မင်္ဂလာနှစ်သစ်ပါ

Thursday, December 30, 2010


၂၀၁၀ တနှစ်လုံးအတွက် အရေးပါသည့် မြန်မာပြည်ဆိုင်ရာ သတင်းများကို ဧရာဝတီက ရေးသား၊ ထုတ်လွှင့် တင်ပြခဲ့ပါသည်။ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲမှသည် မြန်မာ နယ်စပ်တိုက်ပွဲများနှင့် စစ်ပြေးဒုက္ခသည်များ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာမှုအထိ အဓိကကျသည့် ဖြစ်ရပ်များကို ထိမိရှင်းလင်းစွာ၊ ကျင့်ဝတ်သိက္ခာနှင့်အညီ ပြည့်ပြည့်စုံစုံ၊ အချိန်နှင့် တပြေးညီ တင်ဆက်ပေးခဲ့ပါသည်။

အပြောင်းအလဲအတွက် မျှော်လင့်ချက်အသစ်နှင့် အနှောင်အဖွဲ့ကင်းသည့် မီဒီယာအဖြစ် ဆက်လက် လျှောက်လှမ်းသွားရန် ပြင်းပြသော ယုံကြည်ချက်၊ မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးအခင်းအကျင်း အပေါ် ရိုးသားပွင့်လင်းသည့် သုံးသပ်ချက်များဖြင့် ၂၀၁၁ နှစ်သစ်ကို ကြိုဆိုလိုက်ပါသည်။

ဤကဲ့သို့သော အရေးကြီးသည့် အချိန်ကာလ၌ အစဉ်တစိုက် အားပေးနေသော ဧရာဝတီ ပရိသတ်ကို အထူးကျေးဇူးတင်ရှိပြီး ၂၀၁၁ တွင်လည်း မြန်မာပြည်၌ စာနယ်ဇင်း လွတ်လပ်မှု၊ ဒီမိုကရေစီ ရရှိရေးစသည့် အပြောင်းအလဲများအတွက် သတင်းဌာနတခုအနေဖြင့် ဆက်လက် ကြိုးစားသွားပါမည်။

ဧရာဝတီ

6 comments :

  1. Unknown said... :

    ((အဓိကကျသည့် ဖြစ်ရပ်များကို ထိမိရှင်းလင်းစွာ၊ ကျင့်ဝတ်သိက္ခာနှင့်အညီ ပြည့်ပြည့်စုံစုံ၊ အချိန်နှင့် တပြေးညီ တင်ဆက်ပေးခဲ့ပါသည်။))
    အမြဲကျင့်သုံးသွားနိုင်ပါစေ လို့ဆုတောင်းပေးပါတယ်.....
    နှစ်သစ်မှာအားလုံးပျော်ရွှင်ပါစေ....

  1. Anonymous said... :

    မင်္ဂလာနှစ်သစ်ပါ ဧရာဝတီ။ သတင်းဌာနကောင်းတစ်ခုအဖြစ် အဓွန့်ရှည် ရပ်တည်နိုင်ပါစေ။

  1. Unknown said... :

    HAPPY NEW YEARS IRRAWADDY.
    WISH U ALL THE BEST

  1. ahphyulay said... :

    ဧရာဝတီ ဝိုင်းတော်သားအားလုံး
    နှစ်အကူးမှာ အသစ်အထူးလေးများဖြင့် 
    ရွှင်မြူးနိုင်ကြပါစေဗျာ..။

  1. ဧရာဝတီဟာ စစ်မိစ္ဆာကောင် အတ္တသမားတွေရဲ့ ယုတ်မာသော အောက်တန်းကျသည့် အကြံဖြင့် သတင်းအချက်လက် တွေကို အမှောင်ချထား ခံရတဲ့ မြန်မာပြည်သူတွေ အတွက် အလင်းရောင် ပေးတဲ့ လမင်းကြီးသဖွယ် ရှိနေပါတယ်။ ဒီလမင်းကြီးဟာ အမှန်တကယ် လမင်းကြီးသဖွယ် အမြဲတည်တံ့ပြီး ထာဝရ ရပ်တည် နိုင်ပါစေလို့....နှစ်သစ်ကူးမှာ ဆုတောင်း ထောပနာ ပြုလိုက်ပါတယ်။ မင်္ဂလာနှစ်သစ်ပါ....Happy new year....สวัสดีปีใหม่ครับ....

  1. Anonymous said... :

    Happy New Year Irrawaddy! great job and give information timely, I like to read this website regularly. I am your fun.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved