မနေ့က NLD ရုံးချုပ်အနီးမှာ စောင့်စားနေတဲ့ လူထု
Saturday, November 13, 2010
မနေ့တုန်းက တချို့စာဖတ်ပရိသတ်တွေ ရန်ကုန်မှာ ရှိတဲ့ NLD ရုံးရှေ့မှာ လူ ၃၀ လောက်ပဲ ရှိတာကို မီဒီယာတွေက ချဲ့ကားရေးတယ်ဆိုပြီး စီဘောက်မှာ လာပြောတာ တွေ့ရပါတယ်။ ဒါကြောင့် သို့လောသို့လော မရှိရအောင် မနေ့က AP က ရိုက်ထားတဲ့ ဒေါ်စုကို စောင့်ဆိုင်းနေတဲ့ လူထု တစိတ်တပိုင်းပုံကို တင်ပေးလိုက်ပါတယ်။
8 comments :
  1. Anonymous said... :
    thanks...dont care this army dogs.you should ban meaningless cursing.
  1. Anonymous said... :
    မှန်တယ်။ ဖြစ်သင့် မဖြစ်သင့် တရား မတရား အကျိုးအကြောင်း အဆိုးအကောင်း ခွဲခြားနိုင်စွမ်းမရှိဘဲ အရိုးအရင်းလေးရတာနဲ့  ၀င်ဝင်ဟောင်တတ်တဲ့ အကောင်တွေကို ဂရုမစိုက်ပါနဲ့ ။ အဲဒီ အကောင်တွေက ဒီဘ၀လဲ အာဏာသာရှိပြီး လူတွေအမြင်ကပ်၊ နောက်ဘ၀လဲ အပါယ်ကို သေချာပေါက်သွားမယ့် အကောင်တွေကို လွတ်သာ ထားလိုက်ပါဗျာ။
  1. mgthant said... :
    Dozen a dime military thugs !! Leave them alone !!!
  1. Unknown said... :
    ပြည်သူတွေ အန်တီစုကို ချစ်ကြပုံများ နအဖ ကြောက်မယ်ဆို ကြောက်စရာပါ...အခုလာကြတဲ့ လူတွေအားလုံး ကိုယ့်အသိစိတ်နဲ. ကိုယ်လာကြတာ....တစ်အိမ်တစ်ယောက် မလာမနေရ လို.ခေါ်ထားတာမဟုတ်ပါဘူး ....
  1. Anonymous said... :
    ဟုတ်ပါ့ cho ရေ... ဗိုလ်ချုပ်တွေက ယောက်ျားဖြစ်ပြီးတော့ ဒေါ်စုရဲ့ အသိ စေတနာ သတ္တိ ကိုယ်ကျင့်တရာ ဘယ်အရာကိုမှ မယှဉ်ပြိုင်ရဲ့ လား။ သေနတ်နဲ့ အာဏာရှိလို့ သာ လူစွမ်းကောင်းလုပ်နေကြတယ်။
  1. စာသင်သားရဟန်းငယ် said... :
    ကြည့်ရတာကြည်နူးလိုက်တာ၊ ဒီနေ့လွတ်မယ်လို့တရားဝင်သာကြော်ငြာ ကြည့်လိုက်ပါ၊မြေကြီးတောင်ပြိုသွားမယ်၊ ဘာပြုလို့လဲဆိုတော့ တစ်ဖျစ်ဖျစ်တောက်နေတဲ့ သတ္တိသွေးရှင်၊ ပြည့်ဝတည်ငြိမ်တဲ့နှလုံးသားရှင် ဒေါ်စုသည်သာ တိုင်းပြည်ကိုကယ်တင်မည်သူဆိုတာယုံလို့ပေါ့။
  1. Anonymous said... :
  1. Unknown said... :
    အမေ့လက်ဖြင့်
    ဖြန့်ကျက်အုပ်မိုး
    အကျိုးထူးစေ
    မြန်မာပြေကို
    အမေထမ်းရွက်ငြိမ်းချမ်းရေး
    နီလွင်သွေး(ဒသနိက)
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved