မန္တလေးတိုင်းမှူးအိမ် မီးလောင်

Thursday, December 9, 2010

မင်းနိုင်သူ၊ ဒီဇင်ဘာ ၉၊ ၂၀၁၀

မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်းမှူးဗိုလ်မှူးချုပ်ရဲအောင် နေအိမ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“၀ါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့ မီးသတ်က ပြောပါတယ်။ မီးသတ်ကားတွေကို ဥသြမဆွဲဖို့ အမိန့်ပေးထားတယ်လို့လည်း သိရတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊ လောင်ကျွမ်းချိန်တွင် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင် မရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ခံက“တိုင်းမှူးက မေမြို့ဗိုလ်သင်တန်းဆင်းပွဲလာမယ့် ဗိုလ်ချုပ်မှူးကြီးကို သွားကြိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း နန်းတွင်းမှာ တည်းဖို့ အစီအစဉ်ရှိတယ်။ အခုဟာ သူမရောက်သေးခင် လောင်တာပေါ့”ဟု ဆက်လက် ပြောဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုပေ။







ဓာတ်ပုံ-ဧရာဝတီ



တိုင်းမှူးအိမ်မီးလောင်နေစဉ် ကျုံးအပြင်မှ တွေ့ရစဉ် (ဓာတ်ပုံ-ဧရာဝတီ ပရိသတ်တဦး)

10 comments :

  1. ဘာမှစဉ်းစားမနေနဲ့ မီးလောင်တာ ကေအင်ယူလက်ချက်ဘဲ

  1. Anonymous said... :

    အဲဒါ အရေးမကြီးဘူး

    မန်းလေးသားတွေတော့ သေပြီဆရာပဲ

    မီးထဲပါသွားတာလေးတွေ ပြန်ရအောင် ကောက်တော့မှာ P:)

  1. Anonymous said... :

    အပေါ် က ကွန်မင်း ၂ ခု လုံး ကိုလေးစားပါတယ်။@kyawhtin December 9, 2010 4:03 PM and @Anonymous December 9, 2010 6:33 PM !!!
    ကျနော်တွေးနေတာ ကတော့ သင်တန်းဆင်းဗိုလ်လောင်း လေးတွေ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ ကို အလေးပြု ကြရုံမက စိန်တွေသီးနေတဲ့ သမီးတော်၊သားမက်တော်တွေ၊ မြေးတော် တွေ ကို အနှေးလျှောက်၊အမြန်လျှောက် စစ်ကြောင်းပုံတွေနဲ့  ရောယောင် အလေးပြုကြရဦးမယ်။ သနားမိပါ၏။ ဗိုနေ၀င်း တောင် ဒါမျိုး မလုပ်ခဲ့ဘူးပါ။

  1. Anonymous said... :

    လုပ်နည်းထုံးစံ အတိုင်း အိမ်ရှင်ကို ဖမ်းလေ။ ကလေးလုပ်ရင်လဲ အဖေ ကိုဖမ်းနေကြပဲ။

    ပေါ့စမီးပါ။

  1. Anonymous said... :

    Why don't they take the action on owner of the house?

  1. Anonymous said... :

    knu မအားသေးလို့ မီးမရှို့ တာပါ. အားရင် RBG နဲ့ ဆော်မှာ

  1. Anonymous said... :

    ခိုးထားတာတွေတော့ကုန်ပါပြီ....

  1. Anonymous said... :

    Wow, really appreciate those who take photo and share. I know it is hard to get inside this area.

  1. Morning Star said... :

    When the arresting will do? :P

  1. Anonymous said... :

    "လုပ်နည်းထုံးစံ အတိုင်း အိမ်ရှင်ကို ဖမ်းလေ။ ကလေးလုပ်ရင်လဲ အဖေ ကိုဖမ်းနေကြပဲ။

    ပေါ့စမီးပါ။ " ---ဟုတ်ပါတယ်။ပေါ့ဆမီးပါ။အိမ်ရှင်မှာ တာဝင်ရှိပါတယ်။ ဒေါ်စု အိမ် သူခိုးဝင်တုန်း ကလည်း ဘယ်သူအပြစ် ဖြစ်ဖြစ် အိမ်ရှင်ကို ထောင်ချဒါပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved