အသုဘပို့သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်
Sunday, November 14, 2010
လူတွေက အများကြီးပဲ၊ ပြည်တွင်က ဂျာနယ်တွေကလည်း လာကြတယ်၊ လူတွေသိပ်တိုးတယ်၊ လက်ခုပ်တွေတီးကြ ဒေါ်စုကျန်းမာပါစေအော်ကြ တခြားမသာ ပို့လာတဲ့သူတွေလဲ
အဲဒီကိုရောက်လာကြတယ်။
ဦးလွင်မိန်းမရဲ့အလောင်းကားကို ကျော်သူမောင်းလာတယ်၊ အလောင်းကားဝင်လာပီး ခဏကြာတော့
ဒေါ်စုကားဝင်လာတယ်၊ လူတွေ က၀ုန်းဆိုအုံခဲသွားတယ်၊ ဒေါ်စု ကားထဲကတော်တော်နဲ့ထွက်မရဘူး
ကာပေးထားတဲ့ အန်အယ်ဒီတွေလဲ မနိုင်မနင်းဖြစ်သွားတယ်။
ကားထဲကထွက်လာတော့ လူတွေဝိုင်းအော်ကြ လက်ခုပ်တီးကြလုပ်တယ်၊ ဒါ နာရေးဖြစ်လို့ အဲလိုတွေမလုပ်ဖို့ စဉ်းကမ်းရှိကြဖို့ ပြောပေမဲ့ မရဘူး။
ဒေါ်စုက အခေါင်းနဲ့ အတူလိုက်သွားပီး မီးစက်ထဲအထိလိုက်ဝင်သွားတယ် တံခါးကိုပိတ်လိုက်တယ်၊ တစ်ချို့လူတွေက အဲဒါဘာလုပ်တာလဲကွ တို့ဘာတို့ အော်ကြတယ်။ တံခါးပိတ်လိုက်တာကိုး အပြင်သံစကာတံခါးပါပိတ်လိုက်တာ မစိုးရိမ်ကြပါနဲ့ ခဏနေပြန်ထွက်လာမှာပါလို့ပြန်အော်ကြတယ်
လူစုက သံတံခါးနားမှာ ကြိတ်ကြိတ်တိုးသွားတယ်၊
ပြန်ထွက်လာတော့ ခုဏကထက်ပိုပီး တိုးခွေ့ကြတယ်၊ ဒေါ်စုကို မနဲ ကာပေးထားကြရတယ်၊ ပီးတော့ကားထဲကိုတစ်ခါထဲပြန်ဝင်သွားတယ်၊ ကားကထွက်သွားပီး လမ်းပေါ်ရောက်ရောက်ချင်း ကိုက်ငါးဆယ်လောက်ဘဲမောင်းရသေးတယ်၊ လမ်းပြန်ပိတ်သွားတယ်၊ ဒေါ်စုကားက ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတယ်၊ ဆယ်မိနစ်လောက်အဲနားမှာ ဒီတိုင်းဖြစ်နေတယ်၊ လူတွေက ကားနားကို ပြန်အုံလာကြပြန်တယ်၊ ဒေါ်စုက ကားထဲကနေလူတွေထဲကို လက်ပြန်ပြတယ်။
လူတွေကလက်ခုပ်တွေ ၀ိုင်းတီးကြပြန်တယ်၊ ကားကိုဝိုင်းကာထားတဲ့ အန်အယ်ဒီ ၀ိုင်းသားတွေကတော့ လမ်းဖယ်ပေးကြပါ၊ နောက်တော့ အိမ်မှာလာကြည့်လဲရပါတယ်လို့ ပြန်အော်ပြောနေရတယ်။
နောက်တော့မှလမ်းနဲနဲရှင်းလို့ရသွားပီး ကားကဖြည်းဖြည်းချင်းပြန်ထွက်သွားရတယ်၊ ပြန်အထွက် လမ်းတစ်လျှောက်လုံးမှာလဲ လူတွေဘယ်က ဘယ်လိုသတင်းရသွားလဲမသိ၊ လမ်းဘေး တစ်ဘက်တစ်ချက်မှာရပ်ပီး လက်ပြနှုတ်ဆက်နေတဲ့လူအုပ်တွေရှိနေပြန်တယ်
တစ်ချို့သုံးသပ်ကြတယ်၊ ရေဝေးကအခြေအနေမျိုးက ဒေါ်စုအတွက်အန်ဒရာယ်ရှိတယ်လို့
ဘယ်သူဘယ်ဝါမှန်း မသိရတဲ့လူမျိုးလဲ အနားအထိကပ်သွားလို့ရတဲ့ အခြေအနေမျိုးရှိနေတာကိုး။
ဒီလိုနေရာမျိုးကို မလာသင့်ဘူးလို့ တစ်ချို့သုံးသပ်ကြတယ်၊ လူတွေကို လုံးဝထိမ်းလို့မရတဲ့ အခြေအနေမျိုး
ဖြစ်လာနိုင်တယ်လေ၊ အသုဘပို့ရောက်လာတဲ့ အခြားကားတွေ လမ်းပိတ်သွားတာတွေ့တယ်၊
ကျေနပ်ဖို့ကောင်းပေမယ့် စိုးရိမ်ရတယ်လို့ သုံးသပ်တဲ့လူလဲရှိတယ်။
18 comments :
  1. Unknown said... :
    အမေစုရဲ. လုံခြုံရေးကိုဘဲ စိတ်ပူပါတယ်..ဒင်းတို.က အကောက်ကြံအုံးမှာဘဲ...ပန်းစည်းတွေ..လက်ဆောင်တွေကို အမေတိုက်ရိုက်လက်ခံတာ အရမ်းအန္တ၇ာယ်များပါတယ်........အမေကိုယ်တိုင်ရော..အမေ့ကိုစောင့်ရှောက်တဲ့ လူငယ်အဖွဲ.ပါ သတိကြီးကြီးထားပါ...အမေ အသက်ရှည် ကျန်းမာမှ တိုင်းပြည်တာဝန်ကိုထမ်းနိုင်မှာပါ...
    အမေစုကျန်းမာပါစေ...
    ဘေးအန္တ၇ာယ်ကင်းရှင်းပါစေ.....
  1. Anonymous said... :
    နားလည်တဲ့ သူတွေ၊ ဒေါ်စုနဲ. နီးစပ်သူတွေကို အကြံ ပေးချင်ပါတယ်။ လူထုနဲ. နီးစပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ မဟာဗျူဟာ ချပေးတဲ့ နေရာကပဲ နေပါလို.။ လုံခြုံရေး အတွက်ကော၊ အလုပ် ထိရောက်မှု အတွက်ကိုကော ပိုကောင်းမယ် ထင်လို.ပါ။ နောက်တခုက အစည်းဝေးတွေ လုပ်တာမှာ နည်းပညာ အကူအညီ နဲ. ဗီဒီယို ကွန်ဖရင့် တွေ လုပ်လို. ထိရောက်နိုင်၊ ပို လုံခြုံ နိုင်တာတွေ ကိုလည်း လိုအပ်ချိန်မှာ သတိ ရစေချင်ပါတယ်လို.။ အားလုံးသော မျိုးချစ်သူရဲကောင်း အပေါင်းကို ဦးညွှတ်လျှက်၊
  1. ဟုတ်ပါတယ် အန်တီစုကို ဝိုင်းဝန်းအကြံပေး ကြပါ။ အဲလိုနေရာမျိုးမှာ လူအများကြီနဲ့ နီးနီးကပ်ကပ်ကြီး ဖြစ်သွားတာ အရမ်းအန္တရာယ် များတယ်လို့...။ ဘာဖြစ်လို့လည်း ဆိုတော့ ကလိမ်ကကျစ် ရွေးကောက်ပွဲ ဥပဒေတွေထုတ်၊ မနိုင်မှန်းသိတော့ မဲလိမ်၊မဲခိုး မတရားနည်းလမ်း ပေါင်းစုံနဲ့ အနိုင်ရထားတဲ့ ဘိုပြုတ်၊ ကြံ့ဖွံ့ပါတီဝင် အမတ်တွေဟာ ဒီလိုမျိုး လူထုကြီး ဒေါ်စုကို ချစ်မြတ်နိုးပြီး အားပေးထောက်ခံ နေတာကို မနာလို၊အူထဲက ကလိကလိ ဖြစ်နေမှာ အသေချာပဲ့။ ဒီမြင်ကွင်းဟာ လူထုထောက်ခံမဲ ၈၀% ကျော် ရရှိတယ်လို့ အရှက်မရှိ ကြေငြာတာဟာ ပိုပြီးအလိမ်ပေါ်နေလို့ပါ။
  1. အန်တီစု ကသူ့ အဖေ အတိုင်းပါပဲ သူရဲ့ လုံခြုံရေးကိုလည်း ဂရုတ်မစိုက်ဘူး
    ဒါဟာ သူ့အတွက် အန္တာရယ်ပဲဗျာ့ ၊ နောက်ပြီး nld လူငယ်တွေကိုလည်း
    အားမရဘူး ဒေါ်စု အတွက် လုံခြုံရေး ကိုပိုပြီး ဂရုတ်စိုက်သင့်တယ် ရှစ်လေး
    လုံး အရေးတော်ပုံကာလက လည်းအဲလိုမျိုးပဲ ဟန်ရေးပြနေတာနဲ့ပဲ အချိန်တွေ ကုန်နေတယ် ၊ အန်တီကို ဗန်းပြပြီး ထွက်ပေါက်တခုခု လုပ်နေတာနဲ့ တူနေတယ်ဗျာ့ ...... အန်တီက ပေါ်ပြူလာဖြစ်နေတဲ့ သူဆိုတော့ နေရာတကာ သွားတာကို တယောက်ယောက်က အကြံပေးသင့်တယ် ၊ နောက်ပြီး ဒီချုပ်အနေနနဲ့ ယခုထက်ပိုပြီး လူငယ်တွေကို စည်းရုံးသင့်ပြီဗျာ့
  1. Cinderella said... :
    အ‌မေစု...ဗိုလ်ချုပ်တုန်းကလဲလူ‌တိုင်းကိုယြုံကည်ခဲ့လို့‌ရေတိမ်နစ်ခဲ့ရပြီးပြီ။
    အ‌မေ့ကိုထပ်ပြီးမဆုံးရှုံးပါရ‌စေနဲ့....အာဏာအတွက်ဆိုဘာဘဲလုပ်ရလုပ်
    ရဆိုတဲ့လူဆိုးလူညစ်‌တွေကိုအ‌မေမယြုံကည်ပါနဲ့...အစစအရာရာသတိရှိ
    ပါလို့‌တောင်းပန်ပါရ‌စေ...။
  1. Anonymous said... :
    အန်တီရဲ့ လုံခြုံရေးကို ဒီချုပ်ရဲ့ တာဝန်ရှိသူများ ၊ လူငယ်တာဝန်ခံများ နှင့်
    မိဘပြည်သူများတွင်လည်း တာဝန်ရှိပါ၏ ။ အထူးသဖြင့် ထိမ်းမနိုင်သိမ်းမရ
    ဖြစ်နေသော ကျွန်တော်တို့ ပြည်သူများတွင်လည်း အထူးတာဝန်ရှိပါသည် ။
  1. Anonymous said... :
    နားမလည်ဘူးဗျ..လူတွေဘာလုပ်တာလဲဆိုတာ..အဲလိုအဲလို
    လမ်းပိတ်..တိုးဝှေ့..အော်ဟစ်..ငိုကြွေး..။ဒေါ်စုပြောတဲ့စကား
    ဘာတွေဖြစ်နေကြတာလဲကိုမသိဘူး..ကျွန်တော်ဒေါ်စုစကားကို
    သေချာအေးဆေးလေးတခါလောက်နားထောင်ချင်တယ်..။
    ကြိုးစားတယ်မရဘူးဗျ..အဲဒီလူတွေ.က၀ါကျမဆုံးခင်ညာသံပေး
    အော်လိုက်တာနဲ့ကိုစကားပြောသမားလည်းအရှိန်သေသွားတယ်
    နားထောင်သမားလည်း..အနှောင့်အယှက်ဖြစ်သွားတယ်.။
    ကျွန်တော်စဉ်းစားကြည့်တယ်..။သူတို့ဒေါ်စုကိုတကယ်ချစ်တာလား..တကယ်ချစ်ရင်အဲလိုအဲလိုတွေလုပ်ရတယ်လို့သူတို့နား
    လည်တာလား..ချစ်တာကိုပြတာကလည်းထိုထိုနည်းတွေနဲ့ပြ
    ရတာမျိုးလား...ကြည့်ရသလောက်တော့ကျွန်တော်တို့မြန်မာတွေလူစုမိပြီဆို..အလုပ်ကိုမဖြစ်တော့ဘူး။...အားလုံးငြိမ်ပေးကြပါလို့..တောင်းပန်နေရတာနဲ့ကို...အင်း.....။ဒီအတိုင်းဆိုကျွန်တော်တို့..ဒီမိုကရေစီနဲ့...။ဒီမိုကရေစီရဖို့...။..အင်းးးးးးးးးး
  1. Anonymous said... :
    US Embassy is only few houses from Aunty Suu's residence and have a few US NAVY SEALs(The best in the world) and bunch of US Marines.
    May be someone with a brain can request US Embassy to train young guys from NLD for Aunty Suu's security team.
    The same thing can be done for Burmese guys living abroad. Instead of shouting non-sense in front of UN and Myanmar Embassies around the world. They can lobby US and EU government to train them to become a security team members (similar to US Secret Service). This can be done and we can protect Aunty Suu and our future leaders!
  1. Anonymous said... :
    အသုဘကို အိမ်မှာ သတင်းသွားမေးတာလောက်ပဲ လုပ်သင့်တာ။ ဒီပဲယင်းလို ဖြစ်မှာ စိုးရိမ်လို့ပါ။ တခုခုများ ဖြစ်သွားရင်..ဟိုလူလိုလို ၊ ဒီလူလိုလို နဲ့ ဘယ်သူ့လက်ချက်မှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ ဘုန်းကြီးတောင် သတ်တဲ့လူတွေ
    ယုံရတာ မဟုတ်ဘူး။
  1. Anonymous said... :
    သတိထား သတိထား..
  1. Anonymous said... :
    အမေစု .. အမေကသာမာန်အမေတစ်ယောက်မဟုတ်ပါ။ နိုင်ငံသားတိုင်း၏မျိုးချစ်အမေပါ။ ထို့အတူ မလိုတမာသူများရဲ့ ရန်သူသားကောင်ပါအမေ။ နေရာတိုင်းကို သာမာန်လူတယောက်လိုသွားရန်မဖြစ်နိုင်၊ မဖြစ်သင့်ပါ။ တန်ဖိုးအဆင့်မရှိတဲ့ ကျည်တတောင့် ဓါးတချက်နဲ့ သားတို့နိုင်ငံကြီး ကယ်သူမရှိအမှောင်ကျရောက်သွားမှာပါအမေ။ ဘူတိုလိုအမေဖြစ်မှာ အစိုးရိမ်ဆုံးဘဲ။ အထူးသဖြင့် ဒီရက်(၉၀)အတွင်းမှာ သွားသတိ၊ လာသတိ၊ စားသတိပါအမေ။ ဖြစ်နိုင်ရင် ရန်ကုန်စူပါမက်ကက်၊ ဘဏ်စသည်တို့က ကိုယ်ပိုင်လုံခြုံရေးဝန်ထမ်းတွေကို ငှားသုံးပါ။ သူတို့က ရဲအငြိမ်းစားတွေဆိုတော့ အတွေ့အကြုံရှိပြီးသားပါအမေ။ အမေ အသက်ရှည်မှ သားတို့ဘ၀တွေ အရောင်တောက်ပြောင်လာရမှာမို့ပါ။ ဆင်ခြင်ပါအမေ။
  1.ုkyawmonmaykha said... :
    လူ.သက်တမ်းတလျှောက်တခါသာဒီလိုလုထုခေါင်းဆောင်ပေါ်တတ်တာပါ။
    ခေတ်ရဲ.တောင်းဆိုချက်အရပေါ်လာရတာပါ။တန်ဘိုးထားစောင့်ရှောက်ရမှာပြည်သူတို.တာဝန်ပါ။
  1. Wunna Htun said... :
    အန်တီစု ဘေးနားက ရံထားသူများ နှစ်ထပ် ဖြစ်သင့်ပါတယ်.. နောက်တစ်ခုက လူထုဖက်ကို မျက်နှာမူလျှက် ကာထားသင့်ပါတယ်.. အဲဒါမှ မသင်္ကာစရာ လူပါလာလျှင် ချက်ချင်း သတိထားနိုင်မှာ ဖြစ်ပါတယ်...
  1. Anonymous said... :
    ဟေ့......အမေစုကို ဘယ်သူမှ မသတ်ဘူးကွ မြန်မာပြည်တင်မကဘူး တစ်ကမ္ဘာလုံက ချစ်နေကြတာ မုန်နေတဲ့သူတွေကလည် ဒီလို ၀ိုင်းချစ်ပြနေတာမြင်ရလို့  သူ့ အလိုလို အမြင်မှန်ရပြီး ချစ်တဲ့စိတ်တွေပေါက်လာပါပြီကွ့  အမေစု ရဲ့  လူသားတွေအားလုံးအပေါ်မှာထားတဲ့ မေတ္တာကွ့  မင်တို့ မသိ့ရင်မှတ်ထား........ မင်တိုလည်း အမေစု့ လို အချစ်ခံ ချင်ရင် လူတိုင်အပေါ်မှာ မေတ္တာထား သည်ခံ ပညာညဏ်ကြီးအောင်ကျိုးစား ဘ၀ကို ရိုးရိုးသားသားနဲ့  ကျိုးစားလုပ် ကိုယ့်အမျိုးဘာသာ သာဿနာကို ညှိးနွှမ်းအောင် မလုပ်ကြနဲ့  မင်တို့  မသိ့ရင် မှတ်ထား..........မောင်သန်းရွှေနဲ့  အပေါင်းပါတော့ ရှက်လွန်းလို့  သေးတောင်သေလိုက်ချင်ပြီ ဖြစ်နေတယ်၊ သူတို့ အုပ်စု့  ဘ၀ကတော့ လောကကြီးမှာ အသက်ရှင်နေပေမဲ့ လောကငရဲးကို အချိန်တိုင်ခံစားနေရသလို ဖြစ်နေကြပြီကွ့  မင်းတိုကိုလည်း ငါပြေားချင်တာက မကောင်းမှု့ ရှောင် ကောင်းမှု့ ဆောင် ဖြူအောင်စိတ်ကိုထား ငါမှာချင်တာဒါပဲ ၅၆ ၉၆ပါ။
  1. Anonymous said... :
    လူတွေ စည်းကမ်းရှိကြပါ။
    အခုအချိန်က အမေ့အတွက် အစိုးရိမ်ရဆုံး အချိန်ပါ။ မလိုအပ်ပဲ အရမ်းအနားမကပ်ကြပါနဲ့။ အဲဒီလူထုနဲ့ ရောပြီး မသမာသူတွေ ၀င်လာနိုင်ပါတယ်။ အမေနဲ့ လက်တစ်ကမ်းအကွာအထိ ရောက်လာနိုင်ပါတယ်။ တာဝန်ယူသူများ အဲဒီကိစ္စတွေကို အဓိကထားစဉ်းစားပေးကြပါ။ မေတ္တာရပ်ခံပေးကြပါ။ ပြည်သူလူထုအနေနဲ့လည်း နားလည်ပေးကြပါ။ အမေ့လက်ကိုင်ရုံ အမေ့နားကပ်လာရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အမေ့ကို လူတိုင်းချစ်ကြတာ မှန်ပါတယ်။ ဒါပေမယ့် အမေ့ကို ချစ်ရင် အမေ့စကားတွေ နားထောင်ကြပါ။ လိုက်နာဆောင်ရွက်ကြပါ။ အမေ့နားချည်း လှိမ့် မကပ်နေကြပါနဲ့။ နောက်တခါ ဒီပဲရင်းကိစ္စလိုမျိုး အဖြစ်မခံနိုင်ပါဘူး။
  1. Anonymous said... :
    တင်ပြချင်တာကတော့ သေချာပေါက် အမေစုကို သူတို့ အပိုင်လုပ်ကြံကြလိမ့်မယ်။ ဒါကြောင့် ဒီလောက်သဘောကောင်းပြီ လွှတ်ပေးတာပေါ့ နိုမို့ ဒီအကောင်တွေလား၊ တိုင်းပြည်မှာ ရှိနေတဲ့သူတွေရဲ့ သဘောထားကို အခု ကောင်းကောင်း သိနေနိုင်တာပဲလေ
    ပြည်သူတွေက စစ်အာဏာရှင်နဲ့ အပေါင်းအပါ (ဥပမာ ဇေကမ္ခာ ခင်ရွှေတို့)ကို အရမ်း နားကျည်းမုန်းတီနေကြပြီလေ၊
  1. Anonymous said... :
    ဒေါ်ဆုကို နှုတ်ဆက်အားပေးချင်ရင် တစ်ခြားနေရာမှာအားပေးသင့်တယ်လို့မြင်ပါတယ်... အသုဘမှာ လက်ခုတ်လက်ဝါးတီး အားပေးကြတာတော့ ဗုဒ္ဓဘာသာဝင် တို့မြန်မာလူမျိုးတွေထဲက တစ်ချို့သောသူတွေအသိဥာဏ်နည်းနေကြပြီလားဆိုတာ စဉ်းစားစရာပဲ.....
  1. Anonymous said... :
    အခုအချိန်တော့အမေစုကိုဒုက်ခပေးဦးမယ်မထင်ဘူး။မဲခိုးထားတာကိုအာရုံလွဲချင်လို့လွတ်ပေးထားလိမ့်ဦးမယ်။ နယ်စပ်မှာလဲနဲနဲပြန်ငြိမ်သွားပြီဆိုရင်၊လူထုကမဲလိမ်တာကိုအာရုံသိပ်မထားတော့ရင၊်ဒင်းတို့တခုခုယုတ်မာကြ လိမ့်ဦးမယ်လို့ယုံကြည်တယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved