ပေးစာ - မင်းဆွေ (သို့မဟုတ်) ဖားတကောင်ရဲ့ သရုပ်မှန်

Wednesday, December 1, 2010

သို့
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာခင်ဗျား။ ယခုလတ်တလော နာမည်ကြီးနေသည့် မင်းဆွေ (သို့) ခေတ်သစ် အလိုတော်ရိရဲ့ အကြောင်းကို အများသိစေရန် တင်ပြလိုပါသည်။ ယခုဖော်ပြသည့် ကိစ္စအကြောင်းအရာများအား မင်းဆွေနှင့် သိကျွမ်းခဲ့ဖူးသည့် သူတယောက်အနေနှင့် ရေးသင့်မရေးသင့် များစွာစဉ်းစားခဲ့ပါသည်။ ထို့အတူ အလိုတော်ရိတယောက် လျော့သွားလည်း မနည်းဘူးထင်၍ ဖြစ်သည်။

၎င်း၏လုပ်ရပ်များ ယခုတလောတွင် ပိုပိုကဲလာ၍ အရူး အရူးနှင့် အိမ်ဦး ချီးတက်ပါသလို ဖြစ်နေပါသည်။ မင်းဆွေအကြောင်း တင်ပြလိုက်ရပါသည်။

မင်းဆွေရဲ့ ဇာတိဟာ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့ဖြစ်ပါသည်။ ဆားလုပ်ငန်းလုပ်ကိုင်ပါသည်။ အမျိုးအဆွေအနေနှင့် ဒီနေရာမှာ မင်းဆွေ ခဏခဏ အရှုးထနေကျစကားကိုပြန်ပြောလိုပါသည်။ “သူတို့ဟာ ဗမာဘုရင် အလောင်းမင်းဘုရားရဲ့ အမျိုးအနွယ်ဖြစ်တယ်။ သူရဲ့ အဘွားရဲ့ အဘွားရဲ့ အဘွား ဟိုရှေးက အဘွားက အလောင်းဘုရားနဲ့ အကြောင်းပါခဲ့တယ်။ အလောင်းဘုရားဟာ ယိုဒယားအသွား မွန်ဒေသအရောက်မှာ ပေါက်ဖွားခဲ့တဲ့ မျိုးဆက်” ဆိုပဲ။ အလောင်းဘုရားရဲ့ မျိုးဆက်ပေါ့လေ။ ရူးတာ။ သူ့သားနာမည်ပေးတာ “ဇေကိုမင်း” ဆိုပဲ။ ဦးအောင်ဇေယျရဲ့ မျိုးဆက်ပေါ့လေ။ တခါတလေ မှုးရူးပြီးရောက်လာရင် စိတ်လေတယ်။ နားငြီးအောင်ပြောတယ်။ ထားပါ။

ဒီလိုနဲ့ မဆလ လက်ထက် မော်လမြိုင်ဘက်မှာ မှောင်ခိုတခေတ်ထပါရော။ ဟ .. မင်းဆွေပဲ ဘယ်နေပါ့မလဲ။ သိတယ်မဟုတ်လား။ မင်းဆွေလေ တိုင်းချစ် ပြည်ချစ် မျိုးချစ်ပုဂ္ဂိုလ်ကြီးပဲလေ၊ ဘယ်နေမလဲ မှောင်ခိုချတာပေါ့။ မှောင်ခိုစက်လှေထောင်တယ်။ သူပုန်နဲ့ပေါင်းတယ်။ စုံနေတာပဲ။ နောက်ဆုံး ပစ္စည်းမှောင်ခိုတင်မကဘဲ သစ်မှောင်ခိုပါ ချတာဗျ။ အကြီးအကျယ်ပဲ။

မင်းဆွေတို့ ကံဇာတာနိမ့်ချိန်ထင်ပါတယ်။ ပြဿနာတက်ပါလေရော။ ဘယ်ပုဂ္ဂိုလ်တွေနဲ့ ဘယ်လိုပေါင်းလုပ်လုပ် မင်းဆွေ ခင်မျာ ကံကြမ္မာဂြိုလ်စီးပြီး ကိုယ့်ပစ္စည်းကို မြွေမှတ်နေတဲ့အချိန်ဆိုတော့ ဒုက္ခရောက်တာပေါ့။ သစ်မှောင်ခိုမှုနှင့် ဖမ်းဝရမ်းထုတ်ခံရတယ်လေ။ အမယ် အခုမှ ဂျာနယ်တွေ၊ သတင်းစာတွေ၊ blog တွေမှာ ပါရတယ် မထင်နဲ့နော်။ ဟိုး … လွန်ခဲ့တဲ့ ၁၈၊ ၁၉ နှစ်လောက်ကတည်းက နာမည်ကြီး သတင်းစာထဲမှာဗျာ၊ သူ့ပုံကြီးနဲ့ ဝရမ်းပြေးမင်းဆွေဆိုပြီး ဟိုးလေးတကျော်ပေါ့ဗျာ။ (သိလိုသူများ သတင်းစာပြန်ရှာလျှင် မြင်နိုင်ပါသေးသည်။)

ဒီမှာပေါ့ဗျာ အလောင်းဘုရားသွေး တပဲသားလောက်ပါတော့ မင်းဆွေတို့ ဘယ်နေမလဲ၊ မော်လမြိုင်က ရှိသမျှ အိုးအိမ်အကုန်ရောင်းချပြီး ရန်ကုန်ကို ပြေးတာဗျို့၊ အမြီးလေးငုတ် ခေါင်းလေးပုပြီးတော့ပေါ့။ ရန်ကုန်ရောက်တော့ ပေါ်ပေါ်ထင်ထင် မနေရဲဘူး။ ပုဇွန်တောင်မြို့နယ် ၄၉ လမ်းမှာရှိတဲ့ ကန်ထရိုက်တိုက်ရဲ့ ဟိုးထိပ်ဆုံး ခေါင်းမိုးလိုနေရာမှာနေတာ။ နေတာဆိုတာထက် ပုန်းတာဆိုတာ ပိုမှန်တာပေါ့။ မင်းဆွေခင်ဗျာ အမြီးတောင် မလှုပ်ရဲဘဲ ရဲမြင်တာနဲ့ ဖျားချင်သလိုလို ဖြစ်နေတာ။

ဒီနေရာမှာ မင်းဆွေရဲ့ ဝါသနာလေးတွေ ဆက်လက်တင်ပြပါရစေ။ ဘမျိုးဘိုးတူဆိုတာလေးနဲ့ ပြောပါရစေ။ မင်းဆွေရဲ့ အဖေဟာ ဆားလုပ်ငန်းလုပ်ပါတယ်။ ဒေသခံတွေ အခေါ်ကတော့ ဆားဘိုကြီးပေါ့ဗျာ။ အဖိုးကြီးကလည်း မခေဘူးဗျ။ မိန်းမတွေ သက်စေ့ယူထားတာ။ မင်းဆွေခင်ဗျာ ဘယ်နှယောက်မြောက်မိန်းမက ပေါက်ဖွားလာတာလဲတောင် မသိဘူးဗျာ အဲဒီလောက် ...။
စကားမစပ် မင်းဆွေကို ပြောပါရစေ။ ခင်ဗျား ကလောင်နာမည်ရွေးတာ မှားတယ်ဗျ။ ဖားမင်းဆွေမဟုတ်ဘူး၊ “ဂျိမ်းစဘွန်းမင်းဆွေ” လို့ ပေးရမှာဗျ။ ဟုတ်ပါတယ်ခင်ဗျ။ ခင်ဗျားရဲ့ စွံချက်ကတော့ ကမ်းကုန်ပဲ၊ ယောက်ျားချင်းတောင် အားကျလောက်ပါတယ်။ မော်လမြိုင်မှာ ကျန်ခဲ့တဲ့ မိန်းမ နှစ်ယောက်ဗျာ။ အကြီးနဲ့ အငယ်ပေါ့။ အဲ … ရန်ကုန်ကိုပြေးတော့ တတိယမြောက် မဟေသီနဲ့ဗျာ၊ အဲဒီလိုဗျာ။ သုံးယောက်လောက်ပဲရှိတယ် ကုန်ပြီမမှတ်နဲ့နော်။ တရားဝင် ငါးယောက်လောက် ထားပါတော့ဗျာ။ တရားမဝင်တာတော့ မင်းတုန်းမင်း နီးနီးပဲ။ ဒီလောက်ဆိုရင် သူရဲ့ ဝါသနာ ကျွမ်းကျင်လိုက်စားမှုကို ရိပ်မိလောက်ပြီထင်ပါရဲ့။

မင်းဆွေရဲ့ အလုပ်က ၂ ခုပဲရှိပါတယ်။ တခုက ညစဉ် စင်တင် စားသောက်ဆိုင်တကာ လှည့် မူးယစ်သောက်စားမယ်။ ရမ်းကားမယ်။ မကြီးမငယ်နဲ့ ရန်ဖြစ်မယ်လေ။ ဒီလိုနဲ့ သူကြိုက်တဲ့ အဆိုတော် ကောင်မလေးတွေဆိုရင် အခွေတွေဘာတွေတောင် ထုတ်ပေးလိုက်သေးတာ။
ထားပါတော့။ ဒီလိုနဲ့ မင်းဆွေဘဝကို ပြောင်းလဲမယ့် ကိစ္စတခုပေါ်လာရောဗျာ။ အလိုတော်ရိတယောက်ရဲ့ နိဒါန်းပေါ့။ တည စားသောက်ဆိုင်မှာ မှုးယစ်သောက်စားရင်း အဆိုတော်ကောင်မလေးတွေကို ပန်းကုံးစွပ်တယ်လေ။ အဲဒီမှာ တခြားဝိုင်းလူတွေနဲ့ ညိကြရော၊ မင်းဆွေခင်မျာ တခါတည်းဆေးရုံရောက်တာ။ အဲဒီမှာ စရူးကြောင်ကြောင်ဖြစ်တာ။ အမယ် သူရူးတာက သူများတွေနဲ့ မတူဘူးဗျ။ ခပ်ဆန်းဆန်းပဲ။ သူများတွေဆို မယားတရူး၊ လင်တရူး၊ သူဌေးရူးရူးမှာ။ အောင်မယ် ... သူက အလိုတော်ရိရူး၊ ကပ်ဖားရူးရူးတာ။ ဆောင်းပါးရှည်ကြီးရေးရော အခုလိုပဲဗျ။ ရှုးကြောင်ကြောင်နဲ့ ဖားထားတာ။
ဘယ်သူ့ကိုလဲဆိုတော့ ထောက်လှမ်းရေးပြုတ်ကြီး ဗိုလ်ခင်ညွှန်တို့ပေါ့ဗျာ။ အဲဒီတုန်းကတော့ တန်ခိုးထွားတုန်းပေါ့။ သူ့ဆောင်းပါးမှာ ဘာရေးထားသလဲဆိုတော့ ကျနော်မှတ်မိသလောက်ပြောရရင်၊ သူနယ်မှာတုန်းကပေါ့ဗျာ။ အတွင်းရေးမှူး (၁) ကြီးက ဟယ်လီကော်ပတာကြီးနဲ့ ရောက်လာတယ်ပေါ့။ အောင်မယ် ဟယ်လီကော်ပတာက ကွင်းဆင်းမယ်လုပ်တော့ weather ကမကောင်းဘူးပေါ့ဗျာ။ ဒါနဲ့ pilot က မဆင်းဖို့ ပြောတာကို ဗိုလ်ချုပ်ကြီးက မရဘူး၊ ဆင်းရမယ်ဆိုပြီး အတင်းဆင်းခိုင်းနေတယ်ဆိုပဲ။ ဒါကိုသူကသိတော့ တိုင်းပြည်အတွက် အသက်စွန့်ပြီးလုပ်တာ ဘယ်လောက် လေးစားတယ်ပေါ့။ ဘယ်လောက် မျက်ရည်ကျရတယ်ပေါ့ စသည်ဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖားထားတာ။ ကျနော်တို့မှာ ဒီဟာကြားကတည်းက တော်တော်ရွံသွားတာ။ ဟိုးတုန်းကတည်းက မျက်ရည်ကျပြီးရေးတာနော်။ (အဖားတော်ပုံက)

ဒီကိစ္စတွေက ဟိုးအရင်ကပါ။ ယခုလက်ရှိ ဖားမင်းဆွေကတော့ တော်တော်ပြောင်းလဲသွားပြီ။ သူအရင်လုပ်နေကျ အရက်သောက် မိန်းမလိုက်ကိစ္စ လုပ်မလုပ်မသိရပေမယ့် သူလုပ်တာတွေက အရင်ကတွေထက်တောင် အော့နှလုံးနာစရာ ကောင်းလှပါတယ်။ စစ်အစိုးရ အောက်ဆွဲလုပ်ရပ်တွေက ထင်ထင်ရှားရှား ပေါ်လာပြီးဖြစ်ပါတယ်။ သူနဲ့ အဆင့်အတန်းချင်း ယှဉ်ရင် နံ့သာဆီနဲ့ အီးလိုကွာလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် level ချင်း ညှိနေတာ ရင်နာလွန်းလို့ပါ။ တိုင်းပြည်ကောင်းစားရေး မီးမှန်ရေး ဘာရေး ညာရေးနဲ့ ခွေးပါးစပ်က နတ်စကားတွေထွက်နေပါတယ်။ သူ့အစား ကျနော်ကြားထဲက ရှက်လိုက်တာ တော်တော် အော့နှလုံးနာလှပါတယ်။

တိုင်းရေးပြည်ရေးမပြောနဲ့ မိသားစုအရေးတောင် ကောင်းအောင် မလုပ်နိုင်ပဲနဲ့ သူက ရေးနေလိုက်တာ။ ယခုလက်ရှိ ဖော်လံဖားတွေလုပ်နေရလို့ သူ့မှာ စီးပွားတောင်မရှာနိုင်တော့ဘူး။ သူရဲ့ တတိယမြောက်မယား ဒေါ်တင့်တင့်က ရှာကျွေးနေရပါတယ်။ မိန်းမက ငါးမွေးမြူးရေးလုပ်ပါတယ်။ ဒီမှာ မင်းဆွေက သူကလောင်နဲ့ လိုက်အောင် မိန်းမ ငါးကန်က ငါးတွေ ခိုးရောင်းစားပါတယ်။ လင်မယားအချင်းချင်းတောင် အော့နှလုံးနာတဲ့အဖြစ်ပါ။

နောက်ဆုံး သူမွေးဇာတိ ကျိုက္ခမီမြို့တောင် မပြန်ရဲတဲ့အဖြစ် ဖြစ်နေပါတယ်။ ၂၀၁၀ ပြည်သူ့ချဉ်ဖတ်ဆု ပေးရင် ထိပ်ဆုံးရမယ့် အမျိုး။

ဟိုရက်ပိုင်းက စတန့်ထွင် အရှုးထတာတွေ မြင်လိုက်ပါတယ်။ ကျနော်တခုလောက် ပြောပါရစေ။ အဖွဲ့ချုပ် လူကြီးများခင်ဗျာ၊ သူ့ကို လက်ခံတွေ့ဆုံပြီး ဆွေးနွေးခြင်း ရှင်းပြခြင်း နောက်ထပ် မလုပ်ပါနဲ့တော့ခင်ဗျာ။ ကျနော်တို့မြင်ရတာ ရွံလွန်းလို့ပါ။ လူကြီးမင်းတို့ အဆင့်အတန်းနဲ့ဆိုရင် စကားပြောရလောက်အောင် တန်တဲ့သူမဟုတ်ပါ။ သူ့ဘဝမှာ မဟုတ်တာတွေပဲလုပ်ခဲ့ပါတယ်။ လူမှုရေးကိုယ်ကျင့်သိက္ခာ တခုမှမကောင်းပါ။

ကျနော်ပြောချင်တဲ့ မင်းဆွေအကြောင်းက ဒါပါပဲ။ ကျနော်ထက် သိတဲ့သူတွေရေးရင် ဒီထက်အော့နှလုံးနာစရာတွေ ပေါ်လာဦးမှာပဲ။ တကယ်လို့ ကျနော်ပြောတာမယုံကြည်ဘူးဆိုရင် မော်လမြိုင် ကျိုက္ခမီမြို့များတွင် စုံစမ်းနိုင်ပါသည်။

ဖားမင်းဆွေအနေနဲ့ အထက်ကိစ္စများ မမှန်ဘူးဆိုလျှင် ကြိုက်တဲ့နေရာတွင် ငြင်းချက်ထုတ်နိုင်သည်။ အယ်ဒီတာအား ကျေးဇူးတင်ပါသည်။

စာမရေးတတ်သော်လည်း မျက်စိနောက်လွန်း၍ ထရေးခြင်းဖြစ်ပါသည်။ သည်းခံပေးပါ။

ရန်ကုန်သားလေး

25 comments :

  1. Anonymous said... :

    တယောက်က သာလွန်မင်းကြီး ဝင်စားတယ်လို့
    ပြောသံကြားဘူးတယ်
    လာပြန်ပြီ ဒီငနဲကလဲ အလောင်းဘုရားသွေး တမတ်သားပါတယ်ဆိုဘဲ...ဟိဟိ..သောက်တလွဲတွေ...

  1. Anonymous said... :

    ခုလိုရေးသားအသိပေးတဲ.တာဝန်သိပြည်သူကောင်းရန်ကုန်သားလေးကို
    လေးစားချီးကျူးပါတယ်။ မင်းဆွေလိုကပ်ဖားရပ်ဖားလူ.အောက်တန်းစား
    မြတ်ခိုင်တစ်ယောက်လည်းရှိပါသေးတယ်။ သူကတော.ဖားရုံတင်မဟုတ်ပါးပုံ
    လည်းရတော.ကိုယ်တိုင်သရုပ်မဆောင်ပဲဒါရိုက်တာပဲလုပ်တယ်။
    (ဘယ်သူသိသိမသိသိကိုယ်.အကြောင်းကိုယ်သာသိ) မို.ကိုယ်.လိပ်ပြာကိုယ်
    သန်.နိုင်ကြပါစေ

  1. ဦးမင်းဆွေခင်ဗျား...
    ကျွန်တော်ကျိုက္ခမီသားအစစ်ကြီးပါဗျ...ခင်ဗျားရဲ့..ပုံတွေကြည့်ရခင်ဗျားရဲ့စာတွေဖတ်ရတော့..ကျိုက္ခမီသားဆိုတာသိလိုက်ရတယ်အမှန်တိုင်းပြောမယ်ကျွန်တော်တော်တော်ရှက်သွားတယ်ဗျ..။ကျိုက္ခမီတော့ခင်ဗျားကြောင့်သိက္ခာကျပါပြီဗျာ..ဒါနဲ့ခင်ဗျားနဲ့အရွယ်တူ..အစ်ကိုကြီးကိုလှမ်းဖုန်းဆက်မေးတော့...ခင်ဗျားရဲ့ကောင်းသတင်းလေးတွေကမွှေးထွက်လာပါလေရောပေါ့..။ခင်ဗျားရဲ့ပထမမယားဝင်းဝင်းတင့်ဆိုတာကကျွန်တော်တို့ရပ်ကွက်ကပဲဆိုပါလား...။ရန်ကုန်သားလက်စွမ်းပြတာနဲ့ပဲ..ကျွန်တော်လည်းအားကျလာပြီး...ခင်ဗျားဟာ....အထက်ပါရန်ကုန်သားလေး
    ပြောသလိုပဲ..တိုင်းပြည်အတွက်မပြောနဲ့..ဇာတိရပ်ရွာအတွက်တောင်ဘာမှကောင်းကျိုးသမိုင်းမရှိတဲ့လူ..။မယားတွေ..ပေါက်သောက်ယူပြီး...စီးပွါးရေးအကျိုးအမြတ်အတွက်...လူကြီးလူကောင်းတွေကိုစော်ကားမော်ကားမိုက်ရူးရဲနေသူဆိုတာကျွန်တော်ကျိုက္ခမီသားထပ်မံထောက်ခံလိုက်ပါရစေ...။ခင်ဗျားမို့ဗျာ..ကျိုက္ခမီရဲ့ဂုဏ်သတင်းကိုညှိုးနွမ်းစေရက်တယ်..ခင်ဗျားရဲ့အိမ်ကလည်း
    ကျိုက္ခမီရေလည်ဘုရားရဲ့အနီးအနားမှာနေပြီးတော့ဗျာ...။ရှေ့ဆက်..ခင်ဗျားမိုက်ရိုင်းနေဦးမယ်ဆိုရင်...ကျိုက္ခမီမှာလုပ်ခဲ့တဲ့
    ခင်ဗျားရဲ့အပုပ်တွေကိုကျွန်တော်ထပ်ဖော်ရလိမ့်မယ်ဦးမင်းဆွေ

  1. Anonymous said... :

    ကိုမင်းဆွေဟာ ဘယ်လိုလူပဲဖြစ်ဖြစ် အမှားကိုအမှား အမှန်ကိုအမှန်ကို ထောက်ပြပေးနိုင်တဲ့အတွက် ချီးကျူးလေးစားပါတယ်...ဒေါ်စုဟာ ပြီးပြည့်စုံသိနေတဲ့ လူတစ်ယောက်မဟုတ်ပါဘူး...သူဟာ နိုင်ငံတိုးတတ်ချင်စိတ်သာရှိချင်ရှိမယ် (ဒါကတော့ နိုင်ငံသားတိုင်းရှိတာပဲ အဆန်းမဟုတ်ပါဘူး)နိုင်ငံနဲ့လူမျိုးတွေရဲ့ သမိုင်းအစဉ်အလာ နိုင်ငံရေးအကြောင်းကို တပ်မတော်ခေါင်းဆောင်ကြီးတွေနဲ့ နိုင်ငံရေးသမားကြီးတွေလောက် သူမ မသိပါဘူး ဒါဟာ အမှန်တရားတစ်ခုပါ....သူမဟာ အသက်နဲ့ရင်းပြီး နိုင်ငံရဲ့အချုပ်ချာအတွက် သူမကိုယ်တိုင်မလုပ်ခဲ့ဖူးပါဘူး...ဒါပေမယ့် တပ်မတော်နဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတွေက နိုင်ငံရဲ့လွတ်လပ်ရေးမရခင်ကတည်းက မွေးဖွားလာတာဖြစ်လို့ အစစအရာရာ အားလုံးကိုသိရှိနားလည်ထားတယ်...

    ဒါကြောင့် ဒေါ်စု မှားနေရင် မှားတယ်လို့ပြောရမယ့်တာဝန်ရှိသလို မှန်ရင်လည်း မှန်တဲ့အကြောင်း အားပေးရမှာပါ...လူတစ်ယောက်ကို မျက်စိမှိတ်ပြီး ဘာလုပ်လုပ် မှန်တယ်လို့ပြောရင် အဲဒီလူဟာ အရှူးပဲ....အဲဒီအရူးတွေထဲမှာ ကိုမင်းဆွေ မပါတာအမှန်ပဲ...သူဟာ အမှားကိုထောက်ပြရဲတယ် ဒီတွက်သူ့ကို လေးစား ချီးကျူးတယ်...

  1. Anonymous said... :

    ဖားမင်းဆွေ အကြောင်းသိတဲ့သူများရှိရင်
    ရေးကြပါအုံး

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    မယုံဘူး၊ လုံးဝမယုံဘူး။ သူ့ အကြောင်းလည်း အရင်ကမကြားဖူးဘူး။ မယုံဘူးဆိုတာက ဒီနဖားမင်းဆွေဆိုတဲ့ လူ့ အတ္တဘောကြီးဟာ ခင်ဗျားပြောတာထက် အဆတရာမက ဆိုးသွမ်းခဲ့မယ်လို့  ယုံကြည်လို့ ပဲ။

  1. Anonymous said... :

    သူ့ဓါတ်ပုံတွေ့ထဲက ...... အော့နှလုံးနာ ရွံရှာဖွယ်ကောင်းတဲ့ရုပ်ပဲလို့ စဉ်းစားမိတယ် .... ဒါပေမဲ့ သူတပါးရဲ့ အားနည်းချက်ကို ထောက်ပြသလို ဖြစ်မှာစိုးလို့ မပြောတာပါ .....
    အခုတော့ အကြောင်းသိသူတွေက ဖေါ်ထုတ်ပေးတဲ့အတွက် .... ပိုပြည့်စုံသွားတယ် ..... အောက်တန်းကျတဲ့ စိတ်ဓါတ်နဲ့ ရုပ်နဲ့ကလိုက်ပါပေတယ် .... ဒီလိုလူမျိုးတွေ ဘာကြောင့် အမှန်တရားကို မျက်ကွယ်ပြု ... အမှန်ကို မမြင်နိုင်ဘဲ ... ကိုယ်ကျိုးအတ္တအတွက် ဖါးနေရသလဲဆိုတာ .... အသိဥာဏ်ရှိတဲ့ လူတွေ အကုန်လုံး စဉ်းစားမိပါတယ် ...

    အဲဒီလိုမျိုး ဖေါ်လံဖါး လက်ကိုင်ဒုတ်တွေကို မှတ်တမ်းတင်ထားကြရမယ် ..... ကိုယ့်အလှည့်ကျရင်တော့ နွဲ့မပြကြပါနဲ့လို့ဘဲ ... သတိပေးလိုက်ပါတယ် ဖါးမင်းဆွေရေ............။

  1. Anonymous said... :

    သူငယ်ချင်းတို့...
    ခွေးလေးခုန် ဖုန်မထပါ....
    ဒီခွေးလေးကို အရောမ၀င်ပါနှင့်...
    ပါးလျှက်နားလျှက်လိမ့်မည်....
    အရူးတစ်ယောက်ပြော စကားကို အမေစု မပြောနဲ့ ရိုးရိုးသာမန်လူ တစ်ယောက်က စိတ်ဝင်စား ဂရုစိုက်နေလျင် ကိုယ်ပါအရူးဖြစ်သွားမည်...
    အချိန်တန်လျှင် လူမှန်နေရာမှန် ရောက်သွားပါလိမ့်မည်....

    စိုင်းစိုင်း

  1. Anonymous said... :

    ကျေးဇူးအများကြီးတင်တယ် ကိုရန်ကုန်သားရေ နောင်ကိုလည်းများများ ဖော်ထုတ်ပေးပါနော်။ ဥပတိရူပ်ကိုက လမ်းဘေးပုံပေါက်နေတာ။

  1. Anonymous said... :

    ဓါတ်ပုံထဲက ရုပ် ကြီး ကြည့် ထဲက ပညာမတတ် ကလေက၀ သာကူးတဲ့ ဆိတ်လဆိ လို လူမျိုး ဆိုတာသိသာပါတယ်။ မျက်ရည်ကျပီးရေးရတယ်ဆို တာက ရေးနေတုန်း သူ့ နောက်ကို စစ်သေနတ်ပြောင်း နဲ့ အဆို့ ခံထားပီးရေးရလို့ မျက်ရည်တောက်တောက် တောက်တောက်ကျတာနေမှာ။
    မြတ်ခိုင် တို့ ဇေယျာမြတ်ခိုင်တို့ ခေတ်ပျက်စားဖား တွေ အကြောင်း သိတဲ့လူရှိရင်ဖော်ထုတ်ပါဦး။ ဒင်းတို့ ကြောင့် ပြည်နာလွန်းလို့ 
    ရန်ကုန် ပြည်သူတစ်ဦး

  1. Anonymous said... :

    ဖွတ်ထွက်လို့ တောင်ပို့ မှန်းမသိတဲ့ဟာတွေက ရှိသေးတယ် ... ခင်ဗျားတို့ရဲ့ ဘဘဗိုချုပ်ကြီးတွေကို နိုင်ငံရေးမသိပါဘူး ငတုံးတွေလို့ လုံးဝ မပြောပါ။ နိုင်ငံရေးကိုလည်း ကောင်းကောင်းသိပါတယ် လည်တာလည်း ပန်ကာက ဆရာ ခေါ်လောက်ပါပေတယ်။ အရှက်မရှိတာရယ် ။ ကံအကျိုးပေး မကြောက်တာရယ်ပါ ။ စဉ်းစားကြည့်ပါ သူတို့ အရေး။ သနားတတ်ရင် ငါး-မင်းဆွေထက် စိတ်မကောင်းဖြစ်ရပါတယ်။ ငတ်နေတော့လည်း အရိုးလေးကိုက်ချင်တဲ့စိတ် ပေါ်လာတာ မဆန်းပါဘူး။

  1. Anonymous said... :

    မင်းဆွေ၊ မြတ်ခိုင်၊ ၄င်း၏သားတို့သည် ရောက်ရာနေရာတွင် အမြတ်ထုတ်ဖို့
    ကြိုးစားကြသူများဖြစ်သည်။ အောက်တန်းကျသောစိတ်များဖြင့် ပြည့်ဝသော အဆင့်မရှိသော လူများဖြစ်သည်။ နိုင်ငံသားအားလုံးသိသော အမှန်တရားကို မျက်ကွယ်ပြုကာ စိတ်ရူးထတိုင်း ပေါက်ပန်းလေးဆယ်လုပ်ချင်သော တိရစ္ဆာန်များဖြစ်သည်။ ၄င်းတိရစ္ဆာန်များကို တွေ့ရာနေရာတွင် သင်ခန်းစာပေး
    မှ ရတော့မည်။ သတိထားကြလော့ နအဖ အမြီးဆွဲ တိရစ္ဆာန်တို့။ သင်တို့၏ ကံကြမ္မာသည် မကောင်းသော နေရာသို့ ရောက်လာပြီ။ သတိပေးထားလိုက်ပါပြီ။

  1. Anonymous said... :

    ၇ုပ်စတွေ့တည်းကိုက ၇ွံစ၇ာကောင်းနေတာ....ခုတော့ စိတ်နဲ့၇ုပ်နဲ့ တထပ်တည်းလိုက်ဖက်ပါတယ်....ဒါကို သူ့ဖက်က လိုက်ပီးရေးတဲ့သူကရှိသေးတယ်....အံ့သြပါရဲ့ ......ကြည့်ရတာ ဖာမင်းဆွေရဲ့ အဆွေအမျိုးပဲဖြစ်ရမယ်.....ဒေါ်စုကို နိုင်ငံရေးအကြောင်း သိပ်မသိဘူးလို့မပြောနဲ့ နိုင်ငံရေးကိုသာလုပ်ခွင့်၇ရင် မင့် အဖေ နအဖထက် နိုင်ငံကိုကောင်းအောင် တိုးတက်အောင် ပြည်သူတွေ ဆင်းရဲခြင်းက လျော့နဲအောင်လုပ်ပေးနိုင်တယ် ငတုံးရဲ့......ကြားလား ......မင်းသာ ကိုမင်းဆွေလို့ခေါ်တဲ့လူဆီမှာ သွားနေ.....shit

  1. Anonymous said... :

    ဟား...ဟား..အ‌လောင်းဘုရားရဲ့အ‌ယောက်တသိန်း‌မြောက်‌မြေးဆို‌တော့ဘုရင်မျိုး‌ပေါ့...အဲဒါဆိုရင်‌တော့ဘုရင်မင်းတရားကြီးမျက်ခုံးလှုပ်‌နေ‌လောက်ပြီ..ငါ့ရဲ့ရာဇပလင်ကိုလုမဲ့‌ကောင်ပါလားလို့..ဖါးမင်း‌ဆွေ‌တော့သမီး‌တော်တပါး‌လောက်ရမလားလို့ဖားတာ
    မရတဲ့အပြင်ဇက်ပြုတ်မဲ့ကိန်းဘဲ..။

  1. Unknown said... :

    မင်းဆွေ... မင်းက တော်တော်ရီရတဲ့ကောင်ပဲ ...
    ကိုယ့်မိန်းမ ငါးကန်က ငါးခိုးစားလွန်းလို့ ငါးမင်းဆွေဖြစ်နေတာကိုး .. so funny
    ငါက သိပါဘူး .. အစက မင်းကို စစ်ဗိုလ်တယောက်ယောက်လို့ထင်နေတာ..
    အခုမှ မင်းဆောက်ခွက်မြင်လိုက်ရတာ..
    ဒို့ ငယ်ငယ်က သင်ခဲ့ဘူးတဲ့ သူယုတ်လက္ခဏာ အကုန်လုံး မင်းမျက်နှာမှာပေါ်တာပဲကွ ..

  1. timothy said... :

    ကောင်းလိုက်တဲစာဗျ။ဖားမင်းဆွေအကြောင်းသိတဲ့လူတိုင်းဝင်ရေးပေးကြပါ။သူ့ဘက်ကဝင်ရေးကြတဲ့တဂိုင်းတည်းသားငဖားတယောက်ဘဲရှိတယ်။ဖားမင်းဆွေနဲအပေါင်းပါငဖားများကိုဝိုင်းသမလိုက်ကြပါစို့။

  1. Anonymous said... :

    စိုင်းစိုင်း comment အမှန်ဆုံးဘဲ။ အချိန်တန်လျှင် လူမှန်နေရာမှန် ရောက်သွားပါလိမ့်မည်..

  1. LinnLetSoe said... :

    ငါးလား၊လား လား၊နွားလားတော့ မသိပါ။ မင်းဆွေ၊ မြတ်ခိုင် တို့  လို့ သူတွေနဲ့  ထပ်ထပ်တွေ့ နေရဦးမှာပါ။ game ကစားသလိုပေါ့ ။ အနှောင့ှ််အယှက် အသေးစားတွေပါ။

  1. Anonymous said... :

    please , may i know his contact phone no;... thank a lot.....

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    ၇န်ကုန်ကပြည်သူတွေကိုပြောချင်တယ်.ဒေါ်စုအိမ်ရှေ့မှာ
    လာပြီးရူးကြောင်မူးကြောင်နဲ့စော်ကားတဲ့သူကိုဆုံးမမဲ့သူမရှိဘူးလား..၀ိုင်းပြီးဆုံး
    မလိုက်ကြပါလို့ပြောရပါစေ..စစ်အာဏာရှင်တွေရဲ့ရှေ့တကွက်တိုးရွေ့တဲ့အခင်းအကျင်းပါပဲ..
    ဗိုလ်ချုပ်အောင်ဆန်းတို့ အဖြစ်အပျက်မျိုးမပေါ်ပေါက်အောင် လူထုခေါင်းဆောင်ကို ၀ိုင်းဝန်းကာကွယ်ပေးကြပါလို့ တောင်းပန်ပါတယ်.

  1. Anonymous said... :

    မင်းဆွေအားထောက်ခံသူသည် သူလိုလူမျိုးတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။

  1. အမေ့ စု သား said... :

    ၇ုပ် ကို က တနေ ကုန် ထိုင် ကြည့် ရင် တပြားမတန် တဲ့  ရုပ် ပါဗျာ။
    ငါးစိမ်းသည် မ လင်ဘာ သောက် ဆင့်  ရှိ မ လဲ။သူ့  ကိုသု လူတတ်ကြီးလုပ်နေတာ၊ခွေးရှုး ကောင်းစား တ မွန်း တည့်  ပါ ဗျာ။တစ် ခု ဘဲ ပြော ပြ ချင် တယ် ဖား တု လို့ ခရု ခုန် ဖင် ကျိုးယုံ ဘဲ ရှိမယ်။ဒီတော့ ခွေး ပောာင် တိုင်း ထ မ ကြည့်  နဲ့  အိပ် ရေး ပျက် လိမ့်  မယ်။ကိုယ့်  အဖေ ရွယ်
    ကြီးပြောရတာ ငရဲ ကြီးပါ တယ် အသိ က ကလေး အသိ နဲ့  ထ ထ ပြီး အော် နေတာ ကို မ ခံ ချင် လို့ ရေးရတာ ပါ ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved