ဗိုလ်ထိန်မောင်တို့ကို စစ်အစိုးရ စတိုက်

Wednesday, December 1, 2010


နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ (Saw Timothy) က ဧရာဝတီသို့ ပြောသည်။

“တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ်တော့ စောတင်အောင်ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွားတယ်”ဟု ၎င်းက ဆိုသည်။

(သတင်း အပြည့်အစုံ ဖတ်ရန်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved