ဘုရားသုံးဆူမြို့ နောက်ဆုံးအခြေအနေ

Wednesday, November 10, 2010

ဘစောတင်၊ နိုဝင်ဘာ ၉၊ ၂၀၁၀

ယမန်နေ့ က ဘုရားသုံးဆူနယ်စပ်တွင် တနေကုန်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွါးပုံနှင့် ပတ်သက်၍ ထိုင်းဘက်ခြမ်း သုံးဆူရွာမှ မွန်သတင်းသမား တဦးက ယခုကဲ့သို့ ပြောသည်။

သတင်းထောက်တွေတိုင်း သွားလို့ မရဘူး။ အဲဒီနေရာတွေက အန္တရာယ်ရှိတဲ့ နေရာလို့ သတ်မှတ်ထားတယ်။ ကျနော်တို့ က ထိုင်းထောက်လှမ်းရေး အကူအညီနဲ့ သွားရတယ်။ ထိုင်းထောက်ရယ် ထိုင်းစစ်တပ်နဲ့ တွဲသွားရတယ်။ ကျနော်တို့ လူတွေနဲ့ တွေ့ တယ်။ အင်တာဗျူးတယ်။ အခြေအနေမေးတယ်။ အဲဒီမှာ ဒေသခံကိုမေးတယ်။ သူတို့ ရဲ့အမြင် မေးတယ်။ သုံးဆူဘက်က ရပ်ကွက်လူကြီးတွေကို မေးတယ်။ ဟိုဘက် သုံးဆူကနေ ဒီကိုပြောင်းလာကြတယ်။ သူတို့ ဟိုမှာ နေခွင့်မရတော့ဘူး။ မြို့ မီးလောင်တာတို့ ။ ဗုံးကျတာတို့ ။ ဗုံးက တနာရီမှာတလုံး။ တခါတလေ တနာရီမှာ ၂ လုံး အဲသလိုကျနေတယ်။ ကျတာတွေကလည်း နေရာအနှံ့ ဘဲ။ ဘယ်နေရာ အများဆုံးကျလဲဆိုရင် ဟိုတောင်ဝိုင်းဘက်။ ဒီကေဘီအေတပ်ဖွဲ့ တွေရှိတဲ့ တောင်ဝိုင်းရွာဘက်ကိုကျတယ်။ တောင်ဝိုင်းရွာလည်း တမိုင် ၂ မိုင်လောက်ပါဘဲ။

အဲဒီဟာမှာ ညကတည်းက တောင်ဝိုင်းရွာက ဒီကေဘီအေတွေ တောင်ဝိုင်းရွာက ကရင်ရွာသားတွေ။ ဘုန်းကြီးတွေ မနေတော့ဘူး။ ညတွင်းချင်း ပြေးဝင်လာတယ်။ ဘုရားသုံးဆူ ဘုရားကုန်းရွာပေါ့လေ။ ထိုင်းဘက်ခြမ်း။ ညက ၇ နာရီလောက် ကျနော်ပြန်လာတာတွေ့ တယ်။ မနေ့ က အကုန်လုံးမှန်းကြတာ တသောင်းကျော်တယ်လေ။ သုံးဆူမှာဘဲ လူဦးရေ သုံးသောင်းလောက်ရှိတာကိုး။ ထိုင်းဘက်ပြေး။ စံခလဘူရီဘက်ပြေး။ မွန်ဘက်ပြေး။ မြန်မာပြည်က မွန်ဒုက္ခသည် စခန်း ဟလော့ဟနီတို့ ကိုပြေးကြတယ်။ မြို့ထဲမှာ လူသိပ်မကျန်တော့ဘူး။ ပြည်တွင်းကတပ်တွေ တက်လာတယ်လို့ သတင်းရတယ်။

ဘယ်လိုဘဲတက်တက် ၇ ရက်လောက်တော့ကြမယ်။ ဒီမိုင် ခရီးကို။ လေတပ်တော့ မလာနိုင်ဘူး။ လေတပ်လာရင် မြို့ ကို မီးရှို့ ရုံကလွဲလို့ ဘာမှ လုပ်မရဘူ။ ပြီးတော့ ထိုင်းဘက်ကို ကျော်ရမယ်။ မိုးပေါ်ကလာရင် ပိုကြိုက်တာပေါ့။ တောင်ပေါ်က စောင့်နေတယ်။ လေတပ်လာကူဖို့ သိပ်မလွယ်လှဘူး။ ကျနော်တို့ ရောက်နေတဲ့ အချိန်မှာ တဂျိန်းဂျိန်း မြည်နေတာဘဲ။

ဒီကေဘီအေတွေက ရင်ဆိုင်တိုက်ပွဲတွေ မလုပ်ဘူး။ မနေ့ က ပြောက်ကျားတိုက်ပွဲဆိုတော့ ဒီကေဘီအေတွေက ထွက်မတိုက်ဘူး။ နအဖ ဘက်ကဘဲ လက်နက်ကြီတွေနဲ့ ပစ်တာ။ မြို့ ပြင်မှာ နေတဲ့ နအဖ စစ်သား ၂၅၀ လောက်လည်း အခု တပ်တွင်းကို ပြန်ဝင်သွားပြီ။ ဘာလို့ ဆိုတော့ ကေအဲန်ယူလည်းရှတယ်။ ဒီကေဘီအေ ၉၀၆ လည်းရှိတယ်။ အခုအချိန်မှာ ဒီကေဘီအေလား ကေအဲန်ယူလား ခွဲခြားဖို့ ခက်တယ်လေ။ ကရင်တွေဘဲ။ ပြောက်ကျားတွေဘဲ။ တွေ့ နေရတယ်။
ဒါပေမဲ့ ဘုရားသုံးဆူမြို့ ကို ဘုန်းကြီးတွေကဘဲ လုံခြုံရေးလုပ်ပေးနေတယ်။ အိမ်တွေမှာ ပစ္စည်းတွေကို ၀င်လုမှာတို့ ။ ၀င်ဖောက်မှာတို့ ကိုလည်း စိုးရတယ်လေ။ ဖောက်တဲ့သတင်းလည်း ကြားနေရတယ်။

ဘုန်းကြီးတွေက ဒီအိမ်တွေကို မဖောက်ရအောင် ရပ်ကွက်လုံခြုံရေးတွေ လုပ်ပေးရတယ်။ ဒိကေဘီအေက မြို့ လုံခြုံရေးကို ဘာမှ မယူဘူး။ သူက တိုက်ခိုက်ရေးသက်သက်ဘဲ။ ရင်ဆိုင်တိုက်ပွဲတွေ သေနတ်သံသေးသေးတွေ သိပ်မကြားရဘူး။ ဒီကေဘီအေက လှမ်းပစ်နေတာမဟုတ်ဘူး။ နအဖ တပ်တွေက ဒီကေဘီတပ်ရှိမယ်ထင်တဲ့နေရာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ ၀ုန်းတလုံးချလိုက်တယ်။ မနေ့ က ထိုင်းဘက် တလုံးကျလာတယ်။ ဗမာ ၂ ယောက်ဒဏ်ရာ ရသွား သွားတယ်။ လမ်းမဘေးနားကိုကျတယ်။ ဒီကေဘီအေဘက်က ဘာမှ သိပ်မပစ်ဘူးလေ။ ကျည်ဆံချွေတာတဲ့ သဘောလား မသိပါဘူး။ နအဖတွေမှ မထွက်လာတာ။ ဘယ်လိုပစ်မှာလဲ။ ဒီနေ့ မနက်တော့ ငြိမ်သက်နေတယ်။

လူတွေက ထင်နေတာကတော့ မြ၀တီဘက်က ဒီကေဘီအေတွေ ဒီကူပေါင်းဖို့ လာနေတယ်လို့ ပြောနေကြတယ်။

ထို့ ပြင် နယ်စပ်ကို စောင့်ကြပ် နေသော ထိုင်းနိုင်သား မြန်မာလူမျိုး ထိုင်းထောက်လှမ်းရေး တဦးက ဧရာဝတီကို ယခုကဲ့သို့ ပြောပြသည်။

မနေ့ ကတော့ ကရင်တွေက တောင်ပိုင်းဘက်ကို ဆုတ်ပေးလိုက်တယ်။ မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့  လှမ်းလှမ်းပစ်တယ်။ ခြောက်တာပေါ့ဗျာ။ တော်ကြာ တလုံး။ တော်ကြာတလုံး။ ညပိုင်းမှာ မကြာမကြာ တလုံးစီ တလုံးစီ ပစ်ပစ်နေတယ်။ မနက် ၄နာရီ ၅နာရီထိ တညလုံးပစ်တယ်။ ကရင်တွေကတော့ ပြန်မပစ်ဘူး။ ဘာလို့ ဆိုတော့ စစ်တပ်ကရွာထဲမှာ ဆိုတော့ သူတို့ က ပြန်မပစ်တာ။ ပစ်ရင် ရွာသားတွေထိမယ်။ ကရင်တွေက မြို့ ပြင်ဘက်က တောင်ဝိုင်းရွာဘက်မှာ ရှိနေတယ်။ လူတွေက တသောင်းကျော်လောက်တော့ ဒီဘက်ကို ထွက်ပြေးလာနေကြတယ်။ လူတွေက ဟိုတစု ဒီတစုဆိုတော့ ခန့် မှန်းရခက်တယ်။

၁၀ နှစ် အရွယ် မိန်းကလေးတယောက် မြန်မာပြည်ဘက်ခြမ်းမှာ လက်နက်ကြီး ထိတယ်။ လက်နက်ကြီးထိလို့  ဒဏ်ရာရတာ ၂ ရက်ပေါင်း စုစုပေါင်း ရှစ်ယောက်။ ဆေးရုံသတင်းအရပြောတာ။ ဒီနေ့ တော့ တိုက်တာ ခိုက်တာ မကြားသေးဘူး။ ကောလဟလ ထွက်နေတာက မြ၀တီဘက်က ဆုတ်လာတဲ့ ဒီကေဘီအေတွေ ဒီဘက်ကို လာနေတယ် လို့ ကြားတယ်။ ဒီကို စစ်ကူလာမလို့ ပေါ့လေ။

1 comments :

  1. kyawra said... :

    thank you for i read your lie world ,i am myanmar ,if you don't want to us ,we also don't want you that all

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved