အခြေခံဥပဒေ ပြင်မယ် - -

Saturday, November 20, 2010

ကမ္ဘောဒီးယား ဖနွမ်းပင် မြို့ တော် မြန်မာသံရုံး၊ နိုဝင်ဘာ ၁၅။

ဘောင်းဘီချွတ် ၀န်ကြီးချုပ် ဦးသိန်းစိန်ကို ဂါရ၀ပြုနေ (စိတ်ထဲကတော့ ကျိန်ဆဲနိုင်) သော သံအမတ်ကြီး နှင့် သံတမန်မိသားစု။
သံတမန် ဖြစ်ရတာလည်း မလွယ်ဘူး။ ဒီလူဂျီးတွေ လာရင် ထိုင်ကန်တော့ရမယ်။

စည်းကမ်းရှိသော ပဒေသရာဇ် စနစ်ကို သွားနေတယ် ဆိုတော့လည်း ကန်တော့ရတော့မှာပေါ့။

လွှတ်တော် ခေါ်ပြီး အခြေခံဥပဒေ ပြင်ဆင်တဲ့အခါ ဒီလို ဒီလို ထိုင်ကန်တော့ကြဖို့ ထည့်သွင်း ရေးဆွဲကြမယ် ထင်တယ်။ မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဗိုလ်ချုပ်ကြီးတို့ ခေတ်မှာ မထင်တာတွေ လုပ်ပြတတ်တာ မကြာခဏ မဟုတ်လား။

၂၀၀၈ နာဂစ် အခြေခံဥပဒေမှာ
"နိုင်ငံတော်အကြီးအကဲ၊ ဇနီး၊ သမီး၊ သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ မျော့ တို့နှင့် တွေ့လျှင် မည်သူမဆို (မည်သူမဆို) ချွင်းချက်မရှိ ထိုင်ကန်တော့ရမည်" လို့ ထည့်သွင်း ပြဋ္ဌာန်းလာဖွယ် ရှိတယ်း)

13 comments :

  1. Anonymous said... :

်ယဉ်ကျေးမှုလေးဗျာ ...လူကြီးတယောက် ကိုအရိုးအသေပေးတာ ကျုပ်တို့ နိုင်ငံ ရဲ့ ယဉ်ကျေးမှုဆိုတာလည်း ထည့်တွက်ပါဦး....ကောင်းတဲ့ အစဉ်အလာတွေ ကိုမလိုမုန်းထားနဲ့ ဘာလို့ နဝေတိန်တောင် လျှောက်ပြောနေရတာလဲ

  1. Anonymous said... :

    လူသတ်သမားကို အသက်ကြီးတာနဲ့ လူကြီးဆိုပြီး တော့ ကန်တော့ သင့်ပါသလားကွယ်.....
    သင်ခဲ့ဖူးတာကတော့ ရိုသေထိုက်သူကို ရိုသေရမယ်။ လေးစားထိုက်သူကို လေးစားရမယ် လို့ ဘဲ နားလည်ခဲ့ပါတယ်နော်....

  1. မောင်၇ိုး said... :

    စဉ်းစားပါအုံး ၊ အသက်အားဖြင်. ကြီးမြင်.သူ ဂုဏ်အားဖြင်.ကြိးမြင်.သူကို ၇ိုသေ၇မယ်ဆိုတာ နီတိမှာသင်ခဲ.၇ပါတယ် ၊ မြန်မာဓလေ.ပါ။ ၇ိုသေလေးစားစ၇ာကောင်းလွန်းလို. အူလှိုက်သည်းလှိုက်၇ိုသေနေတာလား ၊
    ၇ှိတဲ.ထိုင်ခုံပျောက်မှာစိုးလို. ၇ိုသေနေတာလား ၊ စိတ်ထဲကေ၇ာ တကယ်ပါ၇ဲ.လားဆိုတာ စဉ်းစားပါ။ အဲဒီလူကြီးပြုတ်လို. အိမ်မှာထိုင်နေ၇င်ကော နှစ်တိုင်းသွားကန်.တော.မှာလား ဖြေပါ။ ကောင်းတဲ.ဓလေ.ကို ကောင်းတဲ.စေတနာနဲ. နှောင်ကြိုးကင်းကင်းပြုလုပ်တယ်ဆို၇င် သာဓုခေါ်ပါတယ် ။ သခင်စိတ် ကျွန်စိတ်တွေမွေးပြီး ဓလေ.တစ်ခုကို အေ၇ခြုံထားတာကတော. အော.နှလုံးနာစ၇ာပါ။

  1. Anonymous said... :

    It is really disgusting to show homage to those murderers. They are nothing more than the cannibals. Many civilians were imprisoned, tortured,detained, raped, murdered and barbarously killed by their lackey and stooges. Even though they claim themselves Buddhists, they are just atheists and fascist communists. They will kill all the Buddhist monks if they demonstrate on the street again. Sure.Now they are trying to assassinate Aung Sun Su Kyi and ethnic leaders. China is their step-father, and they are just bastards.

  1. Anonymous said... :

    သီတင်းကျွတ်တို့  မြန်မာ နှစ်သစ်ကူး တို့ မှာ သွား ကန်တော့တာ ကိုတော့ ထောက်ခံ ပါတယ်။
    ဗိုလ်ချုပ်ကြီးတွေ စတိုင်က အဲဒီလို မဟုတ်ဘူး။
    ဘု၇င်စနစ် ထူထောင်မယ် ဘု၇င်၇ူး ၇ူးနေတယ် ဆိုတာတော့ ဖြစ်နိုင်ပါတယ်လေ။

  1. Anonymous said... :

    ဟဲ ဟဲ ဟဲ
    ယဉ်ကျေးမှု ယဉ်ကျေးမှု နဲ့
    လက်အုပ်နဲ့ တစ်မျိုး၊ ပစ္စည်းနဲ့ တစ်ဖုံ၊ ဒေါ်လာသန်းချီပီးတော့ တစ်နည်း၊ ဂါ ဂါ ဂါ နဲ့ ဂါရ၀ပြုနေလိုက်ကြတာ-
    ဆန္ဒာဂတိ နဲ့ လာဘ်သပ် တံစိုး ပေး တာကို ယဉ်ကျေးမှု ဆိုတဲ့ သကာရည်လေးလူးလိုက်တော့- အင်း
    ဒို့ လူမျိုးများ ယဉ်ကျေးကြပါပေရဲ့- သိမ်မွေ့ကြပါပေရဲ့-
    ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး။
    မှတ်ချက်-ကိုယ်ကျိုးမဖက် ညောင်ရေအိုးရွက်သူများကို မဆိုလို။

  1. Anonymous said... :

    ကောင်းပါတယ်။အရမ်း အရမ်းကို ကောင်းပါတယ်။အားကြီးကို ကောင်းပါတယ်။ အုန်းပင်စိုက်တာ အုန်းရည်သောက်ချင်လို.တဲ့ ။
    ဖိနပ်စုတ်ကို နတ်ရုပ်ထင်ပြီး ကိုးကွယ်မိခဲ့ရင်တော့ ကိုးကွယ်တဲ့
    သူမှာ အပြစ်ရှိပါတယ် ။အဲဒီလို ကန်တော့ရတာကို မကြိုက်ရင်
    သူ.တို.တွေရဲ. လက်အောက်မှာ ၀န်ထမ်းမလုပ်ရုံပဲပေါ့ ။အဲ.....
    ရာထူးကြီးကြီးရထားလို.သော်လည်းကောင်း ၊၀ါးကျောကောင်းကောင်း
    မိထားတဲ့ ရာထူးမို. လည်းကောင်း အလုပ်ထွက်ရမှာကို နှမြောတယ်ဆို
    ရင်တော့ အဲဒီလိုပဲ ၀ဋ်ရှိတယ်လို. သဘောထာပြီး ဆက်ကန်တော့ပေတော့။

  1. Anonymous said... :

    အမည်မသိရေ့ ထိုင်ကတော့ပြီး အရိုအသေပေးရအောင် ဒါသက်ကြီးပူဇော်ပွဲမဟုတ်ဘူး။ အလုပ်လုပ်နေတာ။အခုဟာလွန်းလွန်းနေတယ်။ ဒီစစ်တပ်ကကောင်တွေနဲ့တွေ့တိုင်း အရပ်သားတွေက လက်အုပ်ချီရင်ချီ မချီရင်ထိုင်ကတော့ရတာ အဆင်အလာတစ်ခုလိုဖြစ်နေပြီ။ အရိုအသေနဲ့မတန်တဲ့လူတွေဆိုတော့ သိပ်အရိုအသေခံခြင်နေကျတယ်။

  1. Anonymous said... :

    [Quote]
    they are just atheists and fascist communists.
    [/Quote]
    Man, you are giving atheist bad name. Atheists still have moral compass and they follow golden rules which aren't derivative of religion but born from the understanding of human interdependency. These guys are quintessence of pure evil and they thrive on people misery. They are incomparable except with Satan if that thing exist.

  1. Anonymous said... :

့ရိုသေလို့ထိုင်ကန်တော့တယ်လို့မထင်ပါဘူး ဘုရင်ရုးတွေမှန်းသိလို့ ထိုင်ကန်တော့တာနေမှာပါ

  1. Anonymous said... :

    ဘာလူကြီးလဲ တော်စမ်းပါကွာ မြန်မာပြည်တခုလုံး ခွေးဇတ်ခင်းထားတာတောင်မှ မင်းတို့  ကလူကြီးလုပ်နေသေးတယ်..ဒီကမ္ဘာပေါ်မှာ လျှပ်စစ်မီးမရတာ ငါတို့ မြန်မာ နိုင်ငံတခုထည်းပဲရှိတယ်ကွ..လူရာမ၀င် လူစဉ်မမှိတဲ့ မြန်မာတွေဖြစ်နေပြီကွ နားလည်လား... ဟေ့ကောင် နားလည်ထား

  1. Anonymous said... :

    လက်အုပ်ချီ ကန်တော့ရမယ်လို့ ဘယ်လူကြီး ဘယ်စစ်သားကမှ သင်ကြားမထားသလို အမိန့်လည်း ပေးမထားပါဘူး...မိမိတို့ စိတ်ဆန္ဒအရ လက်အုပ်ချီ ကြိုဆိုကြတာပဲဖြစ်ပါတယ် မြန်မာအစဉ်လာ ရိုးရာလေးတွေဟာ ချစ်ဖွယ်ပါတကား....

    စိတ်ဓာတ်မကောင်းတဲ့သူတွေကတော့ အဆိုးမြင်နေတာ မဆန်းပါဘူး...

  1. Anonymous said... :

    ဟုတ်လား ... အပေါ်က ကောင် ... ဒါဆို မင်း ဘုရားစင်ပေါ် တင်ထားလေ

    ကိုယ့်ကိုယ်ကိုယ် မလိမ်ပါနဲ့ ...
    တကယ်ပဲ မင်းက ကန်တော့ချင်နေတာလား
    ကန်တော့ရမယ့် အထဲ ဘုရား တရား သံဃာ ဆရာ မိဘ ပဲ ပါတယ်
    နအဖနဲ့ ကြံ့ဖွံ့မပါဘူး
    ပါတယ် ထင်ရင်လည်း မင်း ဘာကောင်လဲ ဆိုတာ ပြတာပါပဲ
    ဒါပါပဲ
    သာဦး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved