နေသာ လေလာတဲ့နေ့ 

Sunday, November 28, 2010

အရိုး နဲ့ ဇနီး မတင်မိုးမိုးဝင်း (မန္တလေးအိုင်ကွန်ထဲက ဓာတ်ပုံ)

အရိုးရဲ့ လူလည် အာရှသား စီးရီးထဲက နေသာ လေလာတဲ့နေ့ သီချင်း။
အဲဒီ စီးရီးထဲက တခြား သီချင်းတွေလိုပဲ အရမ်း ကောင်းတယ်။
ကိုလူထွေး ဆိုတဲ့ ဘလော်ဂါက အဲဒီသီချင်းကို ရုပ်မြင်သံကြား သရုပ်ဖော်ထားတာ ကြည့်ပြီးသွားကြပြီလား။
http://koluuhtwe.blogspot.com/2010/02/blog-post_14.html မှာ တွေ့တာနဲ့ ကော်ပီ ကူးလိုက်တယ်။
သီချင်းစာသားတွေရောပေါ့။

သူ့ရဲ့ ယူကျုမှာတော့ http://www.youtube.com/user/Koluuhtwe
တခြား သီချင်းတွေပါ သရုပ်ဖော်ထားတာ တွေ့ရမယ်။
လောလောဆယ် ဒီသီချင်းကို ခံစားကြည့်ပါအုံး။

တရုတ်မလေးကို ကြိုက်တဲ့ အကြောင်း ရေးထားတာမို့ စာသားတွေမှာ တရုတ်ရနံ့တွေ အပြည့် ထည့်ထားတယ်၊ နောက်ခံတီးလုံးမှာတောင် တရုတ်ဂီတသံ ပါလိုက်သေး။





One.. two.. three.. ကိုယ်ချစ်သွားပြီ
ရေလည်အောင်ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ

One.. two.. three.. ရည်ရွယ်လိုက်သည်
အိုအောင်မင်းအောင် ပေါင်းသင်းပါ့မယ်
ရှေ့ရှောက်ခရီး…

… … …

ဟိုတုန်းကမေးတဲ့ လမ်းဘေးလက္ခဏာ အဟောထဲမှာ
ပြည်ကြီးကရည်းစား အကျိုးပေးကောင်းမယ် ပြောခဲ့တာ
စိတ်ကူးနဲ့ မြူးခဲ့ ရူးခဲ့ရတဲ့ နှစ်လကြာ
သူလေးနဲ့ကျမှ တည့်တည့်ကြီးကို တိုးခဲ့တာ…

ငါချိုင်းနိစ် xx အလိုက်သိတဲ့ ကိုယ့် အသည်းလေးဟာ
နှာခေါင်းရင်းလေးတော့ နည်းနည်းပြားမယ်.. ခွင့်လွှတ်ပါ
သူ့ ပါးမို့မို့ ထက် သွေးကြောလေးတွေ စိမ်းလဲ့ဖြာ
အသားလေးကတော့ ဖွေးဖွေးဥကာ နုနုရွ

One.. two.. three.. ကိုယ်ချစ်သွားပြီ
ရေလည်အောင်ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ

One.. two.. three.. ရည်ရွယ်လိုက်သည်
ကွမ်ရင်မယ်တော်ကြီးမပါ
ရှေ့လျှောက်ခရီး

… … …

သူလေးကခိုင်းသမျှ လိုက်လုပ်ရတဲ့ နွားနှစ်ပါ
သူလေးကြောင့် ရိုက်ကြ ကိုက်ကြရတာ ခွေးနှစ်မှာ
ဆိတ်နှစ် မြင်းနှစ် မျောက်နှစ်ပေါင်းစုံ ကူးတိုင်းမှာ
မိုးနတ်မင်းကြီး အမြဲတမ်းမအောင် ဆုတောင်းတာ

စွန်ဆူးကျမ်းထဲက သိမ်းပိုက်နည်းတွေ ကြိုးစားရှာ
ကွန်ဖြူးရှပ် ကြီးရဲ့ စကားလုံးနဲ့ ကိုယ့် ရည်းစားစာ
ဘုံကျောင်းကြီးထဲလည်း ပြေးပြေးပြီး စာ ချကြည့်ရ
ရေနွေးကျမ်းလေးတခွက် ကောင်းကောင်းတိုက်ရင် မမောဘူးဗျ

One.. two.. three ကိုယ်ချစ်သွားပြီ
ရေလည်အောင် ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ

One.. two.. three ရည်ရွယ်လိုက်သည်
ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျှောက်ခရီး

… … …

ရွှေယောက်ဖနှစ်ယောက်က အတွင်းအားသုံးကာ ဓားစွမ်းပြ
everybody လက်ခုတ်တီးပါ ကျနော့ဘက်က
သူ အန်းကုန်းကြီးက ပြုံးစိစိနဲ့ ခေါင်းညိမ့်ပြ
ကျနော်မျိုးကြီးကတော့ ငြိမ်းချမ်းရေးကို ရှေးရှုတာ…

အားလုံး အားလုံး ချိုင်းနားတောင်းကို လိုက်ခဲ့ပါ
အားရပါးရ သောက်ကြစမ်းပါ ပြီးတော့မှ…
အမ်ပေါင်းအိတ်လေးနဲ့ ငြိမ်းချမ်းရေး ထည့် ပေးတဲ့အခါ
မစ်ချိုင်းနီးစ်လေးရဲ့ အိမ်မက်ထဲကို ဟီးရိုးဗျ

One.. two.. three.. အဆင်ပြေသွားပြီ
နေသာ လေလာတဲ့ တနေ့မှာ လက်ထပ်မည်
One.. two.. three ရည်ရွယ်လိုက်သည်
အိုအောင်မင်းအောင် ပေါင်းသင်းပါ့မည် ရှေ့လျှောက်ခရီး…

One.. two.. three ကိုယ်ချစ်သွားပြီ
ရေလည်အောင် ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ…

One.. two.. three ရည်ရွယ်လိုက်သည်
ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျှောက်ခရီး

One.. two.. three ကိုယ်ချစ်သွားပြီ
ရေလည်အောင် ကိုယ် ရှင်းရှင်းပြောမည်
ဝေါ့်..အိုင်း..နီ…လူကြိုက်များတဲ့ လူလည်အာရှသား
မနှစ်က ထုတ်တဲ့ ဒီစီးရီးမှာ သမားရိုးကျ သီချင်းတွေ မဟုတ်ဘဲ ဟာသဆန်ဆန် သီချင်းတွေကို တွေ့ရပါတယ်။ ဇာတ်လမ်းဖွဲ့ထားတဲ့ သီချင်းတွေ ပါတယ်။ သီချင်းရေးဆရာ၊ စာရေးဆရာ အရိုးက အဆိုတော် ဖြစ်လာတော့လည်း အင်မတန် အောင်မြင်တာ တွေ့ရပါတယ်။


10 comments :

  1. Anonymous said... :

    I once heard this song in my friend's car.
    Now, I can read and listen the song again.
    It is very, very nice song.
    Thanks,
    MM

  1. Anonymous said... :

    Dear Irrawaddy,

    Can you write about the Artist with his Bio.? Always in myanmar media, they dont write about the background info.. :-(

  1. Anonymous said... :

    Now I can see how Chinese invade Mandalay. 1st they invade our land, 2nd they invade by their economy, 3rd they invade by population, now they invaded culture and music as well as language.

    မန္တလေးကို တရုတ်တွေ ပထမ အိမ်ခြံဝယ်ပြီး ကျူးကျော်တယ် ဒုတိယ စီးပွါးရေး အချက်ချာနေရာကိုသိမ်းပြီး လုပ်ငန်းတွေ သိမ်းပစ်တယ် တတိယ လူဝင်မှုကြီးကြပ်ေ၇းနဲ့ ပေါင်းပြီး မိသားစုလေိုက် မြန်မာပြည်ကို ၀င်လာနေတယ်. ခုတော့ တေးသီချင်း နဲ့ စာသားနဲ့ ဘာသားစကားတွေကိုပါ မျိုးဆက်လိုက် ပြောင်းလဲ ဖို့ ကျိုးစားနေပြီး တရုတ်စကားမတတ်ရင် မန္တလေးမှာ အလုပ်မလွယ်တော့ဖူး

  1. Unknown said... :

    ဟုတ်တယ်ဗျ ...
    သူ့သီချင်းတွေက အခုလက်ရှိဖြစ်ပျက်နေတာတွေနဲ့ထင်ဟပ်နေတယ်ဗျ...
    နားထောင်ဖူးတာတော့ကြာပါပြီ။

  1. Anonymous said... :

    သီချင်း ရေးတဲ့ အရိုး ကိုတော့ လေးစားတယ် ဗျာ/

  1. Anonymous said... :

    ဗမာပြည်သည် ဒို့ပြည် - ဝေါ့်..အိုင်း..နီ - ဝေါ့်..အိုင်း..နီ
    ဗမာ စကားသည် ဒို့ စကား - ဝေါ့်..အိုင်း..နီ - ဝေါ့်..အိုင်း..နီ
    ဗမာပြည် ကိုချစ်ပါ - ဝေါ့်..အိုင်း..နီ - ဝေါ့်..အိုင်း..နီ
    ဗမာစကားကို လေးစားပါ - ဝေါ့်..အိုင်း..နီ - ဝေါ့်..အိုင်း..နီ
    ရှိဖေါ် ရှဲ့ ရှဲ့ -- ရှိဖေါ် ရှဲ့ ရှဲ့
    ရှိဖေါ် ရှဲ့ ရှဲ့ -- ရှိဖေါ် ရှဲ့ ရှဲ့
    ရှိဖေါ် - မြန်တြန့်

  1. Anonymous said... :

    Fantastic.Ah yoe n his wife are 2 handsome n beautiful.their children may be very ugly.Our country has suffer because of these china and chinese. our junta becomes stronger n powerful because of Singapore n china. First S-pore government grant everything to do in S-pore,so, this junta can open their A/C,and later PR of China sponsered every movement of Junta in U.N.So, we should hate these Chinese.No good china n chinese.

  1. may said... :

    I like this song but i so worry about our Burmese next generation.

  1. Ba mar thwe said... :

    I'm a pure Burmese myself, but i do not quite agree with Chinese invades our country, Chinese are getting much less opportunity in comparing to our neighborhood countries in Asean,for example,in Thailand, prime ministers like Abhisit,Thaksin, Samak Sundaravej are all Chinese. In Malaysia, government recognized chinese as their ethinic groups and can openly attend Chinese school. In Myanmar, Chinese cannot become president, the army is composed solely by our Burmese and it's ethinic groups, Chinese schools cannot be opened openly and can only be opened as Buddhism teaching schools, and Chinese are much more difficult in making NRC even if their parents, their grandparents and them are all born in Burma. I think our Burmese are so pathetic to put blame for our poverty to those Chinese...Look at our Burmese, all we think about is how to get the power, how to earn a higher position and how to make money by oppressing our people, and for some people, they only think that how to become 'Bo Ka Daw', how to cooperate with those Generals to earn easy money.For those ordinary people, even if they are poor, they are satisfied very easilt and say that three meals a day is enough and sometimes blame their poverty to 'Destiny', Destiny makes them poor, Destiny makes them live like that.OMG!how pity!! they don't even have strong motivation to be rich.For us, we must review ourselves why are we poor?why don't we do business using our brain and hardworking instead of putting criticism blindly to those Chinese and Indians,they are just good at doing business, not because they got any privilege or special opportunity. Every democracy country must has and must give equal opportunities for all of its citizens, and welcome the investment from all over the world. that's the meaning of 'open market', do u think we will be rich, and all the Burmese will be rich if we don't let any Chinese or Indians or others enter our country? Nationalism and Chauvinism is the root of FASCISM, don't forget. Jealousy is disastrous for our country progress.

  1. Ba mar thwe said... :

    why did u not post my comment

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved