ဦးအောင်သိန်းလင်း ခင်းတဲ့လမ်းဆို သတိထားလျှောက်ကြရန်

Monday, December 27, 2010


မြို့တော်ဝန်ဦးအောင်သိန်းလင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသော တောင်ဥက္ကလာပ မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ခင်းထားသော ကွန်ကရစ်လမ်း မခြောက်သွေ့မီ
ဖြတ်လျှောက်မိသော ဒဂုံတက္ကသိုလ်ကျောင်းသားတဦးကို အရက်မူးနေသော ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်၊ ရပ်ကွက်အာဏာပိုင်လည်းဖြစ်သူအချို့က ၀ိုင်းဝန်းရိုက်နှက်မှုတခုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်ရှိ ရာဇသူရ ၁၄ လမ်းကို ကြံ့ခိုင်ရေးပါတီက ကွန်ကရစ် လမ်းအဖြစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ခင်းကျင်းခဲ့ကြောင်း၊ လမ်းခင်းနေသည့်အတွက် လမ်းပိတ်ထားခဲ့ရာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ ကိုးနာရီတွင် အသက် ၂၂ နှစ် ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား မောင်ကျော်ဇင်သန့်(ခ) သားကြီးက ဖြတ်လျှောက် မိကြောင်း၊ ထိုသို့ ဖြတ်လျှောက်မိစဉ် ၇ ရပ်ကွက်မှ ရယက အဖွဲ့ဝင်တဦးဖြစ်သူ ဦးညီညီနှင့် အပေါင်းအပါများက ကျော်ဇင်သန့်(ခ)သားကြီးကို
ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ၇ ရပ်ကွက်သားတဦးက ပြောသည်။

“သားကြီးက လမ်းထဲမှာရှိတဲ့ သူ့သူငယ်ချင်းဆီကို လာလည်တာ။ ခင်းထားတဲ့ ကွန်ကရစ် လမ်းပေါ်ကိုလည်း တက်လျှောက်တာမဟုတ်ဘူး။ လွတ်နေတဲ့မြေသားလမ်းလေးကနေ ကပ် ပြီးလျှောက်တာ။ အဲဒါကို အရက်မူးနေတဲ့ ရယက ဦးညီညီက စပြီးထိုးကြိတ်ရိုက်နှိက်တယ်။ ပြီးတော့ သူ့မိသားစုဝင်တွေနဲ့
ဆွေမျိုးတွေကပါ သားကြီးကို ၀ိုင်းပြီးရိုက်ကြတယ်” ဟု မောင်ကျော်ဇင်သန့်(ခ) သားကြီး၏ သူငယ်ချင်း ဒဂုံတက္ကသိုလ်ကျောင်းသားတဦးက ရှင်းပြသည်။

ကြံ့ဖွတ်ပါတီဝင် ရယက ဦးညီညီနှင့် အပေါင်းအပါများ၏ ရိုက်နှက်မှုကြောင့် မောင်ကျော်ဇင်သန့်(ခ) သားကြီးမှာ ခေါင်းမူးပြီး မျက်လုံးအနည်းငယ်ဝါးသွားသော်လည်း ကြီးကြီးမားမားထိခိုက် ဒဏ်ရာရရှိခြင်းမရှိကြောင်း တောင်ဥက္ကလာပ ၇ ရပ်ကွက်သားများက ရှင်းပြသည်။

ရိုက်နှက်မှုကြောင့် ခေါင်းမူးဒဏ်ခံစားနေရသည့် မောင်ကျော်ဇင်သန့် ကို တောင်ဥက္ကလာပ မြို့နယ်မှ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က ဆေးခန်းပို့ ဆောင်ပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများကို ၀ယ်ယူပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။

“ဆရာ စောနိုင်က ဆေးခန်းပို့ပေးတယ်။ အရိုက်ခံရတဲ့ကလေးကို ရယကဦးညီညီက တောင်းပန်တာ၊ ဆေးခန်းပို့ပေးတာလုပ်ရမှာ။ ဘာမှ လုပ်မပေးဘူး။ ကြီးကြီးမားမားဒဏ်ရာ မရပေမယ့် အုပ်စုဖွဲ့ဝိုင်းရိုက်တာက မင်းမဲ့စရိုက်ဆန်လွန်းတယ်” ဟု ရာဇသူရ ၁၄ လမ်းနေ ရပ်မိ၊ ရပ်ဖတဦးက
ဆိုသည်။

ကြံ့ဖွတ်ပါတီဝင် ရယကတဦးက ဒဂုံတက္ကသိုလ်ကျောင်းသားတဦးကို ၀ိုင်းဝန်းရိုက်နှက်ခဲ့သည် ဆိုသော သတင်းမှာ တောင်ဥက္ကလာပဒေသခံများနှင့် တက္ကသိုလ်ကျောင်းသားများအကြားပျံ့ နှံ့သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ၇ ရပ်ကွက်ရုံးက မောင်ကျော်ဇင်သန့်(ခ) သားကြီးနှင့် ဦးညီညီတို့ကို ခေါ်ယူတွေ့ဆုံခဲ့သော်လည်း ကြံ့ဖွတ်ပါတီဝင် ရယကဦးညီညီကို တစုံတရာ အရေးယူခဲ့ခြင်း မရှိသည့်အတွက်
တောင်ဥက္ကလာပပြည်သူအများစု ဒေါသထွက်နေကြ ကြောင်း စုံစမ်းသိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေှးနှင့်ဖွံဖြိုးရေးပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ အများစုတွင် အနိုင်ရရှိထားပြီး လွှတ်တော်မပေါ်ပေါက်မီ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းအုပ်ချုပ်ရေး ယန္တရားများတွင်
ကြံ့ခိုင်ရေးပါတီဝင် အမာခံများဖြင့် အစားထိုးခန့်အပ်ရန် ပြင်ဆင်မှုများပြုလုပ်လျက်သည်။

2 comments :

  1. ဗဟန်း said... :

    ကျုပ်မျက်စိထဲမတော့ ကြံ့ဖွံ့တို့ စွမ်းအားရှင် တို့ဆိုတဲ့ နာမည်ကြားရင် ဖြစ်ဖြစ် - ဓါတ်ပုံမြင်ရရင်ဘဲ ဖြစ်ဖြစ်-- ဂျပန်အလိုတော်ရိ တွေ ရဲ့ “ဟေ့ကောင် ဗမာစစ်သားတွေလာသလားလို့ မာစတာ မေးနေတယ် ဖြေလိုက်လေ” ဆိုတဲ့ လောက်ကောင်တွေရဲ့ ဇတ်ဝင်ခန်းတွေဘဲ သွားမြင်သဗျို့.. အင်း.. ဒီ ရာဇ၀င်လူဆိုး တွေကဘဲ ထပ်ပြီးတော့ တိုင်းပြည် ယန္တယားကို လည်ပါတ်ဦးမယ် ဆိုတော့.. တွေးယုံနဲ့ ကျောချမ်းမိပါ့....

  1. Anonymous said... :

    စမ်းချောင်း
    စစ်တပ်ကမွေးတဲ့စစ်ခွေးရူးတွေဝိုင်းကိုက်တာပေါ့။အရှက်မရှိတဲ့ကောင်တွေ။
ြုအြ၇က်သမားကများတို.ကျောင်းသားကိုရိုက်ရတယ်လို.။မင်းတို.ထက်အာဏာတွေရှိခဲ့ပါ
    တယ်ဆိုတဲ့လူတွေတောင်ဘယ်လမ်းကိုသွားရလဲဆိုတာသတိထားမိရဲ.လား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved