနဲ့လို့ဆုတောင်းပေးလိုက်ရင်း။ဧရာဝတီ။ကျနော်ကြံ့ဖွံ့ရဲ့အုပ်စုထဲကပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved