စာဖတ်သူ ကော်မန့် 

Wednesday, December 1, 2010

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ကြံ့ဖြူ ၂ ကောင်လွတ်နေ ဆိုတဲ့ အင်္ဂါနေ့ ဧရာဝတီ သတင်းက စိတ်ဝင်စားစရာ ကောင်းတယ်။
ဒီသတင်းအတွက် စာဖတ်သူတချို့  ပေးသွားတဲ့ မှတ်ချက်တွေကလည်း သဘောကျစရာ ကောင်းတယ်။
ကြံ့ဖြူဆိုတာ အင်တာနက်မှာ ရှာကြည့်တော့ ဟောဒီလို ပုံတွေ တွေ့ရတယ်။
တချို့ကတော့ ကံမကောင်းဘူး။ ဆေးဖော်ဖို့ ဂျို အဖြတ်ခံထားရတယ်။ မသေတာ ကံကောင်းပေါ့။

အခု နေပြည်တော် မြို့ပြင်ရောက် ကြံ့ဖြူဖြူ ၂ ကောင် ဘယ်အခြေအနေ ရောက်နေပြီ မသိ။

မြို့တော်သစ် နေပြည်တော်ကို ရန်ကုန် တိရစ္ဆာန်ရုံက ဒေသခံတွေ ပြောင်းသွားရတာ လွန်ခဲ့တဲ့ ၂ နှစ်ကပါ။ အဲဒီလို ပြောင်းတော့ AP သတင်းဌာနက တက်လာတဲ့ သတင်းတပုဒ် အစပျိုးရေးထားတာက ဆွဲဆောင်မှု တော်တော် ရှိတယ်။

"မြန်မာပြည်၏ အသစ်စက်စက် မြို့တော်သို့ ထရပ်ကားများဖြင့် ပထမဆုံး အပို့ခံရသူတို့မှာ ရုံးဝန်ထမ်းများ ဖြစ်သည်။ ယခုတဖန် အလှည့်ကျသူများမှာ ကြံ့နှင့် ဆင်တို့ ဖြစ်လေသည်" တဲ့။

(First, the civil servants were trucked to Myanmar's newly built capital. Now, it's the rhinos' and elephants' turn.)

AP ရဲ့ ဟဒယ ကတော့ လက်ဖျားခါလောက်တယ်။
တိရိစ္ဆာန်တွေ မြို့ပြောင်းရတယ် ဆိုတာနဲ့တင် ပြုံးစရာ ကောင်းနေပြီ။
ဒီလို သတင်းကို သူတို့ ရေးထားတာကို ဖတ်ပြီး မရယ်ဘဲ မနေနိုင်ဘူး။

ဒီ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အဲဒီတုန်းက ကာတွန်းဆရာတယောက်ရဲ့ အကြံကလည်း တော်တော် ကောင်းတာပဲ။ ဒါပေမယ့် သူ့အကြံကို မင်းတြားကြီးက လက်မခံဘူးလို့ ယူဆရပါတယ်။

ကဲ - လောလောဆယ် နေပြည်တော်မှာ ပျောက်နေတယ် ဆိုတဲ့ ကြံ့၂ကောင် သတင်းအတွက် ပေးထားတဲ့ ဧရာဝတီ စာဖတ်သူတချို့ရဲ့ ကော်မန့်တွေကို ဖတ်ကြည့်ကြရအောင်။ လက်ဖျားခါရလောက်အောင် ဟဒယ ရွှင်တဲ့ ကော်မန့်တွေလည်း တွေ့ရမှာပါ။

written by ကိုဖြူ,
ှုှုှုှုှု့ယတြာကတော့ အမျိုးမျိုးကို ချေနေတော့တာပဲ.. တယ်လဲ တတ်နိင်တဲ့ ဟာတွေပဲ..ဘာတြဲ့ ကံ့ဖြူ၂ကောင် လွတ်တယ်တဲ့လား.. ဟဟား

written by Lord,
ကြံ့ဖြူတွေ ထွက်ပြေးတယ် ဆိုတော့.. ကြံ့ဖွတ်တွေ ပြေးရမယ့် နမိတ်ပဲ.. ကောင်းမှ ကောင်း

written by ဇောတိက
ယတြာ ပိုပီး စွမ်းအောင် ခြင်္သေ့ များပါ လွှတ်ပေး သင့်ကြောင်း ပါ ခင်ဗျား။
ကြံ့ချစ်သူ

written by မမလမင်း
ဒါဆိုရင် အမတ်လောင်း ၂ကောင် ထပ်တိုးသွား ပြီ

ဖွတ်တွေ ကျန်တယ်
written by Ko phone
ကြံ့ တွေ နေပြည်တော်က ပြေးတော့ ဖွတ်တွေ ကျန်ခဲ့တယ် လေ။ မပူကြပါနဲ့။ ဖွတ် တက်မှာပါ။

မထူးဆန်းပါ
written by mm
နေပြည်တော်မှာ လွတ်နေတဲ့ တိရစ္ဆာန်တွေက ကြံ့ဖြူ နှစ်ကောင်ထဲမှ မဟုတ်တာ၊ နောက်ပြီး လွတ်ေ နတာလည်း အခုမှ မဟုတ်ဘူးလေ၊ ၂ဝဝ၅ လောက် ကတည်းကပါ။ အစိမ်းရောင် တိရစ္ဆာန် တွေက ပိုများတယ်။

written by မောင်မူး
တို့မှူးကြီးကေ တာ့ အဖြူကို တော်ေ တ်ာကြို က်တာပဲနော် နွားဖြူတ ကျွဲဖြူတို့ ကြွက်ြ ဖူတို့ကော မွေးထားသေးလား

ရှက်လို.နေမှာ
written by myo
ကြံ့ နာမည် သုံးပြီး နိုင်တော. ကြံ့က ရှက်ြပီး ထွက်ပြေးသွားတာနေမှာ

မှူးကြီးအိမ်မှာရှာ
written by JoJo, November 30, 2010
မှူးကြီး သန်းရွှေအိမ်ကို အလည်သွားတယ် ထင်တယ် ။ မိတ်ဟောင်း ဆွေဟောင်းတွေ သွားနှုတ်ဆက်ကြတာ နေမှာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved