အပြီးရှင်းမယ်တဲ့ ...

Monday, November 8, 2010

မြဝတီဘက် အခြမ်းမှာ အပြေးအလွှားဖြစ်နေတဲ့ ရဲတဦး။ (ဓာတ်ပုံ - AP)

ဧရာဝတီက ရရှိတဲ့ အတည်ထပ်မံ မပြုနိုင်သေးတဲ့ သတင်းများအရ ဒီနေ့ နေပြည်တော်မှာ အထူးအစည်းထိုင်ပြီးတော့ မြဝတီက DKBA နဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စကို တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါမလာခင် အပြီးအပြတ် ဖြစ်နိုင်တဲ့နည်းနဲ့ ချေမှုန်းပစ်ဖို့ ဗိုလ်သန်းရွှေက အမိန့်ပေးလိုက်ပြီလို့ သိရပါတယ်။

DKBA ဘက်ကနေ KNU တပ်မဟာ (၆) က ကူမယ်လို့ ဗိုလ်ကြီး စောထဲနေက ဧရာဝတီကို အလွတ်သဘော ပြောကြားသွားပါတယ်။

လောလောဆယ်မှာ ထိုင်ဘက်အခြမ်းကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် သောင်းဂဏန်းနဲ့ ချီတယ်လို့ သိရပါတယ်။ အခု ဒီပို့စ်ကို ရေးနေတုန်း အရေးပေါ် ဝင်လာတဲ့ သတင်းအရ ထိုင်းအာဏာပိုင်တွေက မြန်မာ စစ်ပြေးဒုက္ခသည် ၃ သောင်းလောက် ရှိနေပြီ၊ မဲဆောက်ဘက်မှာ ပြည့်နေပြီလို့ ပြောကြောင်း သိရပါတယ်။

3 comments :

  1. Anonymous said... :

    အင်း...စစ်တိုက်မှာကို မွဲလွန်းတဲ့အ၀တ်နဲ့ သေနတ်ကြောင့် နောက်ကတပည့်က အမဲလိုက်မယ်ထင်ပြီး ပြေးလိုက်နေရှာပါတယ်။ သနားစရာ ....

  1. Anonymous said... :

    please help DKBA!

  1. မောင်သန့် ။ said... :

    ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့ ရဲ့  အပြုတ်တိုက် လမ်းစဉ်ကြောင့် --ခုထိ
    ပြည်တွင်းစစ်ကြီး အဓွန့် ရှည်နေတာ လို့ ပြောရင် ။
    ဒါကို သင်္ခဏ်းစာမထုတ် ၊မယူကြရင်။
    နိုင်ငံရေး ကို စားပွဲဝိုင်း ပေါ် ဖြေရှင်းရမှန်း မသိကြရင်။
    ကျနော်တို့ ပြည်သူတွေ ငတ်မြဲငတ်လျက်၊ မွဲမြဲမွဲလျက်၊
    နိုင်ငံတကာ မျက်နှာငယ်မြဲ ငယ်လျက်။
    ရွာပြေးရွာရှောင် ဒုက္ခသည်တွေ ထဲ မြို့ ပြေးမြို့ ရှောင် ဒုက္ခသည်တွေ တိုးလာတာပါဘဲ အဖတ်တင် ပါတော့တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved