ခြိမ်းခြောက်တာလား
Wednesday, December 1, 2010
(ဓာတ်ပုံ - AP)
ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲလုပ်တဲ့နေရာမှာ အကြမ်းဖက်မှုတွေ လုပ်မယ်လို့ကြားထားကြောင်း ပြည်တွင်းကနေ သတင်းပေးပို့လာပါတယ်။
အဲဒီနေရာတွေကို မသွားဖို့ တပ်ချုပ်ကြီး သန်းရွှေရဲ့ မြေးက သူ့သူငယ်ချင်းတွေကို လိုက်ပြီးသတိပေးနေတယ်လို့ သိရပါတယ်။ ခြိမ်းခြောက်နေတာလား၊ တကယ်လား ဆိုတာကတော့ ဆက်လက် စုံစမ်းနေတုန်းပါပဲ။
၂၀၀၅ ခုနှစ်တုန်းကလည်း အဲဒီလိုကြားပြီး ဗုံးခွဲခဲ့တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်ဖို့ တပ်ချုပ်ကြီးက သီဟသူရ တင်အောင်မြင့်ဦးကို တာဝန်ပေးထားတယ်လို့လည်းကြားရပါတယ်။ အရင်တုန်းကတော့ ဦးအောင်သောင်းကို တာဝန်ပေးထားတာပါ။
(ပြည်တွင်းမှ ပေးပို့သည်)
5 comments :
  1. Anonymous said... :
    သန်းရွှေရဲ့ မြေးက study in china nowaday
  1. Noel said... :
    အမေစုရဲ့ လုံခြုံရေး ကို ကျနော်တို့လဲ စိတ်ပူပါတယ်။ ဒါပေမဲ့ ဧရာဝတီကို တခုလောက်မေးပါရစေ။ သတင်းအရင်းအမြစ်က ဒီလောက်ကြီး ခိုင်မာမှူရှိရဲ့လားလို့ပါ။ ဒီလိုလုပ်ကြံတယ်ဆိုတာ နိုင်ငံတော်လုပ်ကြံမှူအဆင့်ပါ။ ဒါကို ၂၁ နှစ်အရွယ် ဖိုးလပြည့်က သူ့ချစ်သူငယ်ချင်းတွေကို လိုက်ပြီးတော့ အသိပေးနိုင်အောင် ဒီ information ကိုaccess လုပ်နိုင်ပါ့မလား ?သူ့အဖိုးကဒီကောင်ကိုချစ်မှန်းသိပါတယ် ...ဒါပေမဲ့ နိုင်ငံကို နှစ် ၂၀ ကျော် နည်းမျိုးစုံနဲ့ ကလိန်ကျအုပ်ချုပ်လာတာ။ ဒီလောက်ကြီး ထုတ်ပြောလောက်အောင်တော့ မ"အ"လောက်ဘူးထင်ပါတယ်။
    ဧရာဝတီရဲ့ သတင်းပေးကရော ဖိုးလပြည့် ရဲ့ သူငယ်ချင်း သာ (အမှန်တကယ်) ဖြစ်ခဲ့တယ်ဆိုရင် ပိုကြောက်ဖို့ကောင်းပါတယ်။ ၂ဖက်ချွန် မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ.......
    သတင်းပေးသူ အရင်းအမြစ်ကို ကာကွယ်ပေးရတာ သတင်းဌာနတွေရဲ့ တာဝန်မှန်း သိပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ သတင်းရင်းမြစ်ကို ကာကွယ်မိဖို့တော့ လိုပါတယ်။ Anonymity ကိုအသုံးချပြီးတော့ ကောလဟာလတွေ ဖြန့်ချင်တဲ့ ကောင်တွေရဲ့ အသုံးချခံ မဖြစ်ဖို့တော့ ကိုယ့်ဟာကိုယ် ဂရုစိုက်သင့်ပါတယ်။ ဧရာဝတီ အနေနဲ့ နဲနဲပါးပါးလေး စဉ်းစားလိုက်ရုံနဲ့တင် တချို့သတင်းတွေကို စစ်ထုတ်လို့ရပါတယ်။ ဒါဆို ဧရာဝတီ ပရိတ်သတ်ကြီးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို လေးစားရာလဲ ရောက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ အမေစုနဲ့ ကုလ ကိုယ်စားလှယ် တွေ့တဲ့သတင်းနဲ့ ပတ်သက်ပြီး အမှားတွေပြောလို့ ပရိတ်သတ်တွေကပြောပြီးပြီ။ ကျနော်တို့ကဧရာဝတီကို လေးစား"ယုံကြည်"ချင်နေတာပါ။
  1. Unknown said... :
    Noel .. ပြောသွားခဲ့ တဲ့ အချက်လက်တွေကို အပြည့် အဝ ထောက်ခံပါတယ် ။ ဧရာဝတီဘလော့ အနေနဲ့ .. ဖြစ်နိုင်ရင် သတင်းအရင်းအမြစ် ခိုင်မာမှု ရှိမရှိ ဆိုတာ သေချာသုံးသပ် ပြီးမှ တင်ပြစေချင်ပါတယ် ။
  1. Anonymous said... :
    အရေးကြီးပါတယ်၊ ဆက်စပ်ကြည့်ကြပါ။
    ခြေလှမ်းတွေကိုတော့ သတိထားဖို့လိုပြီဆိုတာအမှန်ပဲ၊ ဘာမှန်းသေချာမသိရပေမယ့် သူတို့ဘက်က စနစ်ကျတဲ့ လှုပ်ရှားမှု၊ လူမသိအောင် လှုပ်ရှားနေတာတော့အမှန်ပဲ၊ ဗိုလ်ချုပ်ခင်ညွန့်ကို အင်းစိတ်ထောင်မှာ လက်ရှိ စစ်တပ်အတွက် ပိုလုံခြုံတဲ့နေရာမှာ ပြောင်းရွှေ့ချထားတာဟာ အကြောင်းမဲ့တော့ မဟုတ်လောက်ဘူး၊ ရှေ့ကို တစ်လှမ်းချင်း လုပ်နေတာတော့ အသေအချာပဲ၊ ဘယ်သူမျှော်လင့်ထားသလဲ၊ ဒီဗွီဒီယိုဖိုင်ကို ..........
    ဒုဋ္ဌဂါမဏိ
  1. Anonymous said... :
    သတင်းက နအဖ လှုပ်ရှားမှု့ ပေါ်မှာ ရေးထားတာလို့ မြင်ပါတယ်။ နအဖ စစ်ဘောင်ဘီချွတ်တွေရော ဘောင်ဘီဝတ်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ လူမြင်ကွင်းက ရှင်းထုတ်ဖို့  အတက်နိုင်ဆုံးကြိုးစာမှာပါ။ လူယုတ်မာ တွေ အကြံကို ပြည်သူအားလုံး သတိမူမိကြပါတယ်။ အဖိုးတန် ခေါင်ဆောင်တစ် ယောက် ဆုံးရှုံးမှာကို မလိုလားကြပါဘူး။ နအဖက အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အမှား လူထုအလစ်ကို စောင့်နေတာပါ။ တကယ်တော့ လုံခြုံမှု့ ကင်းမဲ့နေတဲ့ လူထုခေါင်ဆောင် ကမ္ဘာခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူတွေနဲ့အတူ ရှိနောတာပါ။။ အထူးစိုးရိမ်ရပါတယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved