စစ်တပ် ဘက်ပြောင်းရန် စာကြဲ

Saturday, December 18, 2010

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ၆ ကွေ့မှတ်တိုင် အနီးမှာ ၁၆ ရက်ညပိုင်းက ခရီးသည်တင် ၄၃ ယာဉ်လိုင်းကားတစီးပေါ်ကနေ စာရွက်တွေကြဲချသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စာထဲမှာတော့ "စစ်သည်တော် အပေါင်းတို့ တိုင်းရင်းသားပြည်သူများအပေါ် အနိုင်ကျင့်ကျူးကျော်သော ထိုးစစ်ကို စွန့်ခွာခဲ့ပါ။ စစ်အာဏာရှင်ရဲ့စစ်ကျွန်အဖြစ်မှ ပြည်သူ့စစ်သည်တော်အဖြစ် ဘက်ပြောင်းခိုလှုံကြပါ"လို့ ရေးသားထားကြောင်း သိရပါတယ်။



11 comments :

  1. timothy said... :

    တိုင်းရင်းသားတပ်ပေါင်းစုတွေကရန်ကုန်နဲ့တိရိစ္ဆာန်ရုံဂိန်ဗျီတောကိုသိမ်းဘို့ဝိုင်း
    ထားတဲ့နေ့နီးလာပါပြီ။
    လူထုချဉ်ဖတ်ချီးဖတ်ဖြစ်တဲ့ဂန်ဓူးဂျီးငသန်းရွှေ၊အမူးမောင်အေး၊တို့တတွေတော့
    ကယ်မဲ့လူဘယ်သူမှရှိမှာမဟုတ်ပါဘူးခင်ဗျား။ အဲဒီနေ့အတွက်ပြင်ဆင်ကြပါစို့။

  1. Anonymous said... :

    ဟိုမင်း ဖြုတ် ၊ဒီမင်းဖြုတ်လုပ်ရအောင် သက်ဦးဆံပိုင် ဘုရင်စနစ်များ မှတ်နေလား။ ပြောတော့ အာဏာရှင်စနစ်ကို မကြိုက်ဘူးတဲ့။ လုပ်တဲ့ အချိုးက ဘုရင်စနစ်က အထာတွေ နဲ့။ အဲ့စာရွက်ကြဲတာလည်း မင်းတို့ ဆီက ငကြောင်တွေ (သို့) ဒေါင်း ငကြောင်တွေ ပဲ ဖြစ်လိမ့်မယ်။
    မသေမချင်း မှတ်ထား...တပ်မတော်သားတွေ က အသေပဲ ခံလိမ့်မယ်။ မင်းတို့ လို ငကြောင်တွေ လုပ်တာကို နားယောင်မှာ မဟုတ်ဘူး။ဒါသူတို့ အားလုံး ခံယူချက်ပဲ။
    နောက်တချက်က သူတို့ တွေ အားလုံးမှာ အဆင့်ဆင့် ခေါင်းဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ရှိတယ်။ မင်းတို့ လို ငကြောင်တွေ စုနေတာမဟုတ်ဘူး ငတုံးလေးတွေ ရဲ့..တုံးချက်က ကမ်းကုန်တယ်။

  1. ကြိုက်တယ်ကွာ ဒါမျိုးသတ္တိ said... :

    > Anonymous December 19, 2010 12:19 PM အောင်မလေး....အွန်လိုင်း သီဟသူရ ဘွဲ့ရကြီး နဲ့လာတွေ့ နေပါလား။ "အသေကို 'ခံ'" မယ်ဆိုပဲ။ လုပ်ပါကွာ တို့ကလည်း ဒါမျိုးလေးတွေကြိုက်တာ။ DSA ထွက်တွေက အံကြိတ်ခံတတ်တာကို ဟိုနားကပ်နဲ့ ဗိုလ်လေးကတဲ က သိပြီးသားပါကွာ။ :P

  1. Anonymous said... :

    တပ်မတော်သားတော်တော်များများက အကြီးအကဲပိုင်း စစ်အာဏာရှင်တွေကို မကြိုက်ပါဘူး။တကယ်ထကြွလာမယ်ဆိုရင် လက်အောက်ငယ်သားစစ်သည်တော်က ပြည်သူ့ဖက်က ပါလာမှာသေချာတယ်။

  1. Anonymous said... :

    "သူတို့ တွေ အားလုံးမှာ အဆင့်ဆင့် ခေါင်းဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ရှိတယ်။" ကောင်းလိုက်တဲ့ခေါင်းဆောင်တွေ၊ အသိဥာဏ်ရှိလိုက်တဲ့ ခေါင်းဆောင်တွေ။ တခြားဟာတွေ မပြောပါဘူး။ ကြက်ဆူစိုက်တာလေးကို ပဲရှင်းပြပေးပါလား "ကိုအမည်မသိ"ရေ။

  1. အောင်မလေး....အွန်လိုင်း သီဟသူရ ဘွဲ့ရကြီး နဲ့လာတွေ့ နေပါလား။ အသေကိုခံမယ်ဆိုပဲ။

  1. ကိုဖြူ said... :

    ပြည်သူ့တပ်မတော်ဆိုတာ ပြည်သူတွေအတွက်အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ပေးရတဲ့ တာဝန်ပဲ မဟုတ်ပါလား။ဒါတွေကမှ တကယ့်စစ်မှန်သော တပ်မတော်ဖြစ်နိင်မှာပေါ့။ အမှန်ကိုသိနေရဲ့နဲ့ မှားနေတဲ့လက်တဆုတ်စာ အာဏာရူးတွေအတွက် အသေခံမယ်ဆိုရင် တပ်မတော်ရဲ့သမိုင်းကြောင်းလဲ ကောင်းလာမှာမဟုတ်ဘူးလေ။ နေရတဲ့လူုဘဝ ခဏတာလေးမှာ မှားနေရင်အမှန်ကို အမြန်ပြင်ပီး ပြည်သူတွေရဲ့လိုလားတဲ့ စစ်မှန်သောတပ်မတော် ဖြစ်အောင်လုပ်ကြပါစို့နော်။

  1. Anonymous said... :

    ကောင်းပါတယ်၊ ဆွေစဉ်မျိုးဆက်ချမ်းသာလာကြတဲ့
    စစ်ခေါင်းဆောင်တွေထင်ပ။ ဒေါ်လာသန်းထောင်ချီ မန်ယူအသင်းမျိုးဝယ်ဖို့ စဉ်းစားနိုင်၊ ပြည်တွင်းမှာလည်း ကျပ်သန်းသောင်းချီတန်အိမ် ထောင်ချီတန်ကား အစီးစီး၊ ကုမ်မဏီ အမျိုးမျိုး၇ဲ့ အစုများပိုင် ခေါင်းဆောင်ကြီးများကို အ၇ိုးကိုက်နိုင်တဲ့ မင်းတို့လို ပခုံးပေါ် ဘိလပ်ေ၇ပုလင်းဖုံးတင် ခေါင်းဆောင်တွေက အသေခံကာကွယ်ကြပေါ့။ ငါတို့လို စုပ်ပဲ့ ငတ်ပြတ်နေတဲ့ အကြပ်/တပ်သားတွေကတော့ အခြေအနေပေးတဲ့တနေ့ကိုစေါင့်နေပါတယ်။

  1. ရှေ့တန်းရောက်တပ်မတော်သားတယောက်ရဲ့မိန်းမ said... :

    တပ်မတော်ထဲက ဒုက္ခတွေကို အပြင်လူတွေက မသိနိင်ပေမဲ့ ကျွန်မတို့ ရှေ့တန်းရောက်နေတဲ့ စစ်သည်တွေရဲ့ မိန်းမတွေကတော့ ကောင်းကောင်းကြီး ခံစားနားလည်ရတယ်လေ။ယောက်ကျားကတော့ ရှေ့တန်းမှာ နေ့သေမလား ညသေမလား ဆိုပြီး စိုးရိမ်ပူပန်နေတာကတကြာင်း.မနက်ထမင်းစားပီး ညထမင်းချက်ဖို့တောင် ဆန်မရှိတဲ့ဘဝ။ အာဟာရမပြည့်ဝလို့ပိန်လီချို့တဲ့ နေတဲ့ ကျွန်မတို့ရဲ့ကလေးတွေ။ နောက်တနေ့စားဖို့ကို ပူပန်နေရတဲ့ စစ်သားမိန်းမတွေမှာ တပ်အပြင်ကိုထွက်ပြီး ရရနိုးနိုးပိုက်ဆံထွက်ရှာ ရတဲ့အဖြစ်တွေကိုတော့ ဘဝတူတွေသာ သိနိင်ပြီပေါ့။တခါတလေများ ကြပြန်တော့လဲ ကိုယ်တပ်ကအရာရှိကတော်တွေဆီမှာ စားစရာလေးများ ရနိုးနိုးနဲ့ နင်းပေးနိပ်ပေး အဝတ်လျှော်ပေးရ ကျွန်ခံပေးရတဲ့အကြိမ်ပေါင်းကလဲ မနည်း။ဒါနဲ့များ အသက်ရင်းပီး ပေးဆပ်နေရတဲ့ တပ်မတော်သားတယောက်မိန်းမရဲ့ ဘဝတွေလား။ကျွန်မတို့ သားသမီးတွေရဲ့ အနာဂတ်တွေကရော ဘယ်မှာလဲ။အထက်လူကြီးတွေမှာတော့ စည်းစိမ်ယစ်မူးနေတဲ့အချိန်မှာ အဆီမပါအသားမပါ မသေထမင်း မသေဟင်းကိုပူပင်ကြာင့်ကြမှု တွေနဲ့စားနေရတဲ့ ကျွန်မတို့ရဲ့အဖြစ် ဘယ်သူမှမကယ်နိင်။ဒီဘဝ ထဲကနေရုန်းထွက်ဖို့ရာ ရှေ့တန်းရောက်နေတဲ့ ကျွန်မယောကိကျားအပါဝင် တပ်သားအားလုံးတွေရဲ့ သေနတ်ပြောင်းဝဟာ အာဏာရှင်တွေဆီကိုသာ လှည့်ပြောင်းပြီး ချိန်ရတော့မဲ့အဖြစ်။အမိန့်ဆိုတဲ့ အာဏာစက်ကွင်း အောက်ကနေ ရုန်းထွက်နိင်ဖို့အရေး ကျွန်မတို့သားသမီးတွေရဲ့ အနာဂတ်တွေဟာ တပ်မတော်စစ်သားတွေဆီမှာ အဓိက ဦးတည်နေတယ်လေ။ဒီတပ်မတော်သာ ပြည်သူတွေနဲ့တသားတည်း ဖြစ်ရင်ကျွန်မတို့ကလဲ ပါဝင်ဖို့အသင့်ပါ။နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ စစ်သားမိန်းမတယောက်ရဲ့ ဘဝအမှန်တွေပါ။

  1. မင်းတို့သေသင့်ပါတယ် said... :

    ခေါင်ဆောင်ကောင်းမှနောက်လိုက်ကောင်းတာကွး အေးမင်းတို့ခေါင်းဆောင်တွေ ပြောတဲ့ငါခိုင်းတာလုပ် ငါစကားနားထောင် ဒီနိယာမတွေကတော ရူးကြောင်ကြောင်လူတွေရဲ့ လုပ်ရပ်ကိုမင်းတို့ကလက်ခံတယ်ဆိုတော့ ကမ္ဘာကြီးကရွာကြီးဖြစ်နေတဲ့နေရာမှာမင်းတို့ကိုမင်းတို့စဉ်စားကြည့်လိုက်ငါတို့ဘာအတွက်လူဖြစ်လာရတာလဲလူဖြစ်ပြီတော့ လူသားတစ်ယောက်ရဲ့အခွင့်အေ၇းတွေငါတို့ဆီမှာရှိလား၊အမှန်တရားဆိုတဲ့ဝေါဟာရဘာလဲဆိုတာကိုမင်းတို့တွေ သဘောပေါက်နိုင်စွမ်းမရှိလို့ မင်းတို့ကအသေခံမယ် ဘာအတွက်ကိုအသေခံမှာလဲ မတရားတဲ့ဘက်ကရပ်တည်ပြီးတော့သေမှာလား ဒါဆိုရင် မင်းတို့ကိုတော ကမ္ဘာပေါ်မှာနေတဲ့မြေကြိးလေးနေတဲ့ကောင်တွေလို့ဘဲ ငါတို့ကလည်း မှတ်လိုက်ပါမယ်.........

  1. Anonymous said... :

    သတ္တိကောင်းနေလိုက်ကြတာ တတ်မတော်သားတွေ (သတ်မတော်လားတော့
    မသိဘူး)ရာထူးတက်မယ်ဆိုရင်ဘာမဆိုလုပ်မယ်ဆိုတဲ့ သတ္တိကို အသေခံရဲ
    တယ်လို့ ဆိုလိုတာလားမသိပါဘူး။ နားနဲ့ဆတ်ဆတ်ကြားရတဲ့ စကားလေးကို
    အသိပေးလိုက်ပါရစေ။ သံအမတ်တစ်ယောက်(အရင်က ဗိုလ်မှုးကြီးဖြစ်ခဲ့ဖူး)
    ပြောတာလေးပါ။အရင်က ခါးမှာ သေနတ်ချိတ်ထားတုန်းက ဘာမှမကြောက်
    ခဲ့ပါဘူး အခုတော့ ခွေးလေးတစ်ကောင်ဟောင်တာကိုတောင်ကြောက်နေရပါ
    သတဲ့။ ကြားဖူးကြရဲ့လား အာဏာရှင်တို့ရဲ့သတ္တိဆိုတာကိုလေ။ အာဏာရ
    မယ် ရာထူးသာတက်မယ်ဆိုရင် ဘာမဆိုအကုန်လုပ်တတ်တဲ့ အာဏာရှင်တွေရဲ့ အတွေးနဲ့ အလုပ်ကိုတော့ တွေးလို့မီနိုင်မယ်မထင်ပါဘူး။ (၀န်းကြီးတစ်ယောက်ရဲ့ ဖိနပ်ကိုလုနေကြတဲ့
    ဗိုလ်ပေါက်စလေးတွေကိုလဲတွေ့ဖူးခဲ့ပါတယ်) အခုပြောတဲ့သူဘယ်သူလဲလို့
    မသိချင်နဲ့နော် အာဏာရှင်တွေရေ။ အတွင်းရေးကိုသိနေမှတော့ ဘယ်သူလဲ
    ဆိုတာမှန်းကြည့်ပေါ။ ဟုတ်ပြီလား သတ္တိရှင်တို့.။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved