ကြိုတင်မဲလား ... ?

Monday, November 8, 2010

မနေ့ညနေက စလို့ပေါ့လေ ... ဟိုပါတီ ဟိုမြို့နယ်မှာ ကြံ့ဖွံ့ပါတီကို နိုင်တယ်၊ ဒီပါတီ ဒီနေရာမှာ ကြံ့ဖွံ့ကို နောက်ကောက်ချပြီဆိုတော့ သတင်းတွေက လှိုင်လို့ပေါ့လေ။

သို့သော်လည်း ဆက်လက်ရေတွက်လို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဆီလည်း ပို့ရော ကြံ့ဖွံ့ပါတီသာလျှင် အပြတ်အသတ် နိုင်တာတွေချည်း တွေ့နေရပါတယ်။

နိုင်မှာပေါ့ ... သိတဲ့အတိုင်း ဘယ်က ဘယ်လို ပေါ်လာမှန်းမသိတဲ့ ကြိုတင်မဲ ဆိုတာတွေကို ကြံ့ဖွံ့က အိတ်ထဲ ထည့်ထားတာကိုး။

ပြည်သူတွေကတော့ ကြံ့ဖွံ့ လိုသလို ထုတ်သုံးနေတဲ့ ကြိုတင်မဲတွေကို အမည်သစ်ပေးလိုက်ပါပြီ။

“ဂျိုကာမဲ”
တဲ့။

2 comments :

  1. မောင်သန့် ။ said... :

ွှအရူး တချို့ တွေ့ ဘူးကြမှာပေါ့။ အ၀တ်မကပ်၊အရှက်တရားဘာမှန်းမသိတော့တဲ့ လူတွေ။
    ခုလဲ ဒါမျိုးဘဲ။
    အာဏာအရူးကြီး ရူး ပီဆို လူ့ သိက္ခာမကပ်တော့ဘဲ အရှက်ကင်းကုန်ကြတာပါဘဲ။

  1. timothy said... :

    ဒါ့ကြောင့်ပြောတာပေါ့။ မဲမပေးနဲ့၊မဲရုံမသွားနဲ့၊မတပ်သာလို့သွားရယင်တောင်မှပါယ်မဲဖြစ်အောင်သပိတ်မှောက်ဘို့။
    ခုတော့အဖျက်သမား NDF, Democratic party တို့လုပ်လို့လူတချို့မဲရုံသွား၊မဲပေးတွေဖြစ်ကုန်ပြီပေါ့။ပေးသမျှမဲအကုန်သူ့မဲဖြစ်အောင်သန်းရွှေကအောက်လမ်းနဲ့လုပ်မယ်ဆိုတာလူတိုင်းအသိ။သောက်ကျိုးတော့နဲကုန်ပြီပေါ့ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved