စာပေစိစစ်ရေးကို အထုပ်ထပ်ဖြည်

Wednesday, December 29, 2010

ပြန်ကြားရေးဝန် ကျော်ဆန်း၊ စာပေဖက်ဆစ်မှူး တင့်ဆွေ

စာပေစိစစ်ရေးနဲ့ ပတ်သက်ပြီး ယနေ့မြန်မာမှာ ဖော်ပြထားတဲ့ ပေးစာပါ။ စာရေးပို့တဲ့သူက စာပေလောကသားတယောက်လို့ ဆိုထားပြီး အချက်အလက်တွေခွဲ၊ ထောက်ပြ ဝေဖန်ထားပါတယ်။

(၁) စာပေစိစစ်ရေးတွင် တိကျသော မူဝါဒ မရှိပါ။
(၂) စာပေစိစစ်ရေး ဝန်ထမ်းများမှာ အရည်အချင်း မပြည့်မီပါ။
(၃) စာပေးစိစစ်ရေးတွင် အကြီးအကျယ် လာဘ်စားနေကြသည်။
(၄) စာပေစိစစ်ရေးသည် အကြွင်းမဲ့ အာဏာရှင်ပုံစံဖြင့် တည်ဆောက်ထားသည်။
(၅) စာပေစိစစ်ရေးသည် စာပေဆိုင်ရာ စီးပွားရေးလုပ်ငန်းအား စစ်အာဏာရှင်တစုသာ လုပ်နိုင်အောင် ကန့်သတ်ထားသည်။
(၆) စာကောင်းပေမွန်များ အထွက်နည်းရေးသည် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်ဖြစ်သည်။

အဲဒီလို ကဏ္ဍတွေခွဲပြီး ဝေဖန်ထားပါတယ်။ အသေးစိတ်ကို ဒီနေရာက ယနေ့မြန်မာမှာ ဖတ်နိုင်ပါတယ်။

5 comments :

  1. Anonymous said... :

    ဒီဆောင်းပါးရေးသူကို အထူးကျေးဇူးတင်ပါတယ်
    အားလုံးအမှန်တွေချည်းပါ
    စာပေစိစစ်ရေးကို စာပေကင်ပေတိုင်ဆိုပြီး ခေါ်ခဲ့ ကြတာ မှတ်မိပါသေးတယ်
    ကျွန်မဂျာနယ် ထုတ်စဉ်က
    တင့်ဆွေမရောက်သေးပါဘူး..အဲဒီတုန်းကလည်း ညွှန်မှူးအခန်းဝက ပြာတာက ကျွန်မကို ဖိနပ်ချွတ်ဖို့ပြောပါတယ်..ကြည့်လိုက်တော့ ကြမ်းပြင်ကို ဖယောင်းပုဆိုး ညစ်ထပ်ထပ်ခင်းထားတယ်..ပြာတာကိုယ်တိုင်လည်း ဖိနပ်စီးထားတယ်..ကျွန်မ လုံးဝ ဖိနပ်မချွတ်ခဲ့ဘူး..အဲ..ဒါပေမယ့် ကျွန်မရဲ့ အယ်-ချူပ်က စကားနည်း ရန်စဲ ပြေရာပြေကြောင်း ဖိနပ်ချွတ်ခဲ့ပါတယ်.
    သာမန်ကြည့်ရင်တော့ အသေးအမွှား ယူဆစရာပေမယ့် သက်သက် လူပါးဝတာပါ..နောက် သူ့ကို လဘက်ရည်ဖိုးပေးထားလိုက်တော့မှ အဆင်ပြေသွားတယ်..လာဘ်ပေးလာဘ်ယူတာကို မနှစ်သက်ပေမယ့် လူပ်ခဲ့ရတာပါဘဲ

  1. Anonymous said... :

    တစ်ခါကဆိုရင် တေးစီးရီးထုတ်သူတစ်ယောက်( နာမည်တော့ မပြောတော့ပါဘူး)အဲဒီ ညွှန်မှူးသမီးပေါက်စနလေးအတွက် မွေးနေ့လက်ဆောင်ဆိုပြီး ရွှေဆွဲကြိုးပေးတာ နဲ့ ကြုံကြိုက်ခဲ့ပါသေးတယ်
    မသထာရေစာ နဲ့ ကြီးပွားတာ အားလုံးအသိပါဘဲ

  1. Anonymous said... :

    မြတ်ခိုင် အကြောင်းလည်း အားလုံးသိကြပါတယ်
    ခံစားရတဲ့သူတွေလည်း အများကြီးပါ
    ကျွန်မရဲံ့ ၈ျာနယ် (၂၃) စောင် အပြီးမှာ ရပ်သွားခဲ့ရတာလည်း သူ့စနက်မကင်းခဲ့ပါဘူး
    သူ့သမီးလေးဆုံးပါး..သူ့မိန်းမခြေထောက်ဖြတ်ရနဲ့ ဘ၀မကူးခင် အမျိုးမျိုး ဖြစ်နေခဲ့တာတောင်မှ အမှတ်သည်းခြေမရှိ..အရှက်မရှိ လုပ်နေတုန်းပါ
    နောက် ပုတ်သင်ညိုလို အေ၇ာင်ပြောင်းဖို့လည်း ၀န်မလေးတတ်ပါဘူး
    သတိရလို့ စကားမစပ်လည်း ပြောချင်သေးတာက..ခင်မောင်ညို (ဘောဂ)လည်း မြတ်ခိုင်ဆန်ဆန် ပုတ်သင်ညိုတစ်ကောင်ဆိုတာပါ..မသိသူတွေကတော့ ဆရာပေါ့ ဘုရားတရားနဲ့ ကြည်ညိုစရာပေါ့..သူက မြတ်ခိုင်လို ပေါ်ပေါ်ထင်ထင် မလုပ်ဘဲ ..ပညာ၇ှိဆန်ဆန်လေး ဆိုတော့ သိပ်မသိကြတာပါ..နောင်ကြုံကြိုက်ရင်..စာပေ ပုတ်သင်ညို တွေ အကြောင်းရေးပါအုန်းမယ်

  1. Anonymous said... :

    ဗမ တင့်ဆွေ လဲ စာရေးဆြာဘဲ။
    ရဲရင့်တင့်ဆွေ --- မဖြေရှင်းသင့်ဘူးလား။
    ဂလောက် အ မနာပ ပြောနေတာ တွေ ကို။

    သတ္တိလေးမွေးပါ။ မဟုတ်ရင် မဟုတ်ကြောင်း ၊ ဤ သို့ ဆိုလျှင် ငြင်းကြောင်းလေးတော့ လုပ်ပါ ဆြာတင့်ဆွေရယ်။

  1. Anonymous said... :

    တင့်ဆွေရှေ့က အေးထွန်းခေတ်မှာတော့ တော်တော်လေး ထဲထဲဝင်ဝင် ကြုံကြိုက်ခဲ့ရဖူးပါတယ်

    စာရေးတတ်တတ်တယ်ဆိုမှ လူကြီးသားသမီးတွေ အတော်ရေးတာ သတိရမိတယ်..ထီလာစစ်သူသား တွေလည်း စာရေးဆရာတွေ ချည်းဘဲလေ.
    ရာဇာစိုးညွန့် ဆိုရင် မော်ကွန်းထိန်းတောင် ဖြစ်သွားသေးလေ..

    ဖြန့်ချီရေးရာဇာ ဆင်တောင်ကြီးကို အတော်လေး အောက်ကျခံခဲ့ရတာတွေလည်း သတိရမိပြန်တယ်.

    စိစစ်ရေးအပြင် ဖြန့်ချီရေးလောကအကြောင်းလေးလည်း ကြားချင် ဖတ်ချင်ပါသေးတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved