ဒီနေ့  ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ

Sunday, November 14, 2010

ဒီနေ့ သတင်းစာမှာ ပါတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးကြောင်း ရဲချုပ် သွားပြောပြတဲ့ သတင်း။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဘက်မှာ ထိုင်နေတာက ဒေါ်ခင်ခင်ဝင်း နဲ့ မ၀င်းမမ။ သူတို့ ၂ ယောက်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပြုပါတယ် တဲ့။

ဒီနေ့ ဘာလုပ်မလဲ ဆိုတော့
ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ NLD ရုံးချုပ်မှာ သံတမန်တွေ၊ ပြည်သူတွေ၊ အဖွဲ့ဝင်တွေ၊ သတင်းသမားတွေနဲ့ တွေ့ မယ်။
ပြီးရင် ဦးလွင်ရဲ့ ဇနီး နာရေး လိုက်ပို့မယ်။
ညနေဘက် ရွှေတိဂုံဘုရား သွားမယ် လို့ ရန်ကုန်က လာတဲ့ သတင်းတွေက ဆိုတယ်။


5 comments :

  1. Anonymous said... :

    Thanks to khin yi for u bring DAW AUNG SU KYI free news. But ... ur turn will coming soon

  1. Unknown said... :

    ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် အကြောင်းတစ်ခုခုနဲ့ (အကြောင်းမရှိအကြောင်းရှာပြီး)ပြန်လည်ဖမ်းဆီးအုံးမည်လားဆိုတာသိချင်ပါတယ်

  1. Anonymous said... :

    ဒေါ်စုကျန်းမာပါစေ စိတ်ရွှင်လန်းပါစေ ဒေါ်စုအတွက်သေသေချာချာ လုံခြုံရေးရှိစေချင်ပါသည်။ ဘုန်းကြီးတောင်သတ်ရဲတဲ.စစ်ခွေးတွေဘာကောက်ကျစ် ယုတ်မာကြအုံးမလဲမသိဘူး

  1. Anonymous said... :

    အမေ
    လုံခြုံရေး ဂရုစိုက်ပါ။
    အမေ အသက်ရှင်နေမှဖြစ်မယ်။
    ပြည်သူတွေအားလုံးအတွက် အမေ အသက်ရှည်မှဖြစ်မယ်။
    အမေ အောင်မြင်ပါစေ။

  1. အမေ့ရဲ့မေတ္တာတရားကအရာရာကိုအောင်မြင်နိုင်လိမ့်မယ်လို့သားတို့ယုံကြည်
    နေကြတယ် အမေအားတင်ထားနော် ကျမ္မာရေးကအရေးကြီးဆုံးအမေဂရုစိုက်
    ပါ...ညအိပ်ရာဝင်ဘုရားရှိခိုးတိုင်းမှာအမေကျမ္မာပါစေလို့.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved