နေပြည်တော်ရဲ့ ရှေ့နေ မစ္စတာ ထိုင်းဝန်ကြီးချုပ်

Sunday, December 12, 2010

ဒီနေ့ ရက်စွဲနဲ့ ဘန်ကောက်ပို့စ် သတင်းတပုဒ်က စိတ်ဝင်စားစရာကောင်း၊ ရာသီစာလည်း ဖြစ်နေတော့ ရှယ်ပေးလိုက်ပါတယ်။


မြန်မာပြည်မှာ နျူကလီးယားမရှိဘူးလို့ အဖိဆစ် ပြောဆို
ဒီဇင်ဘာ ၁၂ ရက်နေ့

ပေါက်ထွက်လာတဲ့ အမေရိကန် ကြေးနန်းစာမှာ ဖော်ပြထားသလို မြောက်ကိုရီးယားအကူအညီနဲ့ မြန်မာပြည်မှာ နျူကလီးယား စီမံကိန်း အကောင်အထည် ဖော်နေတယ် ဆိုတဲ့ အချက်ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက လက်မခံပါဘူး တဲ့။

မစ္စတာ အဖိဆစ်က မနေ့တုန်းက သို့ကလို ပြောလိုက်တာပါ၊ မြန်မာဟာ နျူလက်နက် ပိုင်ရှင်ဖြစ်နေပြီ သို့တည်းမဟုတ် ထုတ်လုပ်နေပြီလို့ စွပ်စွဲနေတာတွေက ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိပါဘူး တဲ့။

အာဆီယံမှာ ဘယ်တိုင်းပြည်ကမှ နျူလက်နက်ထုတ်ဖို့ ရည်ရွယ်ချက်မရှိပါ လို့ ဆိုပါတယ်။

"အာဆီယံကို နျူကလီးယား ကင်းမဲ့ဇုန် အဖြစ် မြန်မာပြည်က တွေ့ချင်ပါတယ်၊ အာဆီယံ-အမေရိကန် ဆွေးနွေးပွဲမှာ မြန်မာက အဲဒီအတိုင်း ပြောတာ ကျုပ် မှတ်မိတာပေါ့ဗျာ" လို့ မစ္စတာ အဖိဆစ်က ဆိုပါတယ်။

အိမ်နီးချင်းတိုင်းပြည်တွေရဲ့ လှုပ်ရှားမှုတွေကို ထိုင်းက ထိုင်းနိုင်ငံလုံခြုံရေးအတွက် စောင့်ကြည့်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

Burma not nuclear, says Abhisit
* Published: 12/12/2010 at 12:00 AM
Prime Minister Abhisit Vejjajiva has dismissed claims in a leaked US cable that Burma is building a nuclear programme with help from North Korea.
Mr Abhisit said yesterday there was no evidence to support the accusation that Burma possesses or is producing a nuclear weapon.

He said none of the Association of Southeast Asian Nations members has any intention to possess nuclear weapons.

"I can remember that Burma confirmed in an Asean-US summit that it wanted to see Asean as a nuclear-free region," Mr Abhisit said.

Still, he said Thailand had been monitoring movements in neighbouring countries for the sake of national security. - - - -

3 comments :

  1. Anonymous said... :

    နယ်စပ် ---- ကုန်သွယ်ရေးက အေ၇းကြီးတယ်လေ - - - - နည်းနည်း ပါးပါး ---- ဒီလိုဘဲ - - - ပြောပေး၇မယ်လေ - - -

    သိန်းထွန်း/ဘန်ကောက်

  1. Anonymous said... :

    ဟဟဟ...။ သိပ်ရိုးတဲ့ လူတွေကိုး။ ရိုးလွန်းတော့.. အ..ပါသွားကြပြီ။ ဒီလို အရိုး-အ.အ...မြန်မာနိုင်ငံသားတွေ သိပ်များလွန်းနေလို့ မြန်မာနိုင်ငံကြီး ခုထိတိုးတက်မှုဆီကို မပြောင်းလဲနိုင်တာ၊ မြန်မာကြီး မတိုးတက်သေးတာနေမယ်ဗျ။ ထိုင်းက သူ့ဘက်လှည့်လာတော့မဲ့ အနေအထားမြင်လို့ ကြိုင်တင်ပြီးပိတ်ပြောလိုက်တာ။ မြန်မာအတွက် ရှေ့နေလုပ်ချင် လွန်းလို့တော့ သွေးနထင်မရောက်လိုက်ကြနဲ့ ကိုယ့်လူတို့။ နည်းပညာအရ၊ ငွေသုံးစွဲနိုင်မှုအရ လက်ရှိအခြေအနေမှာ ထိုင်းက မြန်မာထက်အများကြီးသာတယ်။ မြန်မာရော ထိုင်းရော ပါဝါအတွက်၊ ဆိုလာနဲ့ နြူကိုအပြိုင်ကြိုးစားနေကြတာချင်းအတူတူ ဘယ်ကရှေ့ရောက်နေတယ်ဆိုတာ သဘောက်ပေါက်ကြပါ။ ဒါပေမဲ့ ဘာမှမဟုတ်တဲ့ မြန်မာကသာ နာမည်ဆိုးထွက်နေတာ..ဒီဟာကိုအကြောင်းပြုပြီး ပေါက်ကရအကျိုးဆိုးတွေ ခံစားနေရတာတွေက ကိုယ့်အကျိုးရှိလားမသိ-သူများအကျိုးရှိလားမသိ အူကြောင်ကြားငပေါတွေကြောင့် ခုလက်ရှိဟိုမရောက်၊ ဒီမရောက်မြန်မာတွေဖြစ်နေတာပဲဗျ..။ လုပ်နိုင်ရင်လည်း အပြတ်လုပ်ကြပါ။ ဘယ်ဘက်ကလုပ်လုပ် အားပေးပါတယ်။ ကဖျက်ကရပ်တော့ ဘယ်ဘက်မှာရပ်နေတဲ့ မြန်မာပဲဖြစ်ဖြစ် မြန်မာ့အကျိုးအတွက် ဘယ်လိုအနေအထားမျိုးမှာမဆို မလုပ်သင့်ပါဘူး။ ကိုယ့်လူမျိုးအကျိုးအတွက် အမြင်မှန်ရ၊ သဘောပေါက်ကြပါစေဗျာ။

  1. kooo said... :

    ဧကန်ဏတော့ အဘိဇစ်ကထိုင်းနိုင်ငံဖွါး တရုပ်လူမျိုးဘဲဖြစ်ရမယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved