journal for this week? sorry, sold out!

Tuesday, November 16, 2010


ဒေါ်အောင်ဆန်းစုကြည်သတင်းတွေ၊ ဓာတ်ပုံတွေ ပါတဲ့ ဂျာနယ်ဆိုရင် အရမ်း အရောင်းသွက်နေတယ်လို့ သိရပါတယ်။
တယ်ဟုတ်ပါလား။
နာမည်ကြီး ဆင်ဆာဌာနက မူပြောင်းပြီလား။
အခုတမျိုး တော်ကြာတမျိုး လုပ်မှာလား။
အခုတမျိုး အခုတမျိုး လုပ်မှာလား။
ဟိုဂျာနယ်ကို တမျိုး၊ ဒီဂျာနယ်ကို တမျိုး လုပ်မှာလား)

မနေ့ညက ဘီဘီစီသတင်းဌာနကို ရန်ကုန်က စာနယ်ဇင်းဆရာ ကိုကိုစက်မှုတက္ကသိုလ် က အခုလို ပြောပါတယ်။
အခြေအနေ အချိန်အခါပေါ် မူတည်ပြီးတော့ ခွင့်ပြုပေးနေတယ်လို့ ကျနော်က အဲဒီလောက်ပဲ မြင်တယ်။ ထူးထူးခြားခြားကြီးတခု အနေနဲ့တော့ ကျနော် မမြင်ပါဘူး။

အခြေအနေ အချိန်အခါအရ
ပေးမယ်၊
အခြေအနေ အချိန်အခါအရ
ဆက်ပေးချင်လည်း ပေးမယ်၊
အခြေအနေ အချိန်အခါအရ ဆက်ရေးလို့ ရချင်မှလည်း ရမယ်။ အဲဒီလိုမျိုးပဲ ကျနော်တို့က သွားနေတယ်၊ လောလောဆယ်တော့
တဲ့။

ကဲ - ဆင်ဆာဌာနမှာ မူမရှိဘူး၊ မီးစင် ကြည့် က နေတုန်းပဲ ဆိုပါစို့။

ဂျာနယ်တွေ အရောင်းသွက်တော့ အမြတ်များလိမ့်မယ်၊ ရှုံးနေတဲ့ ဂျာနယ်တွေလည်း နည်းနည်း အသက်ရှူ ချောင်တာပေါ့ လို့ ရန်ကုန်က ဂျာနယ်ဆရာတယောက်က ဆိုပါတယ်။


(AFP က ရန်ကုန်မြို့ လက်ဘက်ရည်ဆိုင်တဆိုင်မှာ ရိုက်ထားတဲ့ပုံပါ။ မနေ့က ရိုက်ချက်ပါ။)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved