Daw Aung San Suu Kyi's New Year Message for 2011

Saturday, January 1, 2011

Photo - Platon

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျမ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ၊ နေအိမ်အကျယ်ချုပ် ကျခံသည့်ကာလ၊ ပြန်လည် လွတ်မြောက်လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်။

ယင်းကာလသုံးပါးစလုံးတွင် ကျမအတွက်လည်းကောင်း၊ ကျမ၏ ရည်မှန်းချက်အတွက် လည်းကောင်း၊ ကျမ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ အပါအဝင် ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ စသည်စသည်ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံအများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျွန်မတို့ တိုင်းရင်းသား ပြည်သူများ ပါဝင်ကြပါသည်။

ထိုသူများ၏ ကာယကံအားဖြင့်၊ ဝစီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်း ကူညီခဲ့သူများအတွက် ကျမက အထူးတလည် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း အထူးတလည် ဖော်ပြအပ်ပါသည်။

အထူးသဖြင့် ယခုတစ်ကြိမ် ပြန်လွတ်ရာတွင် ပိုမို တက်ကြွနေသော လူငယ်များအပါအဝင် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင့် ကျမအလွန် ဝမ်းမြောက် ကြည်နူးရပါသည်။ အမျိုးသားပြန်လည် သင့်မြတ်မှုရရှိရေး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တဖန် နိုးထရှင်သန်လာရေးတို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုကွန်ရက်ကြီး တရပ် ထူထောင်ခြင်းဖြင့် ကျမတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမည်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်းပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲကြိုးပမ်းကြပါစို့ဟု နှိုးဆော်ရင်း နှုတ်ခွန်း ဆက်သလိုက်ပါသည်။

ရက်စွဲ ၁-၁-၂၀၁၁
ဒီမိုကရေစီရေး မုချအောင်ရမည်
အောင်ဆန်းစုကြည်


“On studying my political life at the time of the New Year, I found out three periods

the period of my struggle for democracy and human rights for the people, the period of house arrest and the period after my release.

“In all these three periods, the great majority of people have come out in support of me as well as my aspirations and my struggles. These peoples include leaders of nations, leaders of religious denominations, Nobel laureates, United Nations, European Union, Amnesty International, peoples of United States and many European countries and people of all nationalities in and out of our country.

“I would like to stress my deep gratitude to all these peoples."

“I am very happy to note that more enthusiastic and tremendous support has been shown
to me by the people including youths on my release from detention this time. I shall relentlessly struggle for bringing about a wide-ranging political and social network for national reconciliation and re-emergence of genuine Union Spirit. Allow me to call on all the people of the country to join with me in this task with renewed vigour. This is my message.”


The cause of democracy shall certainly prevail.

2 comments :

  1. Anonymous said... :

    ကျန်းမာပျော်ရွှင် အောင်ပန်းဆင်နိုင်ပါစေ ...အမေ...။

  1. Anonymous said... :

    အမေ

    အဖိုးဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ကျွန်တော်တို့ မှာ ဟိုနိုင်ငံဖားရ ဒီနိုင်ငံမျက်နှာချိုသွေးရနဲ့ ကန်တော.ပါရဲ့  ဖာနိုင်ငံ ဖာလူမျိုးတွေဖြစ်နေရပြီ
    ရင်အနာရဆုံးကတော့ တပါးနိုင်ငံမှာ ကျွန်သွားခံချင်ရင်တောင်ပိုက်ဆံပေးရတယ်.......အမေ
    ဆိုလိုချင်တာ ကျွန်ခံချင်လာရင်တောင် ပိုက်ဆံပေးပြီးမှ ကျွန်ဖြစ်ခွင့်ရှိတယ်
    ပညာတတ်မှကျွန်နေရာကောင်းရမယ် ပညာမတတ်ဘူးပိုက်ဆံမရှိဘူးဆိုရင်စစ်ကျွန်ပဲဖြစ်ခွင့်ရတယ် ... အမေ
    အမေတို့ ရဲ့  ငြိမ်းချမ်းရေးလမ်းစဉ်ကို ယုံကြည်ချက်၊ခံယူချက်အားဖြင့် ၁၀၀%ထောက်ခံပါတယ် နောင်လဲဘဲဆက်လက်ထောက်ခံအားပေးသွားမှာပါ
    ရှေ့ ဆက် သွားမဲ့အမေတို့  သားတို့ ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ခုခံကာကွယ်ခြင်း ဆိုတဲ့မူ (သို့ )ငြိမ်းချမ်းစွာတိုက်ပွဲဝင်နေသူများအတွက်တ၇ားမျှတစွာ ကာကွယ်စောင့်ေ၇ှာက်ပေးနိုင်မဲ့အဖွဲ့အစည်းတစ်ခုဖေါ်ဆောင်ရေးကို
    ထည့်သွင်းစဉ်းစားပေးစေလိုပါတယ်

    အမေဒေါ်အောင်ဆန်းစုကြည်
    ကျန်းမာရွှင်လန်းစွာဖြင်.ယုံကြည်ခြင်းတိုက်ပွဲကို
    ငြိမ်းချမ်းစွာအောင်မြင်ပါစေ

    lion hunter

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved