အမျိုးသားအောင်ပွဲနေ့ အခမ်းအနား

Wednesday, December 1, 2010

ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်မှာရှိတဲ့ NLD ရုံးချုပ်မှာ ဒီကနေ့ အနှစ် ၉၀ မြောက် “အမျိုးသားအောင်ပွဲနေ့” ကို ကျင်းပကြပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)






8 comments :

  1. Co2zeиith said... :

    သတင်းတွေ အတွက် ကျေးဇူးပါ၊၊

  1. Anonymous said... :

    ဘုန်းကြီးနဲ့ နိုင်ငံရေးနဲ့ဘာဆိုင်လို့တုန်း?
    ဘုန်းကြီးအလုပ်က တရားပြရမှာ အခုတော့ ဒေါ်စုကြည်ဆိုင်းဘုတ်ကိုင်နေပြီ
    မြတ်စွာဘုရားဟောကြားဆုံးမခဲ့တာတွေနဲ့ လွဲချော်နေပြီ
    ဘုန်ကြီးက ဘုန်းကြီးကျောင်းမှာရှိရမှာ အခုတော့ ပါတီပျက်အိမ်မှာ ဆိုင်းဘုတ်လာကိုင်နေတယ်...ဘုန်းကြီးက လူတွေနဲ့ တစ်တန်းတည်း အတူထိုင်လို့ရလား?ဘာတွေလဲ ဒို့ဗုဒ္ဒသာသနာအရေးတွက် ရင်လေးတယ်

  1. Anonymous said... :

    ဟေ့သောက်ကောင်
    ဘုန်းကြီးနိုင်ငံရေးလုပ်တော့ဘာဖြစ်တုန်း။ နင်တို့ပထွေးသန်းရွှေ မင်းကျင့်တရား ၁၀ ပါးနဲ့အညီမကျင့်လို့ ဘုန်းကြီးရော ကျောင်းသားရော
    လူထုရော ၀င်ပါနေရတာလေ။ စစ်ခွေးနောက်လိုက်ရဲ့။

  1. Anonymous said... :

    ဗုဒ္ဒဘာသာက (စာလုံးပေါင်း လက်ကွက်မသိလို့)နိုင်ငံရေးနဲ့ ကင်းလွတ်ခဲ့တယ်လို့ မမြင်ပါဘူး။ အနီးစပ်ဆုံးကြည့်ရင်တောင် ဆရာတော်ဘုရား ဦးဥတ္တမလည်း နယ်ချဲ့ ခေတ် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ဥပမာတွေလည်း အများကြီးပါ။ အစိုးရမကောင်းရင် သာသနာလည်း မထွန်းပြောင်နိုင်လို့.. နိုင်ငံရေးနဲ့ ဘုန်းကြီးမဆိုင်ဘူးဆိုတဲ့အမြင်က ဗုဒ္ဒဘာသာဝင်တွေကို အမြင်ကျဉ်းမြောင်းသူတွေအဖြစ် အများမြင်သွားနိုင်တယ်။ (အဲဒါမှ ဘာသာရေးအတွက် ရင်လေးစရာ)

  1. Anonymous said... :

    ဘုန်းကြီးက ဘုန်းကြီးကျောင်းမှာနေရမှာဆို... မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေ.. လမ်းမပေါ်ရောက်လာတယ်.. ဘုန်းကြီးကျောင်းတွေကို ဓါးမြ၀င်စီးသလို စီးခံနေရပြီ.. ဘုန်းကြီးတွေ ထောင်ထဲရောက်နေတယ်ဆိုတော့.. မြန်မာနိုင်ငံရဲ့ ဘာသာရေးအခြေအနေက တော်တော်ဆိုးနေပြီလို့ပြောလို့ရပြီ။ အခုလိုအခြေအနေမျိုးက နယ်ချဲ့လက်အောက်မှာပဲ ဖြစ်လားလို့ ထင်ခဲ့တာ.. အခုတော့ နယ်ချဲ့ ထက်ဆိုးတဲ့သူတွေရှိမှန်း.. သိရတော့တယ်။

  1. Anonymous said... :

    A monk should involve in politic in these Burmese days. There are few famous monks who helped Burma to get Independence.

  1. Anonymous said... :

    မြန်မာ့လူမူအဖွဲ့ အစည်းရှိ အသီးသီးသော သက်ဆိုင်ရာ အင်စတီကျူးရှင်းတို့ သည် ကိုယ့်အလုပ်ကိုကိုယ်မလုပ် မဆိုင်သည်ကို ၀င်လုပ်ကြသောကြောင့်..သမိုင်းနှင့်ချီ၍ ရှင်းလို့ မရအောင် ရှုပ်ထွေးနေကြခြင်းသည် အားလုံးသောပြဿနာတို့ ၏ ပင်မအကြောင်းဖြစ်သည်ဟုထင်ပါသည်။ စစ်သား၏ အလုပ်မှာ တိုင်းပြည်ကိုကာကွယ်ရုံသာဖြစ်၍ ရာဇာပလ္လင်ထက်၌ အုပ်ချုပ်ရန်မဟုတ်သကဲ့သို့ ကျောင်းသား၏အလုပ်မှာ...စာရေးစာဖတ်နှင့်သုတေသနလုပ်ရန်သာဖြစ်၍ လမ်းမပေါ်၌ ရုန်းရင်းဆန်ခတ် ဆန္ဒပြ လှည့်လည်ဖို့ မဟုတ်ပါ။ ထို့ အတူ ရဟန်းသံယာ၏အလုပ်မှာ... ပရိယတ္တိ၊ ပဋ္ဋိပတ္တိ နှင့် ပရိဝေဒ ဟူ၍သာရှိပါသည်။ ညာတတ္ထစရိယ ဟူ၍ အကြောင်းပြကာ ရဟန်းသံယာမှ နိုင်ငံရေးလုပ်ခြင်းမှာ သာမညကို အဓိက အလုပ်အဖြစ်လွဲမှားစွာ ဆွဲယူခြင်းဖြစ်ပါသည်။ “သံသာရ၀ဋ္ဋဒုက္ခတော“ သရာဝဋ္ဋ်ဆင်းရဲမှထွက်မြောက်ပါရခြင်းအကျိုးငှာ ဟူ၍ ဥပစ္ဆယ် ဆရာတော်ထံမှ သင်္ကန်းတောင်းရစမြဲသာဖြစ်ပါသည်။ “သံသာရဘယံ“ သံသရာဘေးကိုမြင်၍ ရဟန်းတရားကိုအားထုတ်သူသည်သာ “ဘိက္ခု“ ဟူ၍သတ်မှတ်စမြဲဖြစ်ပါသည်။ ဤ၌လည်း...ရဲဘော်သုံးကျိပ်နှင့်တပ်မတော်၏ဦးဆောင်မှုအခန်းဂဏ္တကို၎င်း၊ကျောင်းသားများဖြစ်သော အောင်ဆန်း၊ မောင်နု အစရှိသည်တို့  နိုင်ငံရေးလုပ်သဖြင့် လွတ်လပ်ရေးရခဲ့သည်ဟူ၌၄င်း၊ ဦးဥတ္တမ နှင့် ဦးဝိစာရတို့ ၏ နိုင်ငံရေး လှုပ်ရှားမှုကို၎င်း ဥပမာပြုကြပြန်ပါသည်။ အမှန်တွင်တော့ မတူညီသော ခေတ်၊စံနစ်တို့ အတွင်းရှိ လူ့ အဖွဲ့ အစည်း တို့ ၏အနေအထားကို မေ့လျော့၍....အစဉ်အလာတစ်ခုအဖြစ်လှေနံဓါးထစ်မှတ်ယူကာ.. နောက်လူတို့ မှလွဲမှားစွာကျင့်သုံးခြင်းသည် လူ့ အဖွဲ့ အစည်းတစ်ခု ဟန်ချက်ညီညီ တိုးတက်ရေးအတွက်ကြီးမားသော အန္တရာယ် ဖြစ်သည်ဟုမြင်ပါသည်။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေသေးပါက...စစ်တပ်မှ နိုင်ငံတော်အာဏာအား ထိန်းချုပ်ထားခြင်း...ပညာရည်မြင့်မားရေးထက်..ထစ်ကနဲရှိ လမ်းပေါ်ထွက်ဆန္ဒပြ ခြင်း၊ ဘုန်းကြီးရဟန်းတို့ မှ လူဝတ်ကြောင်တို့ နှင့်ထွေးရောယှက်တင် နိုင်ငံရေးလုပ်ကြခြင်းတို့ ကို စက်ဆုပ်လိမ့်မည်ဟုထင်မြင်မိပါသည်။ စစ်တပ်မှမကြာခဏအာဏာသိမ်းတတ်သောတိုင်းပြည်တို့ ၌ ရေရှည်တည်ငြိမ်အေးချမ်းမှုတည်ဆောက်ရန်ခက်ခဲသကဲ့သို့ ၊ ပညာရေးထက် နိုင်ငံရေးကိုသာဂရုပြုသောဆန္ဒပြကျောင်းသားတို့ ပေါများသောတိုင်းပြည်သည်လည်း ဖွံ့ံ့ဖြိုးတိုးတက်မှုကိုတည်ဆောက်နိုင်မည်မဟုတ်ပါ။ ထို့ အတူ...ဦးဥတ္တမ၊ ဦးဝိစာရ တို့ အားသမိုင်းတွင်သော ပုဂ္ဂိုလ်များအဖြစ်သတ်မှတ်သော်လည်း...အကျင့်သိက္ခာနှင့်ပြည့်စုံသော..သာ့သနာ့အာဇာနည်များဟူ၍ ဗုဒ္ဓသာသနာတော်၌မသတ်မှတ်ကြောင်းသိမှတ်ဖို့ သင့်ပါသည်။ မိမိနှင့်မဆိုင်သောအလုပ်ကိုဝင်မရှုပ်ပဲ..ကိုယ့်အလုပ်ကိုအဆုံးထိလုပ်ကြလျှင်ဖြင့် ဤမျှလောက်ရှုပ်စရာအကြောင်းမရှိဟုမြင်မိပါသည်။

  1. Anonymous said... :

    ဟုတ်ကဲ့။ အဲဒါဆို နိုင်ငံကထွက်တဲ့ အရင်းအမြစ်မှရသော ပိုက်ဆံ သုံးစွဲတာတွေ၊ ကျွန်တော်တို့ကို အုပ်ချုပ်မဲ့ ဥပဒေသတ်မှတ်တာကော ဘယ်သူ့ အလုပ်လဲ။ ဆေးရုံမှာ ဆေးမရှိတာ၊ မီးမရ၊ ရေမရတာ။ ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းမလုံလောက်တာ၊ ဘွဲ့ ရပြီး စားဝတ်နေရေး ပြေလည်လောက်တဲ့ လစာနဲ့ အလုပ်မရှိတာတွေ။ ၀န်ကြီးသားတွေက project တွေနဲ့ import permit တွေ အကုန်ယူသွားတာတွေ.. အဲဒါတွေကကော ဘယ်သူ့ အလုပ်ပါလဲခင်ဗျား။ ခင်ဗျားပြောပုံအရဆိုရင် အစိုးရက ထားရာနေ၊ စေရာသွား၊ ပေးတာစားပြီး သူ့ တို့ ပုံဖော်ထားတဲ့ ပုံစံခွက်ထဲမှာ ကိုယ့်အလုပ်ကိုယ်လုပ်ရမယ် ဆိုရင် ကျွန်သာသာ အဆင့်ပဲ ရှိတဲ့ လူမျိုးဖြစ်သွားလိမ့်မယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved