ဖိအားတွေကြောင့်တိုက်တယ်လို့ SSA- South ခေါင်းဆောင် ပြော

Monday, November 8, 2010


ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ DKBA က ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်တွေနဲ့ စစ်အစိုးရတပ်တွေကြားက တိုက်ပွဲတွေ ဟာ DKBA တပ်တွေအပေါ်ကို စစ်အစိုးရက ဖိအားပေးလွန်းတာကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA- South ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဒီနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။

တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဟာလည်း ဒီတိုက်ပွဲတွေဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်း အရင်းတခုဖြစ်တယ်လို့ SSA- South ခေါင်းဆောင်က ဌာနချုပ် လွိုင်တိုင်းလျန်းကနေ ဧရာဝတီကို တယ်လီဖုန်းနဲ့ ပြောဆိုပါတယ်။

အခုတိုက်ပွဲဟာလည်း စစ်ရေး အကဲခတ်တွေ ပြောဆိုနေတဲ့အတိုင်း ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေကို ချေမှုန်းတဲ့ သဘောမျိုး ဟုတ်၊ မဟုတ် ဆိုတာကိုလည်း SSA- South က အထူး စောင့်ကြည့်နေပါတယ်လို့လည်း SSA- South ခေါင်းဆောင်က ပြောဆိုပါတယ်။

SSA- South အဖွဲ့ဟာ ခန့်မှန်းချေ အင်အား ၇ ထောင်အထက် ရှိတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ကြပါတယ်။

2 comments :

  1. ကျော်ကြီး said... :

    စစ်မတိုက်ဘဲ ဆရာကြီးလုပ်ချင်တဲ့ ရွက်ဆစ်။ တခြားလူမျိုးစု တိုင်းရင်းသားတွေကို လူမမှတ်ဘူး။ ရှမ်းပြည်မှာ ရှမ်းလူမျိုး တမျိုးတည်း ရှိတယ် မထင်နဲ့။ တော်လှန်ရေးလေ့ မဆန်ဘူး။ ပဒေသရာဇ် စော်ဘွား တမျိုးဘဲ။ နေရာမရရင် ဘယ်တပ်ပေါင်းစုမှာမှ မပါတဲ့ ရွက်ဆစ်။ တောပြော တောင်ပြောတွေ မပြောပါနဲ့။

  1. Anonymous said... :

    နောက်မှာရပ်နေတဲ့ စစ်သားလေး အသက် ၁၈နှစ်ကျော်မယ်လို့ မထင်ဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved