ငါတို့နဲ့အတူ ဦးချကွာ

Wednesday, November 24, 2010




မင်း ... ထောင်ထဲမှာ ရှိမနေဘူးဆိုရင်
ဒီ ကြော်ငြာကိုဖတ်ပြီး “တို့တတွေ ၀ိုင်းကြစို့ကွာ” လို့။

သူငယ်ချင်း ရောင်းရင်းတွေကိစ္စ မှန်သမျှ ကိုယ်အား ဉာဏ်အားနဲ့ 
မင်း ပုံအောတတ်တာ ငါတို့ ယုံတယ်။

တို့အရင်၊ တို့နောက် အတန်းတွေ
ခဏခဏကန်တော့ခဲ့ကြပေမယ့်
တို့အတွက် ပထမဆုံးမို့ မင်းကို မျှော်မိရဲ့။

ဌေးကြွယ်...
အရိပ်ဖြစ်ဖြစ်၊ စိတ်ဖြစ်ဖြစ် ပို့သလို့
ငါတို့နဲ့အတူ ဦးချကွာ။

အောင်မျိုးထွန်း
၂၃- ၁၁- ၂၀၁၀

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved