မြိတ်သွားပြီး ကြံ့ဖွံ့ ကို မဲထည့်တဲ့ လွင်မိုး

Tuesday, November 16, 2010















www.popularmyanmar.com

အားလုံးက ကြံ့ဖွံ့ပါတီကို မဲမထည့်ချင်ပဲ ထည့်လိုက်ရတဲ့ အခြေအနေမှာ တမူထူးတဲ့ မင်းသားလွင်မိုးက ကြံ့ဖွံ့ပါတီကို လိုလို လားလား ရက်ရက်ရောရောနဲ့ တကူးတကလေယာဉ်စီးပြီး မဲသွားထည့်ခဲ့တယ်လို့ ကြားသိရပါတယ်။


ကြံ့ဖွံ့ပါတီကနေ ၀င်အရွေးခံတဲ့ ယုဇန ဦးဌေးမြင့်ရှိရာ မြိတ်ကို သွားပြီး မဲပေးခဲ့သလို ဇနီးသည်နဲ့ အတူ မေသန်းနု၊ ဇူးဇူးမောင် တို့ ပါ ခေါ်သွားသေးတယ်လို့ လျှက်တပြက်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့ကကျနော့် ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ” ဟူသော လွင်မိုးက လျှက်တပြက်မှာ ပြောဆိုထားပါတယ်။

ဒီလို မင်းသားလွင်မိုးက လူတကာမထည့်ချင်တဲ့ စစ်အစိုးရ ပါတီ ဘက်ကနေ မဲထည့်ခဲ့တာကြောင့် ဝေဖန်မှုတွေ တော်တော် ခံနေရတယ်လို့ သိရပါတယ်။

လွင်မိုးရဲ့ ရွေးကောက်ပွဲနေ့ မဲပေးမှု အတွေ့အကြုံတွေအပြင် မဲပေးစဉ်မှာ လွတ်လပ်တဲ့ အရသာကို ခံစားရတယ်လို့ လည်း ပြည်တွင်းထုတ် ပေါ်ပြူလာဂျာနယ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖြေဆိုထားပါတယ်။

မဲပေးတဲ့နေရာမှာလည်း အဆင်ပြေတာမှ ချောနေတာပါပဲ။ မဲပေးနေတုန်း ထူးခြားချက်ကတော့ တော်တော်များများ မဲပေးကြ ပါတယ်။ ကျနော် ပေးတဲ့ အချိန်ကဆို မဲတွေတောင် ပြည့်နေပြီ။ နေ့လယ် ၁၁ နာရီပဲ ရှိသေးတာတောင် မဲပုံးက ပြည့်နေ တာပဲ။ သူတို့ကြိုက်တဲ့ ပါတီကို လွတ်လွတ် လပ်လပ် မဲပေးခွင့် ရှိလာတော့ လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရပြီ လို့ ကျနော် ခံစားရတယ်။ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေကို လူတွေ စပြီး ရရှိရတော့မယ် ဆိုပြီး မြန်မာနိုင်ငံရဲ့အလားအလာကို ကြိုတွေးလို့ ကျနော် ကိုယ်တိုင် အလိုလို ဝမ်းသာနေမိပါတယ်” ဟု မင်းသားလွင်မိုးက ပြောဆိုထားပါတယ်။


မင်းသားလွင်မိုးရဲ့ ရောင်းရင်းတွေဖြစ်တဲ့ သရဲလေးကောင်ကိုလည်း မဲပေးတဲ့ ခရီးစဉ်မှာ ပါဝင်သွားတယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက် TRUS NEWS ဂျာနယ်ကနေ ပြန်ရှင်းထားတာတွေ့ရပါတယ်။

ဧရာဝတီက သရဲလေးကောင်ထဲက လူရွှင်တော် ငှက်ပျော်ကြော်ကို လွင်မိုးကိစ္စမေးကြည့်တော့ သူက “ ရှုတင်ရှိတော့ မအား လို့ မလိုက်ဖြစ်ဘူး။ သူက တချိန် က အနုပညာသမား ၊ ခုက စီးပွားရေးသမားဖြစ်နေတော့ သူလုပ်ငန်း တွေနဲ့ နွှယ်နေတော့ စီးပွားရေးနည်းနည်းပါသွားပြီပေါ့။ သူ့ဘ၀အတွက် စီးပွားရေးနဲ့ လှုတ်ရှားတာဆိုတော့ မှားတယ်မှန် တယ် ပြော လို့မရဘူးပေါ့။ တချိန်ကတော့ လက်တွဲလုပ်လာပေမယ့် မထင်မှတ်တဲ့ အချိုးအကွေ့တွေကို သွားအပြစ်တင်လို့တော့ မရဘူး ” လို့ ပြန်ပြော ပါတယ်။

ငှက်ပျော်ကြော်ကတော့ ရှုတင်ကြောင့် ရွေးကောက်ပွဲမှာ မဲသွားမပေးဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲမတိုင်မီက ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးရေးတွေ လုပ်ခဲ့တုန်းက “ဒီခရီးစဉ် တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” လို့ သူက ဧရာဝတီကို ပြန်ဖြေခဲ့ပါတယ်။

ကြံ့ဖွံ့ပါတီ ကိုယ်စား မြိတ်မြို့ကနေ ၀င်ပြိုင်တဲ့ ဦးဌေးမြင့်ဟာ ရွေးကောက်ပွဲ မတိုင်ခင်က ကချင်ပြည်နယ်မှာ မြေယာအသိမ်း ခံရတဲ့ တောင်သူ ၄၆ ဦးက တရားစွဲတာကို ခံခဲ့ရပေမယ့် ကချင် ပြည်နယ်တရားရုံးက တရားခံအမည် နေရာတွင် ကြံ့ဖွံ့အမတ် လောင်း ဦးဌေးမြင့်ကို ဖြုတ်ပြီး သူရဲ့ လက်ထောက်တဦးရဲ့ နာမည်နဲ့ အစားထိုးခဲ့တဲ့ လုပ်ရပ်တွေပြု လုပ်ခဲ့သူဖြစ်ပါတယ်။

မင်းသားလွင်မိုးနဲ့ ကြံ့ဖွံ့ပါတီကို မဲထည့်ခဲ့တဲ့ သူ့ရဲ့ စိတ်ကူးကို တင်ပြနိုင်ဖို့ ဧရာဝတီက ဆက်သွယ်မေးပေမယ့် ဂေါက်ရိုက် နေတာကြောင့် မအားဖူး ညမှ ဖုန်းပြန်ဆက်ခိုင်းခဲ့ပါတယ်။

လွင်မိုးနဲ့ အင်တာဗျုး နောက်ဆက်တွဲ သတင်းကို ဧရာဝတီသတင်းစာမျက်နှာမှာ ဆက်လက်ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။

နရီလင်းလက်


65 comments :

  1. Anonymous said... :

    မင်းသားလုပ်ဖို့ဆိုတာကလည်းအရွယ်လွန်.လုပ်သမျှအလုပ်ကလည်းမအောင်
ုမြင်ဆိုတော့လည်းကြံဖွတ်အရိုးအကြွင်းအကျန်ကိုအရှက်မရှိလျှက်ရတော့တာပေါ့
    သနားစရာမင်းသား.အို့ အို့...

  1. Anonymous said... :

    ကြိုက်မဲပေးပိုင်ခွင့် အခွင်အရေးဆိုတာ မဲပေးသူတိုင်းရဲ့ အခွင့်အရေးပါ.. ကြံ့ဖွံ့ကိုကြိုက်လည်းရပါတယ်.. ကြံ့ဖွံ့ ထဲမှာ မင်းအဖေပါနေရင်တောင်မှ ဒီအဖွဲ့ရဲ့သဘောထား နိုင်ငံရေးအမြင်တွေဘယ်လောက်ရှိလည်း ပြည်သူကို ဘယ်လောက်အကျိုးပြုနိုင်သလဲ ဆိုတာမဲမထည့်ခင်စဉ်းစားသင့်တယ်.. အရှင်းကြီးပါ အခြေခံမူသိထားရင်ကို မဲရုံမသွားသင့်တာ လူတိုင်းသိတယ်.. ထားပါတော့.. မင်းသား ရှုတင်တွေများလွန်းလို့ စာသိပ်မဖတ်ဖြစ်ဖူးနဲ့တူတယ်.. ကိုယ့်မိသားစု အဆင်ပြေစေယုံနဲ့ တခြားသန်းပေါင်းများစွာသေလူတွေကို မစတေးလိုက်ပါနဲ့ မင်းသားရေ.....

  1. Anonymous said... :

    ဘာမှ မဆန်းပါဘူး။ လွင်မိုးက ဟူးကောင်း ဒေသမှာ ရွှေတူးနေတာ။ ၃နှစ် ပါမစ်ရထားတယ်တဲ့။

    ဟိုလူတွေက ရွှေတူးတယ် ဆိုပြီး ဘိန်းလုပ်တာ။
    ဗမာပြည်တွင်းမှာ မူးယစ်ဆေးဝါးကို အကြီးအကျယ် ထုတ်နေတာ လူတိုင်းသိပဲ။

    နောက် ဗမာပြည်မှာ အကြီးဆုံး ၂လုံးထီကိုင်တာလည်း သူပဲ။
    ဒီတော့ ကြံ့ဖွတ်ကြိုးဆွဲသလို ကရတော့တာ မဆန်းပါဘူး။
    ဒီကော့မန့်ကို တင်ပေးပါ။ ဒီကိစ္စ မဟုတ်ရင် မဟုတ်ဘူး ဆိုတဲ့ အကြောင်း ကိုလွင်မိုး ပြန်ဖြေခိုင်းပါ။

    အမှန်လိုလားသူ

  1. လွင်မိုးဟာ စီးပွားရေးသမား ဖြစ်သွားပါပြီ။ အခုလည်းစီးပွားရေး အရ၊ ဦးဋ္ဌေးမြင့်ကို သွားထောက်ခံတာ နေမှာပေါ့။ လွတ်လပ်စွာမဲ ပေးရ တယ်၊ဘာညာသာလကာ လျှောက်ပြောတာက ကြံ့ဖွတ်ကို မဲပေးမှာတော့ လွတ်လပ်မှာပေါ့။ တခြားပါတီအတွက်ဆို ဘယ်လွတ်လပ်ပါ့မလဲ ကြိုတင်မဲတွေကို ကြံ့ဖွတ်အတွက် အတင်းကြပ် ပေးခိုင်းတာ ခံရတဲ့ ဒီဒေသက ဝန်ထမ်းတွေကို မေးကြည့်ပါလား....လွင်မိုးဘယ်လောက်ထိ အသိတရား နဲလည်းဆိုတာကြည့် ဘုန်းကြီးပုံတွေကို မြင့်မြတ်တဲ့ နေရာ ဘုရားစင်နားတို့မှာ ထားရမှာ ခုံပေါ်တင်ထားတာပဲ့ကြည့်။

  1. soe said... :

    ဧရာဝတီသတင်းထောက်ကို ပြောပါရစေ.. အချိန်ကုန်မခံပါနဲ့ .. လွင်မိုးဆိုတာ ထူးခြားမှူ့  မရှိသောသာမာန်လူတယောက်ပါ.. ပြည်သူတွေရဲ့ role model မဟုတ်ပါ.. ဖျော်ဖြေရေးသမားတော်တော်များများဟာ ထမင်းစားဖို့ အသက်ရှင်နေတာပါ.. ယနေ.ခေတ်မြန်မာ မျိုးဆက်တွေဟာ ဒီရုပ်ရှင်သမား ဒီပါတီမဲထည့်လို့  လိုက်ထည့်မယ်ဆိုတာ မရှိပါဘူး.. personal qualification တွေကို မပြောချင်ပါဘူး.. ကိုယ့်အရည်အချင်း ကိုယ်အသိဆုံးပါ... ဒါကြောင့်  ထားလိုက်စမ်းပါ..အလကားမာန်တက်နေမယ်

  1. Anonymous said... :

    သာပေါင်းညာစား ဆိုတာ သရုပ်ဆောင် မဖြစ်ခင်ကတည်း က သူ့ကို ခေါ်ကြတာ .

  1. Anonymous said... :

    ဒီကောင်တွေကစီးပွားရေးကျားတွေပါ၊ နိုင်ငံရေးထက်စီးပွားရေးအရသူဋ္ဌေးနဲ့
    ပေါင်းတဲ့သာကူးတွေပါ၊ ကြောင်ခံတွင်းပျက်နဲ့ဇရက်တောင်ပံကျိုးတွေ့ကြတာပါ။
    စီးပွားရေးဘဲဆက်လုပ်ပါ အမတ်တော့မလုပ်ပါနဲ့လို့နိုင်ငံအတွက်ရင်လေးလို့ပါ။

  1. Anonymous said... :

    “လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရပြီ လို့
    ကျွန်တော် ခံစားရတယ်။” လို့ ဒင်းက အဲ့လို ပြောလိုက်တာ သန်းရွှေကြီးက ဒင်းကို
    ထသတ်ချင်စိတ်လေးများ မဖြစ်ခဲ့ဘူးလား?

    အခုမှ လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရတာဆိုတော့ ပြီးခဲ့တဲ့ ကာလတွေက အဲ့လို မခံစားခဲ့ရဘူးပေါ့လေ... ဂလိုလား...
    ...ဒင်းတော့ သန်းရွှေလုပ်ရင် နာတော့မယ်... :P

  1. Anonymous said... :

    ဒီမှာ မှတ်ထား
    နင်သေတောင် ရုပ်ရှင်ရိုက်လို့မရတော့ဘူး
    ရုပ်ရှင်လောကထဲဝင်မလာနဲ့တော့
    ပိုက်ဆံမရှိရင် ရဲရဲသာတောင်းစားပါကွာ
    ရိုးရိုးသားသားတောင်းစားရင် ပိုကောင်းမယ်

  1. Anonymous said... :

    အနုပညာနယ်ထဲ စရောက်ခါစကတော့ အသက်ပေးပြီး အနုပညာကိုမြတ်နိုးလို့ တသက်လုံးပဲ ဘဝမြုပ်မယ်တို့ဘာတို့ပေါ့ကွာ ဆိတ်ခွေးစေ့တွေပါ(ဟိုပေါင်ပြေးကပ် ဒီပေါင်ပြေးကပ်) သာတဲ့ဘက်ကူးနေတာ နိုင်ငံရေးဆိုတာ ကိုယ့်စီးပွါးရေးထိလေးထိခိုက်မှ မြေုာက်ပေးတဲ့ကောင်ရှိမှ ထစိတ်ဝင်စားချင်ယောင်ဆောင်တဲ့ကောင်တွေ (အမျိုးစစ်မှ မျိုးချစ်စိတ်ဆိုတာရှိတာ)

  1. Anonymous said... :

    အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား အ၀ိစိစိတ်ဓါတ်နဲ.၊ ရှက်တတ်မယ်ဆိုရင် လူလုပ်ဖို့တောင်မကောင်းဘူး။

  1. Anonymous said... :

    လွင်မိုးကို အစက " လူ " လို.ထင်နေတာ...
    အခုမှ " ဆိတ်ဟိုဒင်း" မှန်းသိတော့တယ်....

  1. Aung Chan Thar said... :

    ကြံဖွံ ပါတီ .. ပါတီ မထောင်ခင်ကတည်း က ဘာတွေ လုပ်လို့ ၊ ဘယ်လို ရာဇဝင်ဆိုတာ သိရက်နဲ့ ၊ ပြည်သူက ချစ်တဲ့ အနုပညာရှင် ဖြစ်ရက်နဲ့ .. လုပ်ရက်ပါပေ့ မင်းသားရယ် ... ။ ပြည်သူက ကျွေးခဲ့တဲ့ ထမင်းကို မှ အားမနာ ... ရွံတယ် ကွာ .. ။

  1. Anonymous said... :

    လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက သူဟာ မြို့တော်ဝန် ဦးကိုလေး ရဲ့ မိန်းမကို ခြူစားနေတယ်ဆိုတဲ့ ကောလဟာလ ထွက်ဖူးတယ် ။ ဒါကိုထောက်ရင် သူဟာ ငွေရဖို့ ဘာမဆို လုပ်တယ်ဆိုတာ ယုံရမလိုဖြစ်သွားပါပြီ ။

  1. Anonymous said... :

    လူတွေမှာလွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်၊ အဲဒီးအတွက်ကြောင့်သူ ကြံကိုပဲပေး ပေး၊ ဖွတ်ကိုပဲပေး ပေး၊ အဲဒီအပေါ်မှာဘာမှမပြောလိုပါဘူး။ဒါပေမယ့် အာလုံးသိထားသင့်တယ်ထင်တဲ့အကြောင်းတော့ပြောပြပါမယ်။ အဲဒါကတော့ သူဟာ တေဇ နဲ့အလွန်းရင်းနှီးတဲလူဆိုတာပါပဲ။ လွန်ခဲတဲ့ ၂၀၀၄ world cup တုန်းက တေဇရုံးမှာ သူရယ် တေဇရယ် ဇော်ဝင်းထွတ်ရယ် ရှေဆုံတန်ကနေသူ့ရုံးကဝန်းထမ်းတွေနဲ ထိုင်ကြည့်နေခဲတာ။ ခင်ဗျာတိုမယုံရင် ဇော်ဝင်းထွတ်ကိုမေးကြည့်သူလဲ ကြံဖွတ်ကိုပဲ မဲပေးမှာ။ သူတိုက တဖွဲထဲသားတွေ။ သူကြံဖွတ်မဲပေးလဲ ဘာဂရုစိုက်စရာလိုလဲ၊ လူတိုင်မှာလွတ်လပ်ခွင့်ရှိတာပဲ၊ အဲဒီမူကိုကိုင်ပြီးတောကျွန်တော်တိုလဲ သူ့ကို ဘန်းလိုက်ရုံပေါ့။ ဘာခက်တာမှတ်လို့။

  1. Anonymous said... :

    အမတ်လုပ်မလို့လား.......မင်းကပညာဘယ်လောက်တတ်လို့လဲ။

  1. Anonymous said... :

    ပြည်သူတွေကျွေးတဲ့ထမင်းစားခဲ့ပြီး...အခုပြည်သူတွေကိုထမင်းငတ်အောင်လုပ်မလို့လား...???

  1. ဇာ said... :

    လွင်မိုး ..
    နင်ကြိုတွေးထားတဲ့ မြန်မာနိုင်ငံရဲ့အလားအလာဆိုတာ .. နင့်အဘက 166 ယောက်၊ နင့်အဖေက 85% = 425 ယောက် ... 644 ယောက်မှာ စုစုပေါင်း 591 ယောက်က နင်တို့မိသားစုချည်းပဲ၊ နင့်ကိုထမင်းကျွေးနေတဲ့ နင့်ပရိတ်သတ်ကို အရင်အတိုင်း နလံမထူနိုင်အောင် ဆက်လုပ်ဦးမှာကို နင်က မျှော်လင့်နေတာလား။
    ဟိုနေ့က ကျော်သူကပြောတယ် .. ပရိတ်သတ်ကျွေးတဲ့ထမင်းကိုစားခဲ့ရလို့ ခုတစ်ခါ သူ့အလှည့်မှာ ပရိတ်သတ်ကို ကျေးဇူးပြန်ဆပ်တာတဲ့ .. နင်ကတော့ ပရိတ်သတ်ကျွေးတဲ့ထမင်းကိုစားပြီး ယိုချတဲ့ချေးနဲ့ ပရိတ်သတ်မျက်နှာကို သုတ်နေတာပဲ ..
    ဒေါ်စုပြောသလို .. နင်တော့ နင့်လိပ်ပြာခုံရုံးမှာ အစစ်ခံဖို့ လိုနေပြီ။

  1. Anonymous said... :

    မောင်လွင်မိုးလေး..(၁၀) တန်းအရင်အောင် အောင်ဖြေပါအုံး

  1. Unknown said... :

    အန်ချင်စရာကောင်းလိုက်တာ.

  1. Anonymous said... :

    လွင်မိုးဟာ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာ ကုမ္ပဏီထောင်ပြီး ရွှေတူးဖော်ရေး လုပ်နေပါတယ်။ ဆိုးဝါးတာ တစ်ခုကတော့ ရွှေချက်ရာမှာ သုံးတဲ့ ဓာတုဗေဒ ဆေးတစ်မျိုးဖြစ်တဲ့ ဆိုဒီယမ်ဆိုင်ယာနိုက်တွေကို စည်းမဲ့ကမ်းမဲ့စွန့်ပစ်တာပါပဲ။ ဗိုလ်မှူးတင်ဌေး ဆိုတဲ့ စစ်ဗိုလ်လူထွက်လည်း အဲဒီဒေသမှာ ကုမ္ပဏီထောင် လုပ်စားနေပါတယ်။ ဒေသခံတွေဟာ နောက်ဆုံးမှာ သစ်တောပြုန်းတီးမှုနဲ့ ဓာတုဗေဒ အဆိပ်သင့်မှုသာ ရလဒ်အဖြစ်ကျန်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး ဌာနများမှ သွားရောက်ကွင်းဆင်းလေ့လာပြီး ဒေသခံတွေကို ကာကွယ်ပေးသင့်ပါတယ်။ လွင်မိုးနဲ့ စစ်ဗိုလ်ချုပ်တွေအပါအဝင် အပေါင်းအပါ တစ်စုဟာ ရွှေ ကိုသာ ယူသွားမှာဖြစ်ပြီး ဗန်းမောက်မြို့နယ် တိုးတက်ရေးအတွက် ကျောင်းကလေးတစ်ဆောင်၊ ဆေးရုံးလေးတစ်လုံး၊ တံတားလေးတစ်စင်းတောင် ကောင်းအောင် လုပ်ပေးခဲ့တာ မဟုတ်ပါဘူး။ လုပ်ပေးမှာလည်း မဟုတ်ပါဘူး။

  1. mg said... :

    ဒီမိုကရေစီ သဘောသဘာဝအရ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်မဟုတ်လား...ဒါကိုလက်ခံကြလား?လက်ခံတယ်ဆိုရင် ဘာလို့ သူများရဲ့ လွတ်လပ်စွာယူဆခွင့်ကို ဝေဖန်နေရတာလဲ?အခြေခံဥပဒေကို သူ့ပါသူ ဖတ်ဖတ် မဖတ်ဖတ် သူကြိုက်ရာ သူထည့်မှာပဲ...ဘယ်နိုင်ငံကများ အခြေခံဥပဒေကို လူတိုင်းဖတ်လို့တုန်း?ကြံဖွံ့ကို မထည့်တဲ့သူတွေက အခြေခံဥပဒေကို ထောင့်စေ့အောင် ဖတ်တယ်လို့ဆိုလိုချင်သလား?ဒါဆို ကျုပ်မေးမယ် အဲဒီလူတွေ တကယ်ဖတ်မဖတ် သိချင်တယ်...သက်သေခေါ်ပေးနိုင်မလား?မခေါ်ပေးနိုင်ရင် မပြောပါနဲ့...

    NDF ဦးခင်မောင်ဆွေရဲ့ ပြိုင်ဘက်နယ်မြေမှာ မဲရုံမှုးတာဝန်ကို အဆိုတော် ရသ ကတာဝန်ယူလုပ်တော့ကြတော့ ဘာသံမှမထွက်ပါလား။နောက်အဆက်မှာ အမတ်လုပ်မယ်တောင်ဆိုသေးတယ်...ပညာရေးကို ပြောင်းလဲမယ်လို့ဆိုတယ်...ရသ မှာ ပညာဘယ်လောက်တတ်လဲ ကျုပ်မေးချင်တယ်...ပညာရေးတစ်ခုပြောင်းလဲဖို့က သာမာန်ဘွဲ့ရယုံနဲ့ပြောင်းလဲလို့ရလား?ရသ က Phd တွေ ရထားသလား နိုင်ငံခြားကနေ ဘွဲ့တွေရနေခဲ့ပြီလား?ဘယ်လို အရည်ချင်း ဘာသာရပ်တွေ ဘာဘွဲ့တွေ ရနေခဲ့ပြီလဲ? သိရင်ပြောပြပါ...

    လွင်မိုးက မဲရှုံးမူးလည်းမလုပ်ဘူး နိုင်ငံရေးသမားလည်းမလုပ်ရသေးဘူး ကိုယ်ကြိုက်တာကို လွတ်လပ်စွာ မဲထည့်တာကို ဘာလို့ အပြစ်တင်နေရတာလဲ?ကျုပ်တော့ နားကိုမလည်နိုင်တော့ဘူးဗျာ....

  1. Anonymous said... :

    သူ့ အဒေါ်က မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ကဒု ဒါရိုက်တာ။ စလုံးမှာ နေတယ်။ နားဂစ်တုန်းက သူပေါ့ လွင်မိုးနဲ့ ကင်းကောင်တို့ ခေါ် ဟန်ပြ အလုပ် လုပ်ပြတာ။
    တကယ်က ၂လုံးငွေတွေကို ငွေဖြူလုပ်နေတာ။

  1. Anonymous said... :

    လွင်မိုး ကို တော်တော်ရွံနေကြပါတယ်။ လူတွေကော၊ ဘုန်းကြီးတွေရောပါ။ ဘယ်လိုဖြစ်မှန်းတောင် မသိပါဘူးဗျာ။

  1. လွင်မိုး ကြံ့ဖွတ်ကို မဲထည့်တာတော့ မဆန်းပါဘူး။ ဘာလို့လဲဆိုတော့ သူစီးပွားရေးလောဘသမား၊ ကိုယ့်ကြောင့်သူတစ်ပါးကို ပျက်စီးရာပျက်စီးကြောင်း ကြံဆနေလို့ ၂၀၀၈ အခြေခံရွေးကောက်ပွဲဥပဒေဆိုတာ သူမှမသိတာ၊နောက်တစ်ချက်က သူ့ကိုကြည့်ပါလား ၁၀ လူတိုင်းအောင်တဲ့ ၁၀ တန်းလောက်တောင် သူမအောင်တော့ သူ့မှာ ဘယ်ကလာလို့ဆင်ခြင်စဉ်းစားတတ်တဲ့ အသိဥာဏ်ကရှိမလဲ ၊ဘာနဲ့ တူတယ်ထင်သလဲ "အုတ် အုတ်ဆိုလာပြီးတော့ စိုးစိုးဆိုပြေးကိုက်တဲ့ ခွေးတစ်ကောင်"လိုပါပဲ .မြန်မာပြည်သူတစ်ရပ်လုံးအနေနဲ့ အမေရိက နှင့်ဥရောပ က မြန်မာပြည်ကို သန်းရွှေအစိုးရကို ပြစ်ဒဏ်ခတ်သလို ဒီခွေးလောက်မှအသိဥာဏ်မရှိတဲ့ ကောင်ကို ပြစ်ဒဏ်ခတ်ကြပါဖို့ နှိုးဆော်ပါတယ်

  1. Anonymous said... :

    ပြည်သူ ကြွေး တဲ့ ထမင်း ကို နှစ်ပေါင်း များ စွာ စား လာ ခဲ့ ပြီး မှ၊ ပြည်သူ့  ရင်ထဲမှာ တမြေ့ မြေ့  နာကျင် အောင် ပြောရက် ၊ လုပ်ရက် လိုက်ပလေတယ် ကိုလွင်မိုး ရယ်။

    နှင်း ဆီဝိုင် ဇာတ်ကား က စ ပြီး ရင်ထဲမှာ အရမ်း ကြိုက်နှစ်သက် ခဲ့ တဲ့ ကိုလွင်မိုး အတွက် အများကြီး ဝမ်းနည်း မိပါတယ်။

  1. Anonymous said... :

    he, Lwin Moe has nothing but only his balls.lol

  1. Anonymous said... :

    ရွေးကောက်ပွဲရလဒ်အရ ကြံ့ဖွံ့ကို မဲထည့်သူ (ကြောက်လို့မဲထဲ့သူ၊ မလွန်ဆန်နိုင်လို့ မဲထဲ့သူ၊ တာဝန်အရ မဲထဲ့သူ၊ ထဲ့ချင်လို့ မဲထဲ့သူ၊ ကြိုက်လို့ မဲထဲ့သူ၊ ယုံလို့ မဲထဲ့သူ၊ ပေါင်းစားဖို့ မဲထဲ့သူ၊ ကြိုတင် မဲထဲ့သူ၊ ကိုယ့်အမျိုးပါလို့ မဲထဲ့သူ၊ အတိုက်အခံကို မယုံလို့ မဲထဲ့သူ..စသည်ဖြင့် မဲထဲ့သူတွေမျိုးစုံ) ၈၀ရာခိုင်နှုန်း ရှိပါတယ်.. မဲထဲ့တာကို ပြည်သူကို သစ္စာဖောက်တာ ဆင်းရဲတွင်းနှစ်တာ ဘာညာကွိကွ ပြောနေကြတော့ မြန်မာပြည်မှာ ပြည်သူက ၂၀ရာနှုန်းပဲ ရှိပီး အစိုးရဘက်တော်သား၊ သစ္စာဖောက်၊ ပေါင်ကပ်၊ အသုံးမကျ တွေက ရှစ်ဆယ်ရာနှုန်း ရှိပါလားလို့ တွက်ရမလိုဖြစ်နေပါတယ်.. ထူးဆန်းပါပေ့ ပြည်သူဆိုပီး နင်ပဲငဆပြောနေတဲ့ ကော်မန့်ရှင်များရယ်.. (ဒါတောင် မဲထည့်တာနဲ့ပဲ သစ္စာဖောက်ပီဆိုတဲ့ စာရင်းကို အခြေခံပီး မတွက်ပဲ ကြံ့ဖွံ့မဲထဲ့သူ သီးသန့်တွက်ထားတာ)

  1. Unknown said... :

    သူဟာသူ ဘယ်သူကို ပေးပေး . သူ့မှာလဲ လွတ်လပ်ခွင့်ရှိပါတယ်။.။ ကိုယ်နဲ့ မတူတိုင်း လျောက်ပြီး ပုတ်ခတ်ပြောနေလို့ကတော့ ဒီမိုကရေစီ ဖြစ်မှာမဟုတ်ဘူး .. ဒါကြောင့်လည်း မရသေးတာ .. ကောင်းတယ်။။ ဒီလို လူမျိုးတွေနဲ့ကတော့ ဒီမိုကရေစီရလည်း ပိုပြီး မတည်ငြိမ်ဖြစ်မှာသေချာတယ်... သူများအတင်းပြောမယ်ဆိုရင် .. လျာအရိုးမရှိတိုင်း ပြောနေတာ..

  1. Anonymous said... :

    သြော်..လူတွေ..လူတွေ...ဒီမိုကရေစီ..ဒီမိုကရေစီ..ဆိုပြီး
    အော်နေကြတာ...ခုသူ့သဘောနဲ့သူ..ဒီမိုကရေစီ
    ဆန်ဆန် မဲပေးချင်တဲ့သူပေးတာကြတော့ဝိုင်းအပြစ်တင်နေကြတာ..
    ကိုလွင်မိုးသာပြည်ခိုင်ဖြိုးပါတီမဟုတ်ဘဲ တခြားပါတီမဲပေးရင်
    ဒီလိုဝိုင်းအပြစ်တင်မှာမဟုတ်ဘူး...သြော်..လူ့စိတ်ကလဲ ကိုယ့်
    အကြိုက်မဟုတ်ရင်...လက်မခံတတ်ကြတာပါလား...
    အတ္တတွေ...အတ္တတွေ....ဒီကွန်းမန့်တင်ပေးပါဗျာ....ဒီမိုကရေစီ
    ဆန်တယ်ဆိုရင်ပေါ့..ကျေးဇူးတင်ပါတယ်...

  1. Anonymous said... :

    လွင်မိုး အဲဒီလောက် ပေါမယ်လို့ မထင်ထားမိဘူး။ အဲဒီတော့ သောက်ပေါလို့ ပဲခေါ်မယ်

  1. Anonymous said... :

    ကွန်မင့်ကိုတင်ပေးပါဗျာ။ ဒီကောင်ကို ရွံလွန်းလို့။

  1. Anonymous said... :

    mg နင်. ကြီးတော် ကို မေး...နားမလည်ရင်....

  1. Anonymous said... :

    ဪကိုလွင်မိုးရယ် လုပ်မှလုပ်ရက်လိုက်လေခြင်းဗျာ ခဗျားကိုဆယ်နှစ်ကျော်လောက် ပိုက်ဆံတွေအကုန်ခံပြီး အားပေးလာခဲ့တာ အခုတော့ခဗျားကကျနော်တို့ကို ဒီလိုကျေးဇူးဆပ်လိုက်တယ်ပေါ့လေ ခဗျားပရိတ်သက်ဖြစ်ခဲ့မိတာ ကိုယ်ဟာကိုယ်ပဲရင်နာလို့မဆုံးဘူး

  1. Anonymous said... :

    hey irrawady...why dun u upload my comment?

  1. Anonymous said... :

    @အမ်းသားလေး : စီးပွားရေးသမားမို့ထည့်တာမစမ်းပါဘူး။ အကြောင်းမျိုးမျိုးကြောင့်မထည့်မဖြစ်လို့ ထည့်လိုက်တဲ့စီးပွားရေးသမားတွေလည်းရှိမှာပါဘဲ။ စမ်းတာက ဒီကိစ်စကို တိုင်းသည့်ပြည့်သည့် ဂျာနယ်ထဲ ထည့်အော်တာစမ်းတာ။ စဉ်းစားဥာဏ်လေးတစ်စက်ကျန်အုန်းမယ်ဆိုရင်တောင် ဒီကိစ်စ ပါးစပ်ပိတ်နေရမယ်ဆိုတာ ကလေးတောင်သိတယ်။ ဒီလိုအော်လိုက်လို့ အရိုးဘယ်နှစ်ချောင်းပိုကိုက်ရမလဲတော့မသိဘူး လောလောဆယ်တော့ ပြည့်သူ့မေတ္တာ တစ်တုံးတစ်တော့ ရသွားတယ်။

  1. Phyu4321 said... :

    အင်း လက်စသတ်တော့ ချိန်းဘရီး ရဲ့  ဗွီဒီယိုတွေ ကို ပိုက်ပိုက် အကုန်ခံပြီး ကြည့်ခဲ့ တာ နှလုံးနာတယ်ကွာ။ လွတ်လပ်စွာ ကွဲလွဲ လိုက်ပြီ ချိန်းဘရီး လွင်မိုးရေ။ ငါတော့မင်းကား သေတောင် မကြည့်ဘူး။

    အင်းရွေးကောက်ပွဲ ကို အကြောင်းပြု့ ပြီး လွင်မိုးတော့ စားသွားပြန်ပြီ။ ပျော့ပျော့လေး တစ်တုံး

  1. Anonymous said... :

    "ကျနော် ပေးတဲ့ အချိန်ကဆို မဲတွေတောင် ပြည့်နေပြီ။ နေ့လယ် ၁၁ နာရီပဲ ရှိသေးတာတောင် မဲပုံးက ပြည့်နေ တာပဲ။" ပြည့်မှာ ပေါ့ ငတုံးရ မဲတွေက ခိုးထားတာကိုး ဘယ်သူမှ မထည့်ခင်ကတည်းက ပြည့်နေတာ။ ခိုးထားလို့ပေါ့ဟ သူခိုးအားပေးတဲ့ကောင်၊ ငတုံးရ....။

  1. Anonymous said... :

    ပညာတတ်တာ မတတ်တာ ကို မပြောလိုပါဘူး။ ဒါပေမယ့် သူ ဟာ အတွေးခေါ် အသိတရား တော်တော် တော့ ခေါင်းပါးပြီး ကိုယ်ကျိုးစီးပွားအတွက် အရှက်မရှိ ပြောရဲဆိုရဲ တယ်ဆိုတာတော့ သိလိုက်ပြီ။

  1. Anonymous said... :

    You better eat kyaw thu's shit.

    MAUNG

  1. Anonymous said... :

    I no expected how you are so stupid likt that.

    You r not ordinary person, u r people's actor.

    If u think ur right do this vote, u ll be down to hell.

    MAUNG

  1. somebody fr Sg said... :

    Dear sisters n brothers

    Pls don't waste yr precious time coz of this useless fellow lwin moe.It's very obivious that what he is trying to do. Now he is just businessman n he will do just for the sake of his own family not for the rest of the burmese people. Life is very short n he seems start to write his black history. In fact, most of this actors n actress are like that , saying ..we will contribute for the people. Well, pls never waste yr money again by watching this kind of entertainment, in stead you should read good books that can give you a better knowledge so that our way of thinking will be higher.
    Time is the answer n everybody knows that who is really love the people or the country. I wish him to be confident upon his own words. I dare say that he is just want to survive only for this life.
    What the Buddha said, Being human life is not doing because of the sake of yr own benefit, but try to do something for the sake of the people.
    So, pls forgive him n but he cannot escape fr his own Kamma.

  1. Anonymous said... :

    ထက်ထက်မိုးဦးတို့ စိုးမြတ်သှူဇာတို့ အခုတလော ခောတ်စားနေတဲ့ မိုဒယ်မယ် အဆိုတော် လေးတွေ ဘာတဲ့ ဝိုင်းစုခိုင်သိန်း တို့ ဘာညာကွိကွ တို့ ရဲ့ ဘယ်သူ့ကို မဲပေးခဲ့ သလဲဆိုတာလေးတွေပါ ဖေါ်ပြပေးပါဦးဗျာ။
    ဒါနဲ့ တဆက်ထဲ သူတို့လေးတွေ ပညာ ဘယ်လောက်တတ်သလဲ ဆိုတဲ့ အကြောင်းသိရတာပေါ့။ ဟဲဟဲဟဲ.....
    မောင်လွင်မိုး ကတော့ ဘယ်သူတွေ ဘာပြောပြော ဘာထင်ထင် ငါကတော့ ဒါပဲ ဆိုပြီး လုပ်ပြလိုက်ပါတယ်။
    ဒီလိုဖွင့်ချပြလိုက်လို့ သူ ဘာပါမစ် ရတယ် ဆိုတာတော့ ပြောမှာ မဟုတ်ဘူးနော်။ အတန်း ပညာမတတ်ပေမဲ့ ဒီနေရာကျတော့ သူ လည်တယ်ဗျ။ မီဒီယာ ကလဲ ဒီမောင်ကို အဆင်းမှာ ဘီးတပ် ပြီး အချွန်နဲ့ မပေးလိုက်တယ်။ လွင်မိုး နောက် ၅ နှစ် ကြာရင် အမတ် ဖြစ်မှာ မဖြစ်မှာ မပြောနိုင်ပေမဲ့ ဒီကောင်တော့ ကိုယ်သေတွင်း ကိုယ်တူး သွားပြီ လို့ တွေးမိပါတယ်။ ပြည်သူတွေ က ကြံ့ဖွတ်တွေ ကို ဘယ်လောက်မုန်းတယ် ရွံတယ် ဆိုတာ သူမသိလေရောသလား..... ကြမ်းကျွံ ရင် နုတ်လို့ရတယ်။ စကားရော လူရော သူကျွံ သွားတာ မသိဘူး ထင်ပါ့ ဗျာ။

  1. Anonymous said... :

    နောက်ပိုင်း လွင်မိုးကားများ လုံးဝ မကြည့်တော့ပါ။

  1. ARTARLOOT said... :

    ကိုကျော်သူ့ ခြေဖ၀ါးအောက်က ဖုန်မှုန့် လေးလောက်တော့ မခန်းနားတော့ပါ လား ငလွင်မိုး ရယ်..ကျွတ်ကျွတ်ကျွတ်

  1. Anonymous said... :

    the welfare of the people of burma is the only thing we have to care for.

  1. ဗိုလ်ဗိုလ် said... :

    နိုင်ငံတကာရောက် မျိုးချစ်ဒီမိုကရေစီမိတ်ဆွေများ
    လွင်မိုးရုပ်ရှင် ဗွီဒီယိုခွေများရောင်းတဲ့ဆိုင်တွေကို မရောင်းရန်မေတာရပ်ခံရန်
    လွင်မိုးခွေများမီးရို့ရန်
    ဆောင်ရွတ်ပေးပျါရန် မေတာရပ်ခံအပ်ပါတယ်

    အဝေးရောက် ၈၈၈၈ မျိုးဆက်

  1. zaw said... :

    အလကားပါ သူ့ကိုသွားဗျူးလည်းအချိန်ကုန်တာဘဲရှိပါတယ်။ သူဖြေတာလည်းမ ဖတ်ချင်ပါဘူး ။ အဆင့်အတန်းမရှိတဲ့ကောင်။

  1. Anonymous said... :

    လွင်မိုးအကြောင်း MingalarGardenHotel (၁၉၉၇ လောက်က)ဝန်ထမ်းတွေကိုမေးကြည့်ပါ..ဖြူ/စိမ်း ပရိတ်သတ်ကျောင်းသူလေးတွေကို ၂ခ/၄၄ အစိမ်းရောင်လေးနဲ့ တင်လာပြီး ဖျက်စီးခဲ့တာ..အဆင့်မြင့်ရုပ်ရှင်ရုံများပိုင်ရှင် ဦးဇော်မင်း အသိဆုံးပါ

  1. Anonymous said... :

    to mg.
    what kind of person r u?
    You always fight who are againts khah phot party.
    I mean,you ever fight on myanmar celebirt web also.

  1. Anonymous said... :

    ဘိုင့်ဘိုင် လွင်မိုးရေ။ That's all I want to say for you.

  1. Anonymous said... :

    သူကြိုက်တဲ့ ပါတီ သူမဲပေးထည့်ဟာ သူ့ရဲ့လွတ်လပ်ခွင့်ပဲလေ။ အပေါ်မှာ ရေးထားတဲ့ ကွန်းမန့်တွေကို ဖတ်ရတာ တကယ် စိတ်မချမ်းသာစရာပဲ။ သူတပါးရဲ့ လွတ်လပ်ခွင့်ကို ကိုယ်တိုင်က မလေးစားရင် ကိုယ့်လွတ်လပ်ခွင့် ကိုလည်း ဘယ်သူကမှ လာပြီး လေးစားနေမှာ မဟုတ်ဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ သူများပေးမှ ကမ်းမှရတဲ့ အရာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ကိုယ်တိုင်က ကျင့်ကြံလုပ်ယူနိုင်တဲ့ အရာပါ။

    ဒီနေရာမှာ မဲလိမ်တာကို နားလည်ပေးဖို့ မဆိုလိုပါ။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ ပါတီကို မဲ့ထည့်တာကိုတော့ ကျွန်တော်တို့ အနေနဲ့ နာလည်ပေးနိုင်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော့် အနေနဲ့ကတော့ ဘယ်ပါတီကိုမှ မကြိုက်တဲ့ အတွက် ဘယ်သူ့ကိုမှ မဲမပေးခဲ့ပါဘူး။ ဒါလည်း ကျွန်တော့် လွပ်လပ်ခွင့်ပါပဲ။

  1. Anonymous said... :

    လွင်မိုး ဇာတ်လမ်း များကြည့်ရှုခြင်းမှ လုံးဝ ရှောင်ကြဉ်ပါမည်။

  1. Unknown said... :

    ကျွန်တော်တို့ ဦးကျော်သူ ကြီးနဲ့များကွာပါ့။

  1. AYE MYA MOE said... :

    SHAME ON YOU!

  1. Anonymous said... :

    မင်းသားလွင်မိုး မြန်မာ ပြည်သူလူထုများကိုကျေးဇူးကြီးကြီးမားမားပြန်ဆပ်လို့ တာလားလို့မေးချင်ပါတယ်။ "ကျေးဇူးမဆပ်နိုင်ရင်နေပါ ကျေးဇူးမကန်းပါနဲ့"ဆိုတဲ့ စာသားလေးကို မင်းသားလွင်မိုးအတွက် အမှတ်တရရေးထည့်ပေးလိုက်ပါတယ်။

  1. Anonymous said... :

    သူဘာသူ လွတ်လပ်စွာရွေးချယ်ခွင့်ရှိလို့ သူလုပ်တာ ကျုပ်တို့နဲ့မဆိုင်ပေမယ့် ကျုပ်တို့ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ချစ်ခင်လေးစားမှုကိုတော့ အဲဒီလိုအလွဲသုံးစား မလုပ်သင့်ဘူးလေ။ သူဘာသူ သူ့အဖေကိုမဲပေးပြီးတိတ်တိတ်နေပါလား။ ဘာလို့ အဲဒီအကြောင်းကို ဂျာနယ်မှာလာပြီး ဟစ်နေရတာလဲ။ မဟုတ်တာကြီးကို သူမို့ပြည်သူ့ရှေ့အရှက်မရှိပြောရဲတယ်။ အဲဒါကြောင့် ဒီလိုပြောခံရတာ။ ဒီမိုကရေစီကို နားမလည်ကြလို့မဟုတ်ဘူးဗျို့

  1. Anonymous said... :

    မြန်မာပြည်ကရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုလောက်က မြန်မာနိုင်ငံကနေ ပြည်ပကိုထွက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင် အချို့ကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမေးခဲ့ဘူးတယ်
    ဘယ်လိုသဘောရသလဲပေါ့
    အဲဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့စကားကိုနားထောင်ပြီးသိလိုက်ရတာက
    ရွေးကောက်ပွဲမဟုတ်ပဲ အမိန့်ပေးပွဲဖြစ်နေပါတယယ်
    ဘာကြောင့်လည်းဆိုတော့အစိုးရနဲ့မကင်းနိုင်ပဲစီးပွားရေးလုပ်နေတဲ့လုပ်ငန်းရှင်အားလုံးကြံ့ဖွတ်ကိုဆန့်ကျင်မဲထည့်ခဲ့ရင်ပါမစ်တွေရုပ်သိမ်းခံရမှာမို့တဲ့
    သူဌေးမှစအလုပ်သမားအားလုံးအဲဒီcompanyမှာလူဘယ်နှစ်ယောက်ရှိလဲ
    စက်ရုံမှာလူဘယ်နှစ်ယောက်ရှိလဲ
    စာရင်းအားလုံးပေးထားရတာတဲ့
    ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဥပဒေတုန်းက အလုပ်သမားတစ်ယောက်က ကြက်ခြေခတ်ထည့်မိလို့ခေါ်ပြီးအကြိမ်းခံရတယ်တဲ့ အရပ်ကတို့ရဲ့။

  1. BURMA'S VOICE said... :

    စကောလောက်မှ ဇောက်မနက်တဲ့ကောင်ပါလားလွင်မိုးရာ...

    မင်းဖာသာမင်း ဘယ်ပါတီကိုပဲပေးပေး ပေးခွင့်ရှိပါတယ်..အဲဒါမင်းပြောသလိုပဲ မင်းရဲ့ အခွင့်အရေး...

    ဒါပေမယ့်..မင်းသိထားဖို့က...ဒီကြံ့ဖွတ်ပါတီ ဆိုတာ မဲလိမ်မဲညစ်လုပ်ပြီး..အဆင့်အတန်းမရှိ..သိက္ခာမရှိ အရှက်မရှိ..အဖြေမှန်ကိုဗြောင်းဗြန်လုပ်ပြီး. မတရားသဖြင့် အနိုင်ယူထားတဲ့ ပါတီကွ....

    "မဲပေးတဲ့နေရာမှာလည်း အဆင်ပြေတာမှ ချောနေတာပါပဲ။ "

    ချောနေမှာပေါ့ မင်းအဖေ စစ်အစိုးရရဲ့ ပါတီကိုမဲပေးတော့ မင်းကိုအဟန့်အတားဘယ်သူက လုပ်မှာတုန်း ငတုံးရဲ့

    "မဲပေးနေတုန်း ထူးခြားချက်ကတော့ တော်တော်များများ မဲပေးကြ ပါတယ်။ ကျနော် ပေးတဲ့ အချိန်ကဆို မဲတွေတောင် ပြည့်နေပြီ။ နေ့လယ် ၁၁ နာရီပဲ ရှိသေးတာတောင် မဲပုံးက ပြည့်နေ တာပဲ။ "

    မဲပုံးက ပြည့်နေမှာပေါ့ကွ...မင်းအဖေတွေက ကြိုတင်မဲတွေ မတရားသဖြင့်ကောက်ထားတာကိုး......ကြိုတင်မဲတွေ ဒီလောက်မဲပုံးထဲမှာ ကြိုထည့်ထားတာတောင် မဲရေတော့ အနိုင်မရလို့ နောက်ကျမဲတွေ နဲ့ ထပ်ပြီးဖြည့် ရသေးတယ် ငတုံးလွင်မိုးရေ.....မင်းလိုဖြုတ် ဦးနှောက်နဲ့ မင်းကနိုင်ငံရေးလုပ်ချင်သေးတယ်...ငတုံး...မင်းဆယ်တန်းအောင်အောင် အရင်ဖြေလိုက်ဦး......


    "သူတို့ကြိုက်တဲ့ ပါတီကို လွတ်လွတ် လပ်လပ် မဲပေးခွင့် ရှိလာတော့ လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရပြီ လို့ ကျနော် ခံစားရတယ်။ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေကို လူတွေ စပြီး ရရှိရတော့မယ် ဆိုပြီး မြန်မာနိုင်ငံရဲ့အလားအလာကို ကြိုတွေးလို့ ကျနော် ကိုယ်တိုင် အလိုလို ဝမ်းသာနေမိပါတယ်”

    မဲပေးတဲ့နေရာတော်တော်များများမှာ မင်းပြောသလိုပဲ လွတ်လပ်ခွင့်ပေးထားပါတယ်...ဘာလို့ လည်း ဆိုတော့ စစ်အစိုးရ ကြံစည်ထားတဲ့ ညစ်ပတ်တဲ့ အချက်က အဲဒါအဓိက မဟုတ်ဘူးကွ ငတုံးရ..

    မင်းသိအောင်ပြောရမယ်ဆိုရင်...စစ်အစိုးက ဘယ်ပါတီတွေကို ပြည်သူတွေက ဘယ်လောက်ပဲ မဲပေးပေး...နောက်ဆုံးရလဒ်မှာ ကြံဖွံ့ ပါတီပဲ အနိုင်ရရ မယ်ဆိုတဲ့ အကောက်ကြံကရှိပြီးသားကွ...ဒါကြောင့် သူတို့က မဲထည့်တဲ့အချိန်ကို အများအမြင်မှာ လွတ်လပ်ခွင့်ပေးထား သယောင် အယောင် ပြပြီး...ပညာပြတာက မဲရေတွက်တဲ့အချိန်မှာကွ ငတုံးရ......မဲရေတွက်တဲ့ အချိန်မှာ..မင်းအဖေတွေက ဘယ်သူ့ကိုမှ အ၀င်ခံတာမဟုတ်ဘူးကွ...ပြည်သူတွေရှေ့မှောက်မှာ မဲမရေရဲဘူးကွ ငတုံးရ..(မင်းနိုင်ငံရေးတကယ်လုပ်ချင်ရင် နိုင်ငံတကာရွေးကောက်ပွဲ စံချိန်စံညွှန်းတွေကို အရင်လေ့လာလိုက်ဦး...မင်းအဖေတွေလုပ်တဲ့ ဟန်ပြ လုပ်ဇာတ်ရွေးကောက်ပွဲ ကို အခုလို အဟုတ်ကြီးထင်ပြီးပြောတာဟာ ၀ါးလုံးခေါင်းထဲ လသာ၊ အိုင်ငယ်ကို သမုဒ္ဒရာထင်တဲ့ ဖားသူငယ်လို မင်းကိုယ်မင်း ဗဟုသုတ ဘယ်လောက်နည်းမှန်း ဖော်ပြသလိုဖြစ်နေတယ်ဆိုတာ မင်းမသိလေရော့သလား ငတုံးရာ)

    ပြီးတော့ ဘာတဲ့ မင်းကပြောသေးတယ်.."နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေကို လူတွေ စပြီး ရရှိရတော့မယ် ဆိုပြီး မြန်မာနိုင်ငံရဲ့အလားအလာကို ကြိုတွေးလို့ ကျနော် ကိုယ်တိုင် အလိုလို ဝမ်းသာနေမိပါတယ်”

    မင်းရဲ့အဖေ စစ်အစိုးရလုပ်တဲ့ ရွေးကောက်ပွဲကြောင့် ပြည်သူတွေ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေ ရမယ်ဆိုရင် အဲဒီအတွေ့အကြုံတွေဟာ...ဟဲ့ ငါတို့ပေးလိုက်တာက ဒီပါတီ..အနိုင်ရတော့ ဒီ ငဖွတ်ပါတီပါလား ဘယ့်နှယ့်ဟာပါလိမ့်...တော်တော်အရှက်မရှိ တဲ့ဖွတ်တွေပါလား...အဖြေတွေက အကုန်ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီ...ညနေမဲရေတွက်တဲ့ အခြေအနေကတမျိုး မနက်မိုးလင်းတော့တမျိုး...ဆိုတဲ့ လက်ဖျားရော၊ခြေဖျားရော ခါလောက်တဲ့ ဖွတ်ပါတီကပေးလိုက်တဲ့.ညစ်ပတ်ကောက်ကျစ်တဲ့ သင်ခန်းစာ အတွေ့အကြုံတွေပဲရကြမှာပေါ့ကွ........ဒေါက်တာစောနိုင်လိုမျိုးဆိုရင် အနိုင်ရကြောင်းလက်မှတ်ထိုးပြီးသာတောင် သတင်းစာထဲမှာ ပါလာတော့ ဖွတ်ပါတီက အနိုင်ရသွားတဲ့ လူရဲ့နာမည်ပဲပါပါရောလား...မင်းဘယ်နားသွားပြီး အိပ်ပျော်နေလည်းငတုံးရ....နိုင်ငံရေးလုပ်မယ့်သူဆိုတာ မျက်စိကြီးကြီးနားကြီးကြီးထားရတယ်ကွ..........

    ပြည်သူတွေက မင်းအဖေရဲ့ဖွတ်ပါတီက ပေးလိုက်တဲ့ နိုင်ငံရေးအတွေ့အကြုံအသစ်ကြောင့်..မင်းအဖေစစ်အစိုးရကို ရွံသထက်ရွံသွားကြပြီကွ......ငတုံးရ

    မင်းသာ တကယ်ပြည်သူတွေကိုချစ်တယ်....ပြည်သူတွေရဲ့ ဒုက္ခကို တကယ်နည်းလည် ခံစား တတ်တယ်ဆိုရင် ကိုကျော်သူ လို အောက်ခြေအထိဆင်းပြီးတကယ် ကူညီရမှကွ...သောက်ရူးရ.....

    ပြည်သူတွေမှာ ဘယ်လောက်ထိဆင်းရဲနေကြလည်း...ကိုယ့်မိသားစု ထဲကလူတယောက်သေလိုမှ အသုဘစရိတ်မရှိဘူးဟ မင်းသိရဲ့လား.....အဲဒါကြောင့် ကိုကျော်သူဆို ရင် ဒီလို ပြည်သူတွေအတွက် အလောင်းတွေကိုကိုယ်တိုင် ထမ်းထုတ်ပြီး ကားမောင်းပို့နေတာ..မင်းကြားမှာပါ....မင်းမသိပဲနေမှာမဟုတ်ပါဘူး.........ကျော်သူလို့ကြားလိုက်တာနဲ့ ပြည်သူတွေရဲ့ဒုက္ခ ကိုစာနာကူညီပေးတဲ့သူတယောက် အဖြစ်ပြည်သူတွေက မြင်သလို အခုနောက်ဆိုရင် လွင်မိုးလို့ကြားလိုက်တာနဲ့..စစ်အစိုးရရဲ့ ကပ်ဖားကောင်၊
    ပြည်သူကိုဒုက္ခတောထဲကို နစ်သထက်နစ်အောင် အရောက်ပို့မယ့် ကောင်အဖြစ် မြင်နေကြတော့ မှာ မလွဲဘူး လို့ မင်းကိုသတင်းကောင်းပါးလိုက်ပါတယ်ဗျား...........

  1. Anonymous said... :

    comment လေးတွေဖတ်ရတာ ကျေးဇုးတင်တယ်ဗျာ
    ကိုအရမ်းးအားကျခဲ့တဲ့မင်းသားတစ်ရောက် ဒီလို ကြီးလားဗျာ
    သူ့ကိုအားကျခဲ့မိတာ ကို့ကိုကိုယ်တောင်တော်တော်ရှက်မိတယ်

  1. Anonymous said... :

    မောင်လွင်မိုးလေးကို ခွင့်လွှတ်လိုက်ကြပါကွယ် သူ့ မှာကားသိပ် မရိုက်ရတော့  စားဝတ်နေရေး အတွက် ပြေလည် အောင် ကြံ့ ဖွတ်နဲ့  စစ်တပ်ကို အောက်ကြို့ ပြီး ပေါင်းနေရတာပါ ။ လက်ရှိ export လုပ်ငန်း လေးကို လည်း ဦးခင်ရွှေ ဆီက ပန့် ပိုးမှု တွေ အများကြီး ယူထားရတာ
    ကြံ့ဖွတ် ကျွေးတဲ့ ထမင်းကို စားနေရတာ ဆိုတော့ ကြံ့ဖွတ် ကိုပဲ မဲပေးတော့ မှာပေါ့  ။ ပရိတ်သတ် တော်တော်များက တော့ အတော်လေးကို ရွံသွားပြီ

  1. Anonymous said... :

    နဖားကြိုးတန်းလန်းနဲ့ လွှတ်တော်ကြီးပေါ့။ ဘီကြား အ မတ်များဆိုတာကလည်း မိစ္ဆာသန်းရွှေခိုင်းသမျှကို လက်ညှိုးထောင် ခေါင်းညိတ်လောက် သာ လုပ်တတ်တဲ့ စစ်ဗိုလ်လူထွက်တွေ ...

    http://www.naytthit.net/?p=4203 http://myanmar37.multiply.com/journal/item/1/1

  1. Anonymous said... :

    lwin Moe .....U r very selfish , I shame for u .....

  1. Anonymous said... :

    Lwin Moe....before u should try to know ABC,
    after try to become a leader.

  1. Anonymous said... :

    အလွန်တရာမှအသိညဏ်ခေါင်းပါးသူကိုပြပါဆိုရင် ခင်ဗျားဘဲ------ လွင်မိုး
    အရိုး အရင်း ကိုက်ရတာ လျှာတွေ.တယ်နဲ့ တူတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved